Quran Apps in many lanuages:

Surah An-Nahl Ayahs #42 Translated in Burmese

وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ لَا يَبْعَثُ اللَّهُ مَنْ يَمُوتُ ۚ بَلَىٰ وَعْدًا عَلَيْهِ حَقًّا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
စင်စစ်သော်ကား ၎င်းတို့က အလ္လာဟ်အရှင်မြတ်သည် သေသူအား ရှင်ပြန်ထစေတော်မူမည် မဟုတ်ဟုအလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်တွယ်ခဲ့ကြလေသည်။ ထိုသို့ အလျှင်းမဟုတ်ပေ။ စင်စစ်မှာကား (မုချရှင်ပြန်ထစေတော်မူမည်ဖြစ်၏။) ထိုအရှင်မြတ်သည် ဤသည်ကို ကတိပြုတော်မူခြင်းအားဖြင့် မိမိအပေါ်၌ အတည်ပြုတော်မူခဲ့လေသည်။ သို့ရာတွင် များစွာသောသူတို့မှာကား(ဤမျှပင်)မသိနားမလည်ကြချေ။
لِيُبَيِّنَ لَهُمُ الَّذِي يَخْتَلِفُونَ فِيهِ وَلِيَعْلَمَ الَّذِينَ كَفَرُوا أَنَّهُمْ كَانُوا كَاذِبِينَ
(သို့ရှင်ပြန်ထစေတော်မူခြင်းမှာ) ထိုသူတို့ ရှေ့ဝယ် ထိုသူတို့ကို ကွဲလွဲခဲ့ကြသောအကြောင်းကို ထင်ရှားစေတော်မူအံ့သောငှာလည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ် သူတို့သည် ဧကန်စင်စစ် မိမိတို့မှာ မုသာဝါဒီများဖြစ်ခဲ့ကြသည်ကိုကောင်းစွာ သိကြအံ့ သောငှာလည်းကောင်း၊ ဖြစ်ပေသတည်း။
إِنَّمَا قَوْلُنَا لِشَيْءٍ إِذَا أَرَدْنَاهُ أَنْ نَقُولَ لَهُ كُنْ فَيَكُونُ
(ဧကန်စင်စစ်)ငါအရှင်မြတ်သည် တစ်စုံတစ်ရာကိုမျှ ရည်စူးတော်မူသောအခါ ထိုအရာကို ငါအရှင်မြတ်ကဖြစ်လော့ဟု မိန့်ကြားတော်မူရုံဖြင့် ထိုအရာသည် ဖြစ်လာလေသည်။
وَالَّذِينَ هَاجَرُوا فِي اللَّهِ مِنْ بَعْدِ مَا ظُلِمُوا لَنُبَوِّئَنَّهُمْ فِي الدُّنْيَا حَسَنَةً ۖ وَلَأَجْرُ الْآخِرَةِ أَكْبَرُ ۚ لَوْ كَانُوا يَعْلَمُونَ
စင်စစ်သော်ကား နှိပ်စက်ညှဉ်းပန်းမှုကို ခံကြရပြီးနောက် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ထွန်းကားမှုကိုရည်စူး၍ ရွှေ့ပြောင်းနေထိုင်သူတို့အား အမှန်ပင် ငါအရှင်မြတ်သည် ကောင်းမွန်သောနေရာတွင် နေရာချပေးတော်မူမည်ဖြစ်၏။ ထိုမှတစ်ပါး တမလွန်ဘဝ၏ အကျိုးဆုလာဘ်ကြီးသည် အကြီးဆုံးပင်ဖြစ်ပေသတည်း။ အကယ်၍ ၎င်းတို့သိကြပါလျှင် ကောင်းစွ။
الَّذِينَ صَبَرُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
(ထိုရွှေ့ပြောင်းနေထိုင်သူတို့ကား) သည်းခံခဲ့ကြသူများပင် ဖြစ်ကြကုန်သည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အပေါ်၌သာလျှင်ယုံကြည်စိတ်ချ လွှဲအပ်ကြကုန် သတည်း။

Choose other languages: