Quran Apps in many lanuages:

Surah An-Nisa Ayahs #31 Translated in Burmese

وَاللَّهُ يُرِيدُ أَنْ يَتُوبَ عَلَيْكُمْ وَيُرِيدُ الَّذِينَ يَتَّبِعُونَ الشَّهَوَاتِ أَنْ تَمِيلُوا مَيْلًا عَظِيمًا
အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ဘက်သို့ (မိမိ) ကရုဏာတော်ဖြင့် လှည့်တော်မူရန် ရည်စူးတော်မူသည်။ သို့ရာတွင် မိမိတို့၏အလိုဆန္ဒများကို လိုက်စားကြကုန်သော သူတို့မှာကား အသင်တို့ (ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်မှ) အကြီးအကျယ် ယိမ်းယိုင် ချွတ်ချော်တိမ်းပါးခြင်းကိုသာ ရည်စူးကြကုန်သတည်း။
يُرِيدُ اللَّهُ أَنْ يُخَفِّفَ عَنْكُمْ ۚ وَخُلِقَ الْإِنْسَانُ ضَعِيفًا
အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ဝန်ကို လျော့ပေါ့စေတော်မူရန် ရည်စူးတော်မူ၏။ စင်စစ်တမူကား လူသားတို့သည် အားအင်ချည့်နဲ့ သူများအဖြစ် ဖန်ဆင်းခြင်းခံခဲ့ကြရလေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَأْكُلُوا أَمْوَالَكُمْ بَيْنَكُمْ بِالْبَاطِلِ إِلَّا أَنْ تَكُونَ تِجَارَةً عَنْ تَرَاضٍ مِنْكُمْ ۚ وَلَا تَقْتُلُوا أَنْفُسَكُمْ ۚ إِنَّ اللَّهَ كَانَ بِكُمْ رَحِيمًا
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဘက်နှင့်တစ်ဘက် သဘောတူကျေနပ်မှုဖြင့် တစ်စုံတရာ ေရာင်းဝယ်ဖောက်ကားမှု ပြုလုပ်သည်မှတပါး မိမိ ဥစ္စာပစ္စည်းများကို မိမိတို့အချင်းချင်း မတရားသောနည်းနှင့် စားသုံးခြင်းမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် မိမိတို့အချင်းချင်း သတ်ဖြတ်ခြင်းကိုလည်း မပြုကြကုန်လင့်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အလွန် သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَمَنْ يَفْعَلْ ذَٰلِكَ عُدْوَانًا وَظُلْمًا فَسَوْفَ نُصْلِيهِ نَارًا ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
သို့ရာတွင် အကြင်သူသည် ကျူးလွန်ခြင်းအားဖြင့်လည်းကောင်း၊ မတော်မတရား ညှဉ်းပန်း နှိပ်စက်ခြင်းအားဖြင့်လည်းကောင်း၊ ယင်းကဲ့သို့ ပြုလုပ်ပါမူ၊ ငါအရှင်မြတ်သည် ထိုသူအား မကြာမြင့်မီ ငရဲထဲသို့ ထည့်သွင်းတော်မူအံ့။ အမှန်သော်ကား ဤ (ကဲ့သို့ ထည့်သွင်းခြင်း) သည် အလ္လာဟ်အရှင်မြတ်အဖို့ လွယ်ကူသောအမှုပင် ဖြစ်ချေသည်။
إِنْ تَجْتَنِبُوا كَبَائِرَ مَا تُنْهَوْنَ عَنْهُ نُكَفِّرْ عَنْكُمْ سَيِّئَاتِكُمْ وَنُدْخِلْكُمْ مُدْخَلًا كَرِيمًا
အို- ‘မုအ်မင်န်’ သင်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် မိမိတို့အား မြစ်တားပြီးဖြစ်သော၊ ကြီးလေးသော ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်၍နေကြပါမူ၊ ငါအရှင်မြတ်သည် အသင်တို့၏ (သေးငယ်သော) မကောင်းမှုဒုစရိုက်တို့ကို အသင်တို့မှ ကျေအေးစေတော်မူ၍ အသင်တို့အား ဂုဏ်သိန် ထူးကဲမွန်မြတ်သောဌာနသို့ ဝင်ရောက်စေတော်မူအံ့။

Choose other languages: