Quran Apps in many lanuages:

Surah An-Nahl Ayahs #40 Translated in Burmese

وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ ۖ فَمِنْهُمْ مَنْ هَدَى اللَّهُ وَمِنْهُمْ مَنْ حَقَّتْ عَلَيْهِ الضَّلَالَةُ ۚ فَسِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာ များကို စွန့်လွှတ်ပယ်ရှား၍(တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော်မူခဲ့လေသည်)။ သို့ရာတွင် ၎င်းတို့တွင် အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ပြတော်မူသောသူများလည်းရှိခဲ့ကြ၏။ ထိုနည်းတူစွာ ၎င်းတို့တွင် အကြင်သူများလည်းရှိခဲ့ကြ၏။ ထိုသူတို့အပေါ်၌ လမ်းမှားခြင်းသည် အတည်ဖြစ်ခဲ့၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကမ္ဘာမြေဝယ်လှည့်လည်၍ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူတို့၏ နောက်ဆုံးအခြေသည် မည်သို့ ဖြစ်ခဲ့သည်ကိုကြည့်ရှုလေ့လာကြလေကုန်။
إِنْ تَحْرِصْ عَلَىٰ هُدَاهُمْ فَإِنَّ اللَّهَ لَا يَهْدِي مَنْ يُضِلُّ ۖ وَمَا لَهُمْ مِنْ نَاصِرِينَ
(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့တရားလမ်းမှန် ရရှိရေးအလို့ငှာ မည်မျှပင်အာသာရမ္မက် ပြင်းပြသော်လည်း ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိလမ်းလွဲစေတော်မူသောသူအား လမ်းမှန်ကိုပြတော်မူသည် မဟုတ်ပေ။ထိုမှတပါး ၎င်းတို့၏ ကူညီစောင့်မမည့်သူများဟူ၍လည်းအလျှင်း ရှိကြလိမ့်မည်မဟုတ်ပေ။
وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ لَا يَبْعَثُ اللَّهُ مَنْ يَمُوتُ ۚ بَلَىٰ وَعْدًا عَلَيْهِ حَقًّا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
စင်စစ်သော်ကား ၎င်းတို့က အလ္လာဟ်အရှင်မြတ်သည် သေသူအား ရှင်ပြန်ထစေတော်မူမည် မဟုတ်ဟုအလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်တွယ်ခဲ့ကြလေသည်။ ထိုသို့ အလျှင်းမဟုတ်ပေ။ စင်စစ်မှာကား (မုချရှင်ပြန်ထစေတော်မူမည်ဖြစ်၏။) ထိုအရှင်မြတ်သည် ဤသည်ကို ကတိပြုတော်မူခြင်းအားဖြင့် မိမိအပေါ်၌ အတည်ပြုတော်မူခဲ့လေသည်။ သို့ရာတွင် များစွာသောသူတို့မှာကား(ဤမျှပင်)မသိနားမလည်ကြချေ။
لِيُبَيِّنَ لَهُمُ الَّذِي يَخْتَلِفُونَ فِيهِ وَلِيَعْلَمَ الَّذِينَ كَفَرُوا أَنَّهُمْ كَانُوا كَاذِبِينَ
(သို့ရှင်ပြန်ထစေတော်မူခြင်းမှာ) ထိုသူတို့ ရှေ့ဝယ် ထိုသူတို့ကို ကွဲလွဲခဲ့ကြသောအကြောင်းကို ထင်ရှားစေတော်မူအံ့သောငှာလည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ် သူတို့သည် ဧကန်စင်စစ် မိမိတို့မှာ မုသာဝါဒီများဖြစ်ခဲ့ကြသည်ကိုကောင်းစွာ သိကြအံ့ သောငှာလည်းကောင်း၊ ဖြစ်ပေသတည်း။
إِنَّمَا قَوْلُنَا لِشَيْءٍ إِذَا أَرَدْنَاهُ أَنْ نَقُولَ لَهُ كُنْ فَيَكُونُ
(ဧကန်စင်စစ်)ငါအရှင်မြတ်သည် တစ်စုံတစ်ရာကိုမျှ ရည်စူးတော်မူသောအခါ ထိုအရာကို ငါအရှင်မြတ်ကဖြစ်လော့ဟု မိန့်ကြားတော်မူရုံဖြင့် ထိုအရာသည် ဖြစ်လာလေသည်။

Choose other languages: