Quran Apps in many lanuages:

Surah Al-Baqara Ayahs #40 Translated in Burmese

فَأَزَلَّهُمَا الشَّيْطَانُ عَنْهَا فَأَخْرَجَهُمَا مِمَّا كَانَا فِيهِ ۖ وَقُلْنَا اهْبِطُوا بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ وَلَكُمْ فِي الْأَرْضِ مُسْتَقَرٌّ وَمَتَاعٌ إِلَىٰ حِينٍ
ကမ္ဘာဦးဖခင်အာဒမ်(အ)နှင့် ကြင်ရာ တော်(ဟောင်ဝါ) တို့သည် အလ္လာဟ်အရှင်မြတ် ပေးသနားတော်မူသော ဂျန္နတ် အမတသုခဘုံတွင် သုခစည်းစိမ် ရိပ်ငြိမ်ချမ်းသာကို မွေ့လျော်စွာ စံစား၍ နေကြကုန်၏၊) ထိုသို့ နေထိုင်ရာအတွင်း ရှိုင်တွာန်သည် ထိုသစ်ပင်နှင့်စပ်လျဉ်း၍ မာယာပရိယာယ်အားဖြင့် လှည့်ပတ်ဖြားယောင်း သွေးဆောင်ပြီး ထိုကြင်ရာကြင်ဘက်နှစ်ဦးတို့အား တိမ်းပါး ချော်ချွတ်စေ၍ ထိုဥယျာဉ်တော်မှ နှင်ထုတ်လေ၏။ ထိုအခါ ငါအလ္လာဟ် အရှင်မြတ်သည် ဤသို့အမိန့်တော် ချမှတ်တော်မူ၏။ အသင်တို့သည်(ငါ၏ဥယျာဉ်တော်မှ) ဆင်းသွားကြကုန်။ အသင်တို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွား ရန်ဘက်များဖြစ်ကြအံ့။ ကမ္ဘာမြေပြင်တွင် အသင်တို့အဘို့ သတ်မှတ်ထားသည့် သက်တမ်းတိုင်အောင် နေရာ ထိုင်ခင်းနှင့် အကျိုးခံစားခြင်းရှိအံ့။
فَتَلَقَّىٰ آدَمُ مِنْ رَبِّهِ كَلِمَاتٍ فَتَابَ عَلَيْهِ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ
ထိုအခါ ကမ္ဘာဦးဖခင် အာဒမ်(အ)သည် မိမိအား မွေးမြူစောင်မ ကြည့်ရှုတော်မူထသော အရှင့်ထံမှ အချို့သော(ဆုမွန်)များကို သင်ကြားနာယူ၍ (အရှင့်ထံ ဝန်ချတောင်းပန် အသနားခံရာ) အလ္လာဟ်အရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အာဒမ်(အ)ဘက်သို့ လှည့်တော်မူ၍ ချမ်းသာခွင့် ပေးသနားတော်မူလေ၏။ အမှန်စင်စစ် ထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူများအား) အကြိမ်ကြိမ်အဖန်ဖန် ချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊အစဉ်အမြဲ သနားညှာတာ ကြင်နာတော် မူထသောအရှင် ဖြစ်တော်မူပေသတည်း။
قُلْنَا اهْبِطُوا مِنْهَا جَمِيعًا ۖ فَإِمَّا يَأْتِيَنَّكُمْ مِنِّي هُدًى فَمَنْ تَبِعَ هُدَايَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
အာဒမ်(အ)နှင့် ကြင်ယာတော် ဟောင်ဝါတို့အား] ငါအရှင်မိန့်ကြားတော်မူသည်မှာ (ယခု) အသင်တို့အားလုံးသည် ဤဂျန္နတ် အမတသုခဘုံမှ ဆင်းသက်သွားကြကုန်၊ နောင်သောအခါကာလ၌ အကယ်၍ ငါ၏အထံတော်မှ တရားဒေသနာများ ကျရောက်လာလျှင် (ကျရောက်မည်လည်းမုချပင်) သို့ငါအရှင် ချမှတ်ပေးအပ်တော်မူသော တရား ဒေသနာတော်တို့ကို အကြင်မည်သူမဆို နာယူ ကျင့်မူပါကထိုကဲ့သို့သော (သူတော်စင် သူတော်မြတ်)တို့သည် စိုးရိမ်ကြောင့်ကြရမည်လည်းမဟုတ်၊ ပူဆွေးကြရမည်လည်းမဟုတ်။
وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
သို့ရာတွင် ငါအရှင်၏တရားဒေသနာတော်များကို လိမ်လည်ထားသည့် တရားဒေသနာတော်များ ဖြစ်သည်ဟုစွပ်စွဲ၍ (ငါ့အား) ငြင်းပယ်သူများကား ငရဲသားများ ဖြစ်ကြသည်။ ယင်းသူတို့သည် ထိုငရဲတွင် ထာဝစဉ်ခံစားကြရမည့်သူ သစ္စာကတိကို အတည်ပြုတော်မူအံ့၊ (သို့ဖြစ်ရာ) အသင်တို့သည် ငါအရှင်ကိုသာလျှင် ကြောက်ရွံ့ ရိုသေ ကြကုန်လော့။
يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَوْفُوا بِعَهْدِي أُوفِ بِعَهْدِكُمْ وَإِيَّايَ فَارْهَبُونِ
အို-အစ္စရာအီလီ မျိုးနွယ်ဝံသအပေါင်းတို့၊ အသင်တို့အား ငါအရှင်ပေးသနားတော်မူသော သုခချမ်းသာ၊ ဂုဏ်ကျေးဇူးတော်များကို (အမြဲတစေ) အောက်မေ့ သတိရကြကုန်၊(သို့သတိရခြင်းအားဖြင့်) သင်တို့သည် (ငါ အရှင့်ထံတော်၌ထားရှိပြီးသော) ပဋိညာဉ် ခံဝန်ချက်ကို စောင့်ရှောက် အတည်ပြုကြကုန်၊ ငါအရှင်သည်လည်း သင်တို့နှင့် ထားရှိပြီးဖြစ်သော သစ္စာကတိကို အတည်ပြုတော်မူအံ့။ (သို့ဖြစ်ရာ) အသင်တို့သည် ငါအရှင်ကိုသာလျှင် ကြောက်ရွံ့ရိုသေကြကုန်။

Choose other languages: