Quran Apps in many lanuages:

Surah Al-Araf Ayahs #193 Translated in Burmese

هُوَ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَجَعَلَ مِنْهَا زَوْجَهَا لِيَسْكُنَ إِلَيْهَا ۖ فَلَمَّا تَغَشَّاهَا حَمَلَتْ حَمْلًا خَفِيفًا فَمَرَّتْ بِهِ ۖ فَلَمَّا أَثْقَلَتْ دَعَوَا اللَّهَ رَبَّهُمَا لَئِنْ آتَيْتَنَا صَالِحًا لَنَكُونَنَّ مِنَ الشَّاكِرِينَ
ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူသောအရှင်မြတ်ပင်ဖြစ်သည်။4င်းအပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းမှပင်လျှင်4င်း၏(ကြင်ရာကြင်ဖက်)ကို 4င်း၏ထံ၌တည်ငြိမ်မွေ့လျော်စွာနေထိုင်နိုင်ရန် ပြုလုပ်(ဖန်ဆင်း)တော်မူခဲ့လေသည်။ ထို့နောက်4င်း(ယောက်ျား)သည် ယင်းကြင်ရာအား ဖုံးလွှမ်းသည့် အခါယင်းသည် ပေါ့ပါးသောကိုယ်ဝန်ကိုထမ်း၍ ထိုကိုယ်ဝန်နှင့်တကွ (လွယ်ကူစွာ) သွားလာခြင်းကို ပြုလေသည်။ တစ်ဖန်ထိုကိုယ်ဝန်သည် ရင့်လေး၍လာသောအခါ 4င်းတို့(ဇနီးမောင်နှံ)နှစ်ဦးသည် မိမိတို့အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်တွင် အကယ်၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကောင်းမွန်သော(သားသမီးကို) ချီးမြှင့်ပေးသနားတော်မူပါလျှင် ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏) ကျေးဇူးတော်ကို မုချသိတတ်ကြ ပါမည်ဟု ပတ္ထနာပြုကြကုန်၏။
فَلَمَّا آتَاهُمَا صَالِحًا جَعَلَا لَهُ شُرَكَاءَ فِيمَا آتَاهُمَا ۚ فَتَعَالَى اللَّهُ عَمَّا يُشْرِكُونَ
သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့ နှစ်ဦးအား(သားသမီးကို) ကောင်းမွန်ပြည့်စုံစွာ ချီးမြှင့်ပေးသနားတော်မူသောအခါ ၎င်းတို့နှစ်ဦးလုံးသည် ထိုအရှင်မြတ်က ၎င်းတို့အားချီးမြှင့်တော် မူသောအရာနှင့်စပ်လျဉ်း၍ (အခြားအရာများ)ကိုထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြကုန်၏။ စင်စစ်တမူကားအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ထက် အလွန် မင့်မြတ်လှတော်မူပေသတည်း။
أَيُشْرِكُونَ مَا لَا يَخْلُقُ شَيْئًا وَهُمْ يُخْلَقُونَ
၎င်းတို့သည် အကြင် သို့သောအရာများကို(အလ္လာဟ်အရှင်မြတ်နှင့်)ယှဉ်တွဲကိုးကွယ်ကြသလော။ ထိုအရာများသည် တစ်စုံတစ်ရာကိုမျှ ဖန်ဆင်းနိုင်ကြသည်မရှိသည့်ပြင်မိမိတို့ကိုယ်တိုင်ပင် ဖန်ဆင်းခြင်း ခံကြရပေသည်။
وَلَا يَسْتَطِيعُونَ لَهُمْ نَصْرًا وَلَا أَنْفُسَهُمْ يَنْصُرُونَ
ထိုမှတစ်ပါး ယင်းတို့သည် ထိုသူတို့အား မည်သည့်အကူအညီမျှ မပေးနိုင်ကြသည်သာမက မိမိတို့ ကိုယ်တိုင်လည်း(လုံးဝ) ကူညီရိုင်းပင်း နိုင်ကြသည် မဟုတ်ပေ။
وَإِنْ تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَتَّبِعُوكُمْ ۚ سَوَاءٌ عَلَيْكُمْ أَدَعَوْتُمُوهُمْ أَمْ أَنْتُمْ صَامِتُونَ
ထို့ပြင် အကယ်၍ အသင်တို့သည် ၎င်းတို့အားမှန်ကန်သောတရားလမ်းသို့ ဖိတ်ခေါ်ကြလျှင်လည်း ၎င်းတို့သည် အသင်တို့နောက်သို့ လိုက်နိုင်ကြမည် မဟုတ်ပေ။ (သို့ဖြစ်ပေရာ) အသင်တို့သည် ၎င်းတို့အား ဟစ်ခေါ်ကြသည်ဖြစ်စေ၊ ဆိတ်ဆိတ်နေကြသည်ဖြစ်စေ၊ (မည်သို့မျှ) အကြောင်းမထူးပေ။

Choose other languages: