Quran Apps in many lanuages:

Surah Al-Baqara Ayahs #211 Translated in Burmese

وَمِنَ النَّاسِ مَنْ يَشْرِي نَفْسَهُ ابْتِغَاءَ مَرْضَاتِ اللَّهِ ۗ وَاللَّهُ رَءُوفٌ بِالْعِبَادِ
ထို့ပြင်တဝ လူတို့အနက် အချို့သည် အလ္လာဟ် အရှင်မြတ် နှစ်မြို့တော်မူခြင်းကို ရစိမ့် သောငှာ မိမိ၏အသက်ကိုပင် စွန့်လှူ၏။ အမှန် သော်ကား အလ္လာဟ်အရှင်မြတ်သည် ဤသို့ (စေတနာဖြူစင်သော) ကျွန်များကို အလွန်ချစ်ကြင် သနားတော်မူသောအရှင် ဖြစ်တော်မူ၏။
يَا أَيُّهَا الَّذِينَ آمَنُوا ادْخُلُوا فِي السِّلْمِ كَافَّةً وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ
အို-ယုံကြည်သူ’မုအ်မင်န်’အပေါင်းတို့ အသင်တို့ သည်အစ္စလာမ်သာသနာတော်အတွင်းသို့လုံးလုံးလျားလျား(စိတ် ရောကိုယ်ပါ) ဝင်ကြကုန် လော့၊ ၎င်းပြင် ရှိုင်တွာန်၏ နောက်သို့ ဖဝါးခြေထပ် မလိုက်ကြ ကုန်လင့်၊ ထိုရှိုင်တွာန်သည် မုချ သင်တို့အဖို့ ထင်ရှားသော ရန်သူပင် ဖြစ်ပေသည်။
فَإِنْ زَلَلْتُمْ مِنْ بَعْدِ مَا جَاءَتْكُمُ الْبَيِّنَاتُ فَاعْلَمُوا أَنَّ اللَّهَ عَزِيزٌ حَكِيمٌ
ထို့ကြောင့် (အစ္စလာမ်သာသနာရေးရာနှင့် စပ် လျဉ်း၍) ထင်ရှားသော သက်သေလက္ခဏာများ အသင် တို့ထံ ရောက်ရှိလာပြီးသည့် နောက်သော်မှပင် အသင်တို့သည် (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်မှ) ချွတ်ချော် တိမ်းပါးသွား ခဲ့ကြသော် ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနု ဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော် မူသည်ကို အသင်တို့သည် ကောင်းစွာ ယုံကြည် မှတ်သားထားကြကုန် လော့။
هَلْ يَنْظُرُونَ إِلَّا أَنْ يَأْتِيَهُمُ اللَّهُ فِي ظُلَلٍ مِنَ الْغَمَامِ وَالْمَلَائِكَةُ وَقُضِيَ الْأَمْرُ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
(ထိုသူများသည် သက်သေလက္ခဏာတော်များ ကို အထင်အရှား တွေ့မြင်ကြပါလျက်နှင့်ပင် တရားဒေ သနာတော်များကိုသွေဖည်လျက် ရှိကြကုန်၏) ယင်းသူတို့ သည် မိမိတို့ထံသို့ အလ္လာဟ်အရှင်မြတ်သည် အပါးတော် စေတမန်များနှင့်တကွ (ယင်းသူတို့အား) (ကွပ်မျက်တော်မူရန်) တိမ်တိုက်များ မိုးလျက်
سَلْ بَنِي إِسْرَائِيلَ كَمْ آتَيْنَاهُمْ مِنْ آيَةٍ بَيِّنَةٍ ۗ وَمَنْ يُبَدِّلْ نِعْمَةَ اللَّهِ مِنْ بَعْدِ مَا جَاءَتْهُ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
(အို-နဗီတမန်တော်) ငါအရှင်သည် ထို (အစ္စရာအီလီ) မျိုးနွယ်ဝင်တို့အား ထင်ရှားသော သက်သေလက္ခဏာများကို အဘယ်မျှ ပေးသနားတော် မူခဲ့သည်ကို အသင်သည် ယင်းအစ္စရာအီလီမျိုးနွယ် ဝင်တို့အား မေးမြန်းပါလေ။ အကြင် သူသည် ၎င်းထံသို့ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များ ရောက်ပြီး သည့်နောက် တနည်းတဖုံ ပြောင်းလွှဲခဲ့ပါမူ အလ္လာဟ် အရှင်မြတ်သည် အပြစ်ဒဏ်ကို ပြင်းထန်စွာစီရင် တော်မူသော အရှင် ဖြစ်တော်မူလေသတည်း။

Choose other languages: