Quran Apps in many lanuages:

Surah Al-Araf Ayahs #194 Translated in Burmese

فَلَمَّا آتَاهُمَا صَالِحًا جَعَلَا لَهُ شُرَكَاءَ فِيمَا آتَاهُمَا ۚ فَتَعَالَى اللَّهُ عَمَّا يُشْرِكُونَ
သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့ နှစ်ဦးအား(သားသမီးကို) ကောင်းမွန်ပြည့်စုံစွာ ချီးမြှင့်ပေးသနားတော်မူသောအခါ ၎င်းတို့နှစ်ဦးလုံးသည် ထိုအရှင်မြတ်က ၎င်းတို့အားချီးမြှင့်တော် မူသောအရာနှင့်စပ်လျဉ်း၍ (အခြားအရာများ)ကိုထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြကုန်၏။ စင်စစ်တမူကားအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ထက် အလွန် မင့်မြတ်လှတော်မူပေသတည်း။
أَيُشْرِكُونَ مَا لَا يَخْلُقُ شَيْئًا وَهُمْ يُخْلَقُونَ
၎င်းတို့သည် အကြင် သို့သောအရာများကို(အလ္လာဟ်အရှင်မြတ်နှင့်)ယှဉ်တွဲကိုးကွယ်ကြသလော။ ထိုအရာများသည် တစ်စုံတစ်ရာကိုမျှ ဖန်ဆင်းနိုင်ကြသည်မရှိသည့်ပြင်မိမိတို့ကိုယ်တိုင်ပင် ဖန်ဆင်းခြင်း ခံကြရပေသည်။
وَلَا يَسْتَطِيعُونَ لَهُمْ نَصْرًا وَلَا أَنْفُسَهُمْ يَنْصُرُونَ
ထိုမှတစ်ပါး ယင်းတို့သည် ထိုသူတို့အား မည်သည့်အကူအညီမျှ မပေးနိုင်ကြသည်သာမက မိမိတို့ ကိုယ်တိုင်လည်း(လုံးဝ) ကူညီရိုင်းပင်း နိုင်ကြသည် မဟုတ်ပေ။
وَإِنْ تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَتَّبِعُوكُمْ ۚ سَوَاءٌ عَلَيْكُمْ أَدَعَوْتُمُوهُمْ أَمْ أَنْتُمْ صَامِتُونَ
ထို့ပြင် အကယ်၍ အသင်တို့သည် ၎င်းတို့အားမှန်ကန်သောတရားလမ်းသို့ ဖိတ်ခေါ်ကြလျှင်လည်း ၎င်းတို့သည် အသင်တို့နောက်သို့ လိုက်နိုင်ကြမည် မဟုတ်ပေ။ (သို့ဖြစ်ပေရာ) အသင်တို့သည် ၎င်းတို့အား ဟစ်ခေါ်ကြသည်ဖြစ်စေ၊ ဆိတ်ဆိတ်နေကြသည်ဖြစ်စေ၊ (မည်သို့မျှ) အကြောင်းမထူးပေ။
إِنَّ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ عِبَادٌ أَمْثَالُكُمْ ۖ فَادْعُوهُمْ فَلْيَسْتَجِيبُوا لَكُمْ إِنْ كُنْتُمْ صَادِقِينَ
ဧကန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှအပ ဟစ်ခေါ် (ကိုးကွယ်ဆည်းကပ်) ကြကုန်သောအရာတို့မှာလည်း အသင်တို့ကဲ့သို့ပင် ကျွန်များ(အဖန်ဆင်းခံများ)သာလျှင်ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည် အကယ်၍သာ ဟုတ်တိုင်းမှန်ရာ ပြောဆိုသူများဖြစ်ကြပါလျှင် အသင်တို့သည် ၎င်းတို့အားဟစ်ခေါ်ကြလေကုန်။ တစ်ဖန်4င်းတို့သည် (လည်း)အသင်တို့အား ပြန်၍ထူးကြပါစေ။

Choose other languages: