Quran Apps in many lanuages:

Surah Al-Fajr Ayahs #22 Translated in Burmese

وَلَا تَحَاضُّونَ عَلَىٰ طَعَامِ الْمِسْكِينِ
ထို့ပြင် အသင်တို့သည် သူဆင်းရဲတို့အား ကျွေးမွေးရန် တိုက်တွန်းနှိုးဆော်ကြသည်လည်း မဟုတ်ပေ။
وَتَأْكُلُونَ التُّرَاثَ أَكْلًا لَمًّا
၎င်းပြင် အသင်တို့သည် အမွေပစ္စည်းများကိုလည်း သိမ်းကျုံးလျက် စားသုံးကြကုန်၏။
وَتُحِبُّونَ الْمَالَ حُبًّا جَمًّا
ထိုမှတစ်ပါး အသင်တို့သည် ဥစ္စာပစ္စည်းကိုလည်း အလွန်အမင်း ချစ်ခင်စုံမက် ခုံမင်ကြကုန် သတည်း။
كَلَّا إِذَا دُكَّتِ الْأَرْضُ دَكًّا دَكًّا
အလျှင်းမဟုတ် (စင်စစ်မှာကား) ပထဝီမြေသည် ထုထောင်းလျက် တစ်ပြေးတည်းညီအောင် ပြုလုပ်ခြင်းကိုခံရသောအခါ၊ (တစ်နည်း) ညက်ညက်ကြေအောင် ထုထောင်းခြင်းကို ခံရသောအခါ၊
وَجَاءَ رَبُّكَ وَالْمَلَكُ صَفًّا صَفًّا
ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကြွလာတော်မူသောအခါ၊ ထို့ပြင် "မလာအိကဟ်" ကောင်းကင်တမန်တို့သည် စီတန်းလျက် (လာကြသောအခါ။)

Choose other languages: