Quran Apps in many lanuages:

Surah Al-Qasas Ayahs #25 Translated in Burmese

فَخَرَجَ مِنْهَا خَائِفًا يَتَرَقَّبُ ۖ قَالَ رَبِّ نَجِّنِي مِنَ الْقَوْمِ الظَّالِمِينَ
ထိုအခါ ထိုမူစာသည် ထိုမြို့မှ ထွက်ခွာသွားခဲ့လေသည်။ ရန်သူများလိုက်လာမည်ကို စိုးရိမ်လျက် (အလ္လာဟ်အရှင်မြတ်၏အကူအညီကို) စောင့်မျှော်လျက်၊ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား မတရားသောသူတို့(၏ဘေးရန်ခပ်သိမ်းတို့)မှ ကယ်တော်မူပါဟုလျှောက်ထား ပန်ကြားခဲ့လေသည်။
وَلَمَّا تَوَجَّهَ تِلْقَاءَ مَدْيَنَ قَالَ عَسَىٰ رَبِّي أَنْ يَهْدِيَنِي سَوَاءَ السَّبِيلِ
တစ်ဖန် ထိုမူစာသည် ‘မဒ်ယန်’ မြို့ဘက်သို့ မျက်နှာလှည့်ခဲ့သောအခါ ငါ၏အရှင်မြတ်သည် ငါ့အား လမ်းမှန်ကိုညွှန်ပြတော်မူမည်ကို မျှော်လင့်ရပေသည်ဟု မြွက်ဆိုခဲ့လေသည်။
وَلَمَّا وَرَدَ مَاءَ مَدْيَنَ وَجَدَ عَلَيْهِ أُمَّةً مِنَ النَّاسِ يَسْقُونَ وَوَجَدَ مِنْ دُونِهِمُ امْرَأَتَيْنِ تَذُودَانِ ۖ قَالَ مَا خَطْبُكُمَا ۖ قَالَتَا لَا نَسْقِي حَتَّىٰ يُصْدِرَ الرِّعَاءُ ۖ وَأَبُونَا شَيْخٌ كَبِيرٌ
ထိုမှတစ်ပါး ထိုမူစာသည် မဒ်ယန်မြို့၏ ရေတွင်းသို့ရောက်လတ်သော် ထိုရေတွင်း၏အနီးတွင် လူတစ်စုသည်(မိမိတို့မွေးမြူထားသော တိရစ္ဆာန်များကို) ရေတိုက်နေကြသည်ကို တွေ့ရှိခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့နှင့် သီးခြားအမျိုးသမီးနှစ်ဦးအား(မိမိတို့၏တိရစ္ဆာန်များကို) တားဆီးထိန်းသိမ်းလျက် ရှိကြသည်ကိုလည်း တွေ့ရှိခဲ့၏။ ထိုမူစာက အသင်တို့နှစ်ဦး၏ အဖြစ်သည် အသို့ပါနည်းဟု ပြောဆိုမေးမြန်းခဲ့ရာ ထိုမိန်းမနှစ်ဦးက(ဤ)သိုးထိန်းတို့သည် (မိမိတို့၏တိရစ္ဆာန်များကို)ပြန်လည်ဖယ်ထုတ်၍ မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် (မိမိတို့တိရစ္ဆာန်များကို)ရေတိုက်ကျွေးခြင်း မပြုနိုင်ပေ။ ၎င်းပြင် ကျွန်ုပ်တို့၏ဖခင်မှာ သက်ရွယ်အလွန့်အလွန် အိုးမင်းကြီးရင့်သူ ဖြစ်ပေသည်ဟု ဖြေကြားခဲ့ကြလေသည်။
فَسَقَىٰ لَهُمَا ثُمَّ تَوَلَّىٰ إِلَى الظِّلِّ فَقَالَ رَبِّ إِنِّي لِمَا أَنْزَلْتَ إِلَيَّ مِنْ خَيْرٍ فَقِيرٌ
ထိုအခါ ထိုမူစာသည် ၎င်းတို့နှစ်ဦးအား ငဲ့ညှာ၍ (၎င်းတို့၏တိရစ္ဆာန်များကို) ရေ(ငင်၍) တိုက်ခဲ့ပြီးနောက် အရိပ်ရှိရာသို့ (သွားရောက်ထိုင်နေခဲ့၏)။ ထို့နောက် ထိုမူစာသည် ‘အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် အရှင်မြတ် ကျွန်တော်မျိုးထံ ချပေးသနားတော်မူသော မည်သည့်ကောင်းမြတ်သောအရာကိုမဆို လိုလားတောင့်တရသူဖြစ်ပါသည်’ ဟု လျှောက်ထားပန်ကြားခဲ့ပေသတည်း။
فَجَاءَتْهُ إِحْدَاهُمَا تَمْشِي عَلَى اسْتِحْيَاءٍ قَالَتْ إِنَّ أَبِي يَدْعُوكَ لِيَجْزِيَكَ أَجْرَ مَا سَقَيْتَ لَنَا ۚ فَلَمَّا جَاءَهُ وَقَصَّ عَلَيْهِ الْقَصَصَ قَالَ لَا تَخَفْ ۖ نَجَوْتَ مِنَ الْقَوْمِ الظَّالِمِينَ
ထို့နောက် ၎င်း(မိန်းမ)နှစ်ယောက်အနက် တစ်ယောက်သည် ထိုမူစာ၏ထံသို့ ရှက်ကြောက်စွာ လျှောက်လာပြီး"အသင်သည် ကျွန်ုပ်တို့အားငဲ့ညှာ၍ (ကျွန်ုပ်တို့၏တိရစ္ဆာန်များကို)ရေတိုက်ခဲ့သော အကျိုးကျေးဇူးကို အသင်အား ပြန်ဆပ်အံ့သောငှာ ကျွန်ုပ်၏ဖခင်သည် အသင့်အား ခေါ်နေပါသည်"ဟု ပြောဆိုလေ၏။ ထို့နောက် ထိုမူစာသည် ၎င်း၏ထံသို့ ရောက်လာခဲ့ပြီး ဖြစ်ကြောင်းကုန်စင်ကို ၎င်း၏ရှေ့ဝယ် ပြောပြခဲ့သောအခါ ၎င်းက ‘အသင်သည် မစိုးရိမ်လေနှင့်။ အသင်သည်မတရားသောသူတို့(၏ဘေးရန်)မှ လွတ်မြောက်ခဲ့လေပြီ’ ဟုပြောဆိုလေ၏။

Choose other languages: