Quran Apps in many lanuages:

Surah Al-Maeda Ayahs #94 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا إِنَّمَا الْخَمْرُ وَالْمَيْسِرُ وَالْأَنْصَابُ وَالْأَزْلَامُ رِجْسٌ مِنْ عَمَلِ الشَّيْطَانِ فَاجْتَنِبُوهُ لَعَلَّكُمْ تُفْلِحُونَ
အို-‘မုအ်မင်န်’သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာအရက်သည်လည်းကောင်း၊ လောင်းတမ်းကစားခြင်းသည်လည်းကောင်း၊ ရုပ်ထု၊ ဆင်းတု (အစရှိသည့်အရာ) များသည်လည်းကောင်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်လည်းကောင်း အလွန် ဆိုးရွားညစ်ညမ်းလှသော အမှုကိစ္စများ၊‘ရှိုင်တွာန်’ အပြုအမူများသာလျှင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို (ဆိုးရွားညစ်ညမ်းသောအရာ) ကို ရှောင်ကြဉ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။
إِنَّمَا يُرِيدُ الشَّيْطَانُ أَنْ يُوقِعَ بَيْنَكُمُ الْعَدَاوَةَ وَالْبَغْضَاءَ فِي الْخَمْرِ وَالْمَيْسِرِ وَيَصُدَّكُمْ عَنْ ذِكْرِ اللَّهِ وَعَنِ الصَّلَاةِ ۖ فَهَلْ أَنْتُمْ مُنْتَهُونَ
မုချဧကန် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေစာအရက် (ကို သောက်စားစေခြင်း) ဖြင့်လည်းကောင်း၊ လောင်းတမ်းကစား�ေခြင်းဖြင့်လည်းကောင်း၊ အသင်တို့၏စပ်ကြားဝယ် ရန်ငြိုးပွားမှုကိုလည်းကောင်း၊ မုန်းတီးမှုကိုလည်းကောင်း ဖန်တီးရန်နှင့် အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့သတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်းမှ) ရပ်စဲကြပါမည်လော။ (တစ်နည်း) ဤမှတစ်ပါး အခြားမဟုတ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း ပိတ်ပင်တားဆီးလို၏။ သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများ ဖြစ်ကြသလော။ (ရပ်တန့်ကြမည်လော) (ဝါ) ရပ်တန့်ကြလေကုန်။
وَأَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ وَاحْذَرُوا ۚ فَإِنْ تَوَلَّيْتُمْ فَاعْلَمُوا أَنَّمَا عَلَىٰ رَسُولِنَا الْبَلَاغُ الْمُبِينُ
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်အရပ်ရပ်) ကို လိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် ရစူလ်တမန်တော် (၏ ဩဝါဒအရပ်ရပ်) ကိုလည်း လိုက်နာကြလေကုန်။ ၎င်းပြင် အသင်တို့သည် သတိထားကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်နှင့် နဗီတမန်တော်မြတ်၏ အမိန့်တော်များကို မလိုက်နာကြဘဲ) လွှဲဖယ်သွားကြပါမူ ငါအရှင်မြတ်၏ ရစူလ်တမန်တော်၌ (ငါအရှင်မြတ်၏အမိန့်တော်များကို) ရှင်းလင်းထင်ရှားစွာ (ထုတ်ဖော်ဟောကြား) ပို့သရန်သာ တာဝန်ရှိသည်ကို အသင်တို့ (ကောင်းစွာ) သိနားလည်ထားကြလေကုန်။
لَيْسَ عَلَى الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جُنَاحٌ فِيمَا طَعِمُوا إِذَا مَا اتَّقَوْا وَآمَنُوا وَعَمِلُوا الصَّالِحَاتِ ثُمَّ اتَّقَوْا وَآمَنُوا ثُمَّ اتَّقَوْا وَأَحْسَنُوا ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သောသီလများကို ကျင့်မူကြကုန်သောသူတို့အပေါ်ဝယ် ၎င်းတို့သည် (အတိတ်ကာလ၌ ‘ဟရာမ်’ ဟူ၍ တားမြစ်ခြင်းမပြုမီ သေစာအရက်ကို လည်းကောင်း၊ လောင်းတမ်းကစားခြင်းဖြင့် ရရှိသောပစ္စည်းကိုလည်ကောင်း အခြားတစ်စုံတစ်ရာကိုလည်ကောင်း) စားသုံးမိခဲ့ကြသည့်အတွက် အပြစ်တစ်စုံတစ်ရာမျှမရှိချေ။ အကြင်အခါဝယ် ထိုသူတို့သည် (ထိုစဉ်အခါက တားမြစ်ထားသောအရာများမှလည်း) ကြဉ်ရှောင်ခဲ့ကြကုန်၏။ ထို့ပြင်တဝ ထိုသူတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို) ယုံကြည်ကြ၏။ (‘ဆွလာသ်’ ဝတ်ပြုခြင်း၊ ‘ဆွိယာမ်’ ဥပုသ်သီတင်းသီလဆောက်တည်ခြင်း၊ ‘ဂျီဟာဒ်’ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း အစရှိသည့်) ကောင်းမြတ်သောသီလများကိုလည်း ကျင့်မူကြကုန်၏။ ထိုနောက်တစ်ဖန် ထိုသူတို့သည် (အလ္လာဟ်အရှင်မြတ်က ဟရာမ်ဟူ၍ တားမြစ်တော်မူသောအခါ ထိုတားမြစ်တော်မူသောအရာများမှလည်း) ကြဉ်ရှောင်ကြကုန်၏။ ၎င်းပြင် (ထိုအရာများနှင့်စပ်လျဉ်း၍ ကျရောက်လာသော အမိန့်ပညတ်တော်များကိုလည်း) အီမာန်ယုံကြည်ကြကုန်၏။ ထို့နောက် တစ်ဖန် ထိုသူတို့သည် (သဒ္ဓါတရားထက်သန်စွာနှင့် တစ်ဆင့်တိုးပြီး ဟရာမ်ဟူ၍ တားမြစ်ထားသောအရာများမှ လွတ်ကင်းနိုင်ခြင်းငှာ ဒွိဟသံသယမကင်းသောအရာများမှလည်း) ကြဉ်ရှောင်ကြ၏။ ၎င်းပြင် (ကောင်းမြတ်သောကျင့်ဝတ်တို့ကို စိတ်ရောကိုယ်ပါ) ကောင်းမွန်စွာ ဖြည့်ကျင့်ဆည်းပူးလျက်လည်းရှိကြ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကောင်းမွန်စွာ ဖြည့်ကျင့် ဆည်းပူးကြကုန်သောသူတို့အား ချစ်ကြည်မြတ်နိုးတော်မူလေသတည်း။ (ရကူ)
يَا أَيُّهَا الَّذِينَ آمَنُوا لَيَبْلُوَنَّكُمُ اللَّهُ بِشَيْءٍ مِنَ الصَّيْدِ تَنَالُهُ أَيْدِيكُمْ وَرِمَاحُكُمْ لِيَعْلَمَ اللَّهُ مَنْ يَخَافُهُ بِالْغَيْبِ ۚ فَمَنِ اعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُ عَذَابٌ أَلِيمٌ
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအား အကွယ်၌ မည်သူကြောက်ရွံ့သည်ကိုသိတော်မူခြင်းငှာ အသင်တို့၏လက်များနှင့် လှံစွပ်များမှီနိုင်သော အချို့အမဲများဖြင့် အသင်တို့အား စမ်းသပ်တော်မူမည်။ သို့ဖြစ်ပေရာ မည်သူမဆို ထို (ကဲ့သို့ ထုတ်ဖေါ်မိန့်ကြားတော်မူပြီး) နောက် (ထိုအမဲများကို ပစ်ခတ်ဖမ်းဆီးခြင်းအားဖြင့်) ကျူးကျော်ခဲ့ပါမူ ထိုသူတို့၏အဖို့ (နောင်တမလွန်ဘဝတွင်) အလွန်နာကျင်ဖွယ်ဖြစ်သောပြ�်ဒဏ်သည် အဆင်သင့်ရှိပေသည်။

Choose other languages: