Quran Apps in many lanuages:

Surah An-Nisa Ayahs #34 Translated in Burmese

وَمَنْ يَفْعَلْ ذَٰلِكَ عُدْوَانًا وَظُلْمًا فَسَوْفَ نُصْلِيهِ نَارًا ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
သို့ရာတွင် အကြင်သူသည် ကျူးလွန်ခြင်းအားဖြင့်လည်းကောင်း၊ မတော်မတရား ညှဉ်းပန်း နှိပ်စက်ခြင်းအားဖြင့်လည်းကောင်း၊ ယင်းကဲ့သို့ ပြုလုပ်ပါမူ၊ ငါအရှင်မြတ်သည် ထိုသူအား မကြာမြင့်မီ ငရဲထဲသို့ ထည့်သွင်းတော်မူအံ့။ အမှန်သော်ကား ဤ (ကဲ့သို့ ထည့်သွင်းခြင်း) သည် အလ္လာဟ်အရှင်မြတ်အဖို့ လွယ်ကူသောအမှုပင် ဖြစ်ချေသည်။
إِنْ تَجْتَنِبُوا كَبَائِرَ مَا تُنْهَوْنَ عَنْهُ نُكَفِّرْ عَنْكُمْ سَيِّئَاتِكُمْ وَنُدْخِلْكُمْ مُدْخَلًا كَرِيمًا
အို- ‘မုအ်မင်န်’ သင်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် မိမိတို့အား မြစ်တားပြီးဖြစ်သော၊ ကြီးလေးသော ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်၍နေကြပါမူ၊ ငါအရှင်မြတ်သည် အသင်တို့၏ (သေးငယ်သော) မကောင်းမှုဒုစရိုက်တို့ကို အသင်တို့မှ ကျေအေးစေတော်မူ၍ အသင်တို့အား ဂုဏ်သိန် ထူးကဲမွန်မြတ်သောဌာနသို့ ဝင်ရောက်စေတော်မူအံ့။
وَلَا تَتَمَنَّوْا مَا فَضَّلَ اللَّهُ بِهِ بَعْضَكُمْ عَلَىٰ بَعْضٍ ۚ لِلرِّجَالِ نَصِيبٌ مِمَّا اكْتَسَبُوا ۖ وَلِلنِّسَاءِ نَصِيبٌ مِمَّا اكْتَسَبْنَ ۚ وَاسْأَلُوا اللَّهَ مِنْ فَضْلِهِ ۗ إِنَّ اللَّهَ كَانَ بِكُلِّ شَيْءٍ عَلِيمًا
ထိုမှတစ်ပါးတုံ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အချို့ကို အချို့ထက် (အရည်အခြင်း၊ အဆင့်အတန်း) သာလွန်စေတော်မူခဲ့သည်ကို အသင်တို့သည် အာသာငမ်းငမ်း လောဘမရှိကြကုန်လင့်။ ယောက်ျားများအဖို့ ၎င်းတို့ရှာဖွေဆည်းပူးခဲ့ကြသော ‘အမလ်’ ကျင့်ဝတ် (တို့၏ ကုသိုလ်အကျိုးဖြစ်သော) ဝေစုဝေပုံသည်ရှိ၏။ ထိုနည်းတူစွာ မိန်းမများအဖ�ု့လည်း ယင်းမိန်းမတို့ ရှာဖွေဆည်းပူးခဲ့သော ‘အမလ်’ ကျင့်ဝတ် (တို့၏ ကုသိုလ်အကျိုးဖြစ်သော) ဝေစုဝေပုံသည်ရှိ၏။ သို့ရာတွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို အသနားခံကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ် ဖြစ်တော်မူသတည်း။
وَلِكُلٍّ جَعَلْنَا مَوَالِيَ مِمَّا تَرَكَ الْوَالِدَانِ وَالْأَقْرَبُونَ ۚ وَالَّذِينَ عَقَدَتْ أَيْمَانُكُمْ فَآتُوهُمْ نَصِيبَهُمْ ۚ إِنَّ اللَّهَ كَانَ عَلَىٰ كُلِّ شَيْءٍ شَهِيدًا
ထို့အပြင်တဝ မိဘနှစ်ပါးသည်လည်းကောင်း၊ ဆွေမျိုးနီးစပ်တို့သည်လည်းကောင်း ထားရှိခဲ့သော အမွေပစ္စည်းများနှင့်စပ်လျဉ်း၍ အားလုံး၌ (အသီးသီး အသက အသကသော) အမွေစားအမွေခံများကို ငါအရှင်မြတ်သည် သတ်မှတ်၍ထားတော်မူခဲ့လေပြီ။ ၎င်းပြင် အသင်တို့သည် မိမိတို့ (၏ လက်ျာလက်များဖြင့်) ပဋိညာဉ်ထုံးဖွဲ့ထားသော သူတို့အားလည်း ၎င်းတို့၏ (ထိုက်သင့်သော) ဝေစုဝေပုံကို ပေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် အရာခပ်သိမ်းတို့ကို (အကြွင်းမဲ့) သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။
الرِّجَالُ قَوَّامُونَ عَلَى النِّسَاءِ بِمَا فَضَّلَ اللَّهُ بَعْضَهُمْ عَلَىٰ بَعْضٍ وَبِمَا أَنْفَقُوا مِنْ أَمْوَالِهِمْ ۚ فَالصَّالِحَاتُ قَانِتَاتٌ حَافِظَاتٌ لِلْغَيْبِ بِمَا حَفِظَ اللَّهُ ۚ وَاللَّاتِي تَخَافُونَ نُشُوزَهُنَّ فَعِظُوهُنَّ وَاهْجُرُوهُنَّ فِي الْمَضَاجِعِ وَاضْرِبُوهُنَّ ۖ فَإِنْ أَطَعْنَكُمْ فَلَا تَبْغُوا عَلَيْهِنَّ سَبِيلًا ۗ إِنَّ اللَّهَ كَانَ عَلِيًّا كَبِيرًا
အလ္လာဟ်အရှင်မြတ်သည် (ယောက်ျားနှင့်မိန်းမတို့အနက်) အချို့ကို (ယောက်ျားများကို) အချို့ထက် (မိန်းမများထက်) ပင် အရည်အချင်း၊ အဆင့်အတန်း၊ သာလွန်စေတော်မူခဲ့သောကြောင့် လည်းကောင်း၊ ယောက်ျားများသည် မိမိတို့၏ဥစ္စာပစ္စည်းများကို (မိန်းမတို့အား ကျွေးမွေးထောက်ပံ့ရာတွင်) သုံးစွဲသောကြောင့်လည်းကောင်း၊ ယောက်ျားများသည် မိန်းမတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူများ ဖြစ်ကြသည်။ သို့ဖြစ်ပေရာ သူတော်ကောင်းအမျိုးသမီးတို့သည် (လင်ခင်ပွန်းသည်တို့၏) အမိန့်ကို နာယူသူများသည်လည်းကောင်း၊ ဆိတ်ကွယ်ရာတွင် (လင်ခင်ပွန်းသည်တို့၏ ဥစ္စာပစ္စည်းနှင့် မိမိတို့၏ ကာယိန္ဒြေ သိက္ခာများကို) အလ္လာဟ်အရှင်မြတ်၏ (ကူညီ) စောင့်ရှောက်မှုဖြင့် ထိန်းသိမ်းသူများသည်လည်းကောင်း ဖြစ်ကြကုန်၏။ သို့ရာတွင် အသင်တို့သည် (အခြေအနေကို ထောက်ထားသုံးသပ် အကဲခပ်ခြင်းအားဖြင့်) အကြင်ဇနီးသည်တို့၏ သွေဖည်ပုန်ကန်မှုကို (အကယ်စင်စစ်) စိုးရိမ်ကြသော် (ဦးစွာပထမ) အသင်တို့သည် ယင်းမိန်းမတို့အား (ယဉ်ကျေးသိမ်မွေ့စွာဖြင့်) သွန်သင်ဆုံးမ ပဲ့ပြင်ကြလေကုန်။ ထို့နောက် (အကယ်၍ နာယူခြင်းမရှိကြသေးပါမူ) အသင်တို့သည် ထိုမိန်းမတို့အား အိပ်ခန်းများတွင် (အိပ်ရာများတွင်တစ်ဦးတည်း ခွဲခွါ) စွန့်ပစ်ထားကြလေကုန်။ ထို့နောက် (အကယ်၍ လိမ္မာရေးခြားမရှိကြသေးပါမူ) အသင်တို့သည် ထိုမိန်းမတို့အား (လွန်ကျူးခြင်းမရှိစေကြဘဲ ဆုံးမသောအနေနှင့်) ရိုက်နှက်ကြလေကုန်။ တစ်ဖန် အကယ်၍ ထိုမိန်းမတို့သည် အသင်တို့၏အမိန့်ကို နာခံကြပါမူ အသင်တို့သည် ၎င်းတို့နှင့်ဆန့်ကျင်၍ မည်သည့်နည်းလမ်းကိုမျှ မရှာကြကုန်လင့်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မြတ်တော်မူသော၊ ကြီးကဲတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: