Quran Apps in many lanuages:

Surah Al-Baqara Ayahs #67 Translated in Burmese

وَإِذْ أَخَذْنَا مِيثَاقَكُمْ وَرَفَعْنَا فَوْقَكُمُ الطُّورَ خُذُوا مَا آتَيْنَاكُمْ بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ
(အို-အစ္စရာအီလီ မျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ ငါအရှင်သည် အသင်တို့အထက်ဝယ် ‘တူရ်’ အမည် ရှိသောတောင်ကို ပင့်မြှောက်လျက် (တောင်ရာတ် ကျမ်းမြတ်နှင့်အညီ လိုက်နာကျင့် မူကြရမည့်အကြောင်း) အသင်တို့ထံမှ (ဤသို့) ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့လေသည်။ �သင်တို့အား ငါအရှင်ပေးသနား တော်မူသော တောင်ရာတ်ကျမ်းမြတ်ကို စွဲစွဲမြဲမြဲ လက်ကိုင်ထားကြကုန်။ ထို့နောက် ယင်းကျမ်းလာ တရားဒေသနာတော်များကိုလည်း (သတိဝီရိယနှင့်) လေ့ကျက်မှတ်သား(ကျင့်မူ) ကြကုန်လော့၊ သို့မှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများမှ) ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။
ثُمَّ تَوَلَّيْتُمْ مِنْ بَعْدِ ذَٰلِكَ ۖ فَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ لَكُنْتُمْ مِنَ الْخَاسِرِينَ
ထို့နောက် အသင်တို့သည် (ထိုကဲ့သို့ တိကျခိုင်လုံစွာ) ပဋိညာဉ် ကတိသစ္စာကို ထုံးဖွဲ့ ပြီးသည့်နောက်(ကတိမတည်) နောက်သို့ ပြန်လှည့် ထွက်သွားခဲ့ကြကုန်၏။ထို့နောက် အကယ်၍ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် မဟာကရုဏာတော်သည် အသင်တို့အပေါ်ဝယ် သက်ရောက်ခြင်း မရှိခဲ့ပါမူ အသင်တို့သည် မုချဧကန် ဆုံးရှုံးနစ်နာပျက်စီးသူများ ဖြစ်ကြပေပြီ။
وَلَقَدْ عَلِمْتُمُ الَّذِينَ اعْتَدَوْا مِنْكُمْ فِي السَّبْتِ فَقُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ
င်းပြင် အသင်တို့အနက်မှ ဥပုသ်သီတင်းနေ့နှင့် စပ်လျဉ်း၍ (တရားတော်၏ ပညတ်ချက်များကို) ဖောက်ဖျက် ကျူးလွန်ကြကုန်သော သူများအား ငါအရှင်က အသင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသော မျောက်တိရစ္ဆာန်များ ဖြစ်ကြကုန်လော့ဟု မိန့်ကြားတော်မူခဲ့ဘူးသည်ကို အသင်တို့သည် မုချအသိပင် ဖြစ်ကြသည်။
فَجَعَلْنَاهَا نَكَالًا لِمَا بَيْنَ يَدَيْهَا وَمَا خَلْفَهَا وَمَوْعِظَةً لِلْمُتَّقِينَ
တဖန် ငါအရှင်မြတ်သည် ယင်းသူတို့၏ မျက်မှောက်၌ ရှိကြကုန်သော သူများနှင့် ယင်းသူ တို့၏ နောင်လာနောက်သားများ အဖို့အရာ ထိုအတ္ထုပ္ပတ္တိကို သတိသံဝေဂရဘွယ်ရာ အကြောင်း တရပ်အဖြစ်လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် ကို ကြောက်ရွံ့ ရိုသေခြင်းအားဖြင့်) ပြစ်မှု ဒုစရိုက်များကို ကြဉ်ရှောင်ကြကုန်သော သူတော်စဉ်များ အဖို့အရာ ဆုံးမဩဝါဒတရပ်အဖြစ် လည်းကောင်း ပြုထားတော် မူခဲ့လေသည်။
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ إِنَّ اللَّهَ يَأْمُرُكُمْ أَنْ تَذْبَحُوا بَقَرَةً ۖ قَالُوا أَتَتَّخِذُنَا هُزُوًا ۖ قَالَ أَعُوذُ بِاللَّهِ أَنْ أَكُونَ مِنَ الْجَاهِلِينَ
၎င်းပြင် (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်း တို့၊အသင်တို့သည် ပြန်လည်အောက်မေ့ သတိရ ကြကုန်လော့) အခါတစ်ပါး၌ နဗီတမန်တော်မူစာ (အလိုင်ဟစ္စလာမ်) ကမိမိအမျိုးသားများအား (ဤသို့) ပြောကြားလေသည်။ (ဟယ်အချင်းတို့) အသင်တို့အား အလ္လာဟ်အရှင်မြတ်က (မိမိနာမံတော်ဖြင့်) နွားမတစ်ကောင်ကို လှီးဖြတ်ကြရန် မိန့်ကြားတော်မူလေသည်၊ ထိုအခါ ယင်းအမျိုးသားတို့က (အိုနဗီတမန်တော်မူစာ) အသင်သည် အကျွန်ုပ်တို့ကို ပြက်ရယ်ကျီစယ်ဘွယ် ပြုလုပ်ပါ သလောဟု မေးမြန်းကြကုန်သည်။ ထိုအခါ နဗီ တမန်တော်မူစာ (အလိုင်ဟစ္စလာမ်) က(ဟယ်အချင်းတို့၊ ပြက်ရယ်ကျီစယ်မှုသည် လူ့ဗာလများ၏အလေ့အထ မျှသာ ဖြစ်သည်၊ ကျွန်ုပ်သည်ကား လူ့ဗာလ မဟုတ်၊ သို့ဖြစ်ရာ) အကျွန်ုပ်သည် အသိအလိမ္မာ ဉာဏ်ပညာကင်းမဲ့ကြကုန်သော လူ့ဗာလတို့အနက် အပါအဝင်မဖြစ်ရန် အလ္လာဟ်အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏ဟု ပြန်လည် ဖြေကြား လေသည်။

Choose other languages: