Quran Apps in many lanuages:

Surah Al-Fajr Ayahs #21 Translated in Burmese

كَلَّا ۖ بَلْ لَا تُكْرِمُونَ الْيَتِيمَ
အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည် ဘမဲ့ကလေးသူငယ်များအား ဂုဏ်ပေးကြသည် မဟုတ်ပေ။
وَلَا تَحَاضُّونَ عَلَىٰ طَعَامِ الْمِسْكِينِ
ထို့ပြင် အသင်တို့သည် သူဆင်းရဲတို့အား ကျွေးမွေးရန် တိုက်တွန်းနှိုးဆော်ကြသည်လည်း မဟုတ်ပေ။
وَتَأْكُلُونَ التُّرَاثَ أَكْلًا لَمًّا
၎င်းပြင် အသင်တို့သည် အမွေပစ္စည်းများကိုလည်း သိမ်းကျုံးလျက် စားသုံးကြကုန်၏။
وَتُحِبُّونَ الْمَالَ حُبًّا جَمًّا
ထိုမှတစ်ပါး အသင်တို့သည် ဥစ္စာပစ္စည်းကိုလည်း အလွန်အမင်း ချစ်ခင်စုံမက် ခုံမင်ကြကုန် သတည်း။
كَلَّا إِذَا دُكَّتِ الْأَرْضُ دَكًّا دَكًّا
အလျှင်းမဟုတ် (စင်စစ်မှာကား) ပထဝီမြေသည် ထုထောင်းလျက် တစ်ပြေးတည်းညီအောင် ပြုလုပ်ခြင်းကိုခံရသောအခါ၊ (တစ်နည်း) ညက်ညက်ကြေအောင် ထုထောင်းခြင်းကို ခံရသောအခါ၊

Choose other languages: