Quran Apps in many lanuages:

Surah Al-Qasas Ayahs #28 Translated in Burmese

فَسَقَىٰ لَهُمَا ثُمَّ تَوَلَّىٰ إِلَى الظِّلِّ فَقَالَ رَبِّ إِنِّي لِمَا أَنْزَلْتَ إِلَيَّ مِنْ خَيْرٍ فَقِيرٌ
ထိုအခါ ထိုမူစာသည် ၎င်းတို့နှစ်ဦးအား ငဲ့ညှာ၍ (၎င်းတို့၏တိရစ္ဆာန်များကို) ရေ(ငင်၍) တိုက်ခဲ့ပြီးနောက် အရိပ်ရှိရာသို့ (သွားရောက်ထိုင်နေခဲ့၏)။ ထို့နောက် ထိုမူစာသည် ‘အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် အရှင်မြတ် ကျွန်တော်မျိုးထံ ချပေးသနားတော်မူသော မည်သည့်ကောင်းမြတ်သောအရာကိုမဆို လိုလားတောင့်တရသူဖြစ်ပါသည်’ ဟု လျှောက်ထားပန်ကြားခဲ့ပေသတည်း။
فَجَاءَتْهُ إِحْدَاهُمَا تَمْشِي عَلَى اسْتِحْيَاءٍ قَالَتْ إِنَّ أَبِي يَدْعُوكَ لِيَجْزِيَكَ أَجْرَ مَا سَقَيْتَ لَنَا ۚ فَلَمَّا جَاءَهُ وَقَصَّ عَلَيْهِ الْقَصَصَ قَالَ لَا تَخَفْ ۖ نَجَوْتَ مِنَ الْقَوْمِ الظَّالِمِينَ
ထို့နောက် ၎င်း(မိန်းမ)နှစ်ယောက်အနက် တစ်ယောက်သည် ထိုမူစာ၏ထံသို့ ရှက်ကြောက်စွာ လျှောက်လာပြီး"အသင်သည် ကျွန်ုပ်တို့အားငဲ့ညှာ၍ (ကျွန်ုပ်တို့၏တိရစ္ဆာန်များကို)ရေတိုက်ခဲ့သော အကျိုးကျေးဇူးကို အသင်အား ပြန်ဆပ်အံ့သောငှာ ကျွန်ုပ်၏ဖခင်သည် အသင့်အား ခေါ်နေပါသည်"ဟု ပြောဆိုလေ၏။ ထို့နောက် ထိုမူစာသည် ၎င်း၏ထံသို့ ရောက်လာခဲ့ပြီး ဖြစ်ကြောင်းကုန်စင်ကို ၎င်း၏ရှေ့ဝယ် ပြောပြခဲ့သောအခါ ၎င်းက ‘အသင်သည် မစိုးရိမ်လေနှင့်။ အသင်သည်မတရားသောသူတို့(၏ဘေးရန်)မှ လွတ်မြောက်ခဲ့လေပြီ’ ဟုပြောဆိုလေ၏။
قَالَتْ إِحْدَاهُمَا يَا أَبَتِ اسْتَأْجِرْهُ ۖ إِنَّ خَيْرَ مَنِ اسْتَأْجَرْتَ الْقَوِيُّ الْأَمِينُ
ထို(အမျိုးသမီး)နှစ်ဦးအနက် တစ်ဦးက ‘အို-ဖခင် အသင်ဖခင်သည် ဤသူအား(သူရင်းငှားအဖြစ်) ငှားထားပါ။ ဧကန်မလွဲ အသင်ဖခင်သည်(သူရင်းငှားအဖြစ်)ငှားအံ့သောသူတို့တွင် ခွန်အားရှိသူ၊ ယုံကြည်စိတ်ချအပ်သောသူသည် အကောင်းဆုံးပင်ဖြစ်ပါသည်’ ဟုပြောဆိုလေ၏။
قَالَ إِنِّي أُرِيدُ أَنْ أُنْكِحَكَ إِحْدَى ابْنَتَيَّ هَاتَيْنِ عَلَىٰ أَنْ تَأْجُرَنِي ثَمَانِيَ حِجَجٍ ۖ فَإِنْ أَتْمَمْتَ عَشْرًا فَمِنْ عِنْدِكَ ۖ وَمَا أُرِيدُ أَنْ أَشُقَّ عَلَيْكَ ۚ سَتَجِدُنِي إِنْ شَاءَ اللَّهُ مِنَ الصَّالِحِينَ
ထို(ဖခင်)က ‘ဧကန်အမှန် ကျွန်ုပ်သည်အသင့်အား မိမိ၏သမီးနှစ်ယောက်အနက် တစ်ယောက်နှင့်အသင်သည် ကျွန်ုပ်ထံ ရှစ်နှစ် သူရင်းငှားလုပ်ရန် စည်းကမ်းချက်အပေါ်၌ ထိမ်းမြား၍ပေးရန် ရည်စူးသည်။ သို့ရာတွင်အကယ်၍ အသင်သည် ဆယ်နှစ်ပြည့်အောင် လုပ်ခဲ့ပါလျှင် အသင့်ဘက်မှ (ကျေးဇူးပြုခြင်း)ပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ကျွန်ုပ်သည် အသင့်အပေါ်၌ ကျပ်တည်းစေရန် လိုလားသည်မဟုတ်ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် များမကြာမီ အသင်သည် ကျွန်ုပ်အား သူမွန်သူမြတ်တစ်ဦးဖြစ်ကြောင်း တွေ့ရှိပါလိမ့်မည်ဟု ပြောကြားခဲ့လေ၏။
قَالَ ذَٰلِكَ بَيْنِي وَبَيْنَكَ ۖ أَيَّمَا الْأَجَلَيْنِ قَضَيْتُ فَلَا عُدْوَانَ عَلَيَّ ۖ وَاللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ
ထိုသူ(မူစာ)က ‘ဤစည်းကမ်းချက်သည် အသင်နှင့်ကျွန်ုပ်၏စပ်ကြား(အတည်)ဖြစ်ခဲ့လေပြီ။ ကန့်သတ်ပြီးဖြစ်သော ကာလအပိုင်းအခြား နှစ်ခုအနက် မည်သည့်ကာလ အပိုင်းအခြားကိုမဆို ကျွန်ုပ်ပြည့်စုံအောင် ဆောင်ရွက်ခဲ့ပါလျှင် ကျွန်ုပ်၏အပေါ်၌ မည်သို့မျှ အဓမ္မပြုလုပ်ရန် အကြောင်းမရှိတော့ပြီ။ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ ပြောဆိုကြကုန်သော အကြောင်းကိစ္စနှင့်စပ်လျဉ်း၍ သက်သေဖြစ်တော်မူပါသည်’ ဟု ပြောဆိုခဲ့လေသတည်း။

Choose other languages: