Quran Apps in many lanuages:

Surah Al-Fajr Ayahs #19 Translated in Burmese

فَأَمَّا الْإِنْسَانُ إِذَا مَا ابْتَلَاهُ رَبُّهُ فَأَكْرَمَهُ وَنَعَّمَهُ فَيَقُولُ رَبِّي أَكْرَمَنِ
သို့ပါလျက် မည်သို့ပင်ဖြစ်စေ၊ (ကာဖိရ်)လူသားမှာမူကား ၎င်း၏အရှင်မြတ်က ၎င်းအား စမ်းသပ်တော်မူသောအခါ ထိုအရှင်မြတ်သည် ၎င်းအား ဂုဏ်အသရေချီးမြှင့်တော်မူ၏။ ထို့ပြင် ၎င်းအား ကျေးဇူးပြုတော်မူ၏။ ထိုအခါ ၎င်းက ကျွန်ုပ်၏ အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်အသရေ ချီးမြှင့်တော်မူခဲ့သည်ဟု ပြောဆိုလေ့ရှိ၏။
وَأَمَّا إِذَا مَا ابْتَلَاهُ فَقَدَرَ عَلَيْهِ رِزْقَهُ فَيَقُولُ رَبِّي أَهَانَنِ
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ ထိုအရှင်မြတ်သည် ၎င်းအား (တစ်နည်း) စမ်းသပ်တော်မူပြန်သောအခါ ၎င်း၏အပေါ်၌ ၎င်း၏စားနပ်ရိက္ခာကို ကျပ်တည်းစေတော်မူ၏။ထိုအခါ ၎င်းက ကျွန်ုပ်၏ အရှင်မြတ်သည် ကျွန်ုပ်အား ဂုဏ်အသရေဖျက်တော်မူခဲ့သည်ဟု ပြောဆိုလေ့ရှိပေသည်။
كَلَّا ۖ بَلْ لَا تُكْرِمُونَ الْيَتِيمَ
အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည် ဘမဲ့ကလေးသူငယ်များအား ဂုဏ်ပေးကြသည် မဟုတ်ပေ။
وَلَا تَحَاضُّونَ عَلَىٰ طَعَامِ الْمِسْكِينِ
ထို့ပြင် အသင်တို့သည် သူဆင်းရဲတို့အား ကျွေးမွေးရန် တိုက်တွန်းနှိုးဆော်ကြသည်လည်း မဟုတ်ပေ။
وَتَأْكُلُونَ التُّرَاثَ أَكْلًا لَمًّا
၎င်းပြင် အသင်တို့သည် အမွေပစ္စည်းများကိုလည်း သိမ်းကျုံးလျက် စားသုံးကြကုန်၏။

Choose other languages: