Quran Apps in many lanuages:

Surah Al-Araf Ayahs #192 Translated in Burmese

قُلْ لَا أَمْلِكُ لِنَفْسِي نَفْعًا وَلَا ضَرًّا إِلَّا مَا شَاءَ اللَّهُ ۚ وَلَوْ كُنْتُ أَعْلَمُ الْغَيْبَ لَاسْتَكْثَرْتُ مِنَ الْخَيْرِ وَمَا مَسَّنِيَ السُّوءُ ۚ إِنْ أَنَا إِلَّا نَذِيرٌ وَبَشِيرٌ لِقَوْمٍ يُؤْمِنُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့ထပ်မံ၍) ပြောကြားပါဦးလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အရာမှအပ၊ ငါ့အတွက်ပင် မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေ ခြင်းကိုမျှလည်းကောင်း၊ မည်သည့်အကျိုးကျေးဇူး ယုတ်စေခြင်းကိုမျှလည်းကောင်း၊ ပိုင်ဆိုင်သည်မဟုတ်ချေ။ အကယ်၍သာငါသည် မျက်ကွယ်၌ ရှိသည်တို့ကိုသိရှိပါမူ အကျိုးကျေးဇူးများစွာကို အမှန်ပင်ရယူခဲ့ပြီးဖြစ်အံ့။ ၎င်းပြင် ငါ၌(မိမိအသက်တမ်းတလျှောက်လုံးတွင်) မည်သည့် ဆင်းရဲဒုက္ခမျှ သက်ရောက်မည်လည်းမဟုတ်ပေ။ ငါသည် သက်ဝင်ယုံကြည်သောသူတို့အဖို့ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူမျှသာ ဖြစ်ချေသတည်း။(ရကူ)
هُوَ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَجَعَلَ مِنْهَا زَوْجَهَا لِيَسْكُنَ إِلَيْهَا ۖ فَلَمَّا تَغَشَّاهَا حَمَلَتْ حَمْلًا خَفِيفًا فَمَرَّتْ بِهِ ۖ فَلَمَّا أَثْقَلَتْ دَعَوَا اللَّهَ رَبَّهُمَا لَئِنْ آتَيْتَنَا صَالِحًا لَنَكُونَنَّ مِنَ الشَّاكِرِينَ
ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူသောအရှင်မြတ်ပင်ဖြစ်သည်။4င်းအပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းမှပင်လျှင်4င်း၏(ကြင်ရာကြင်ဖက်)ကို 4င်း၏ထံ၌တည်ငြိမ်မွေ့လျော်စွာနေထိုင်နိုင်ရန် ပြုလုပ်(ဖန်ဆင်း)တော်မူခဲ့လေသည်။ ထို့နောက်4င်း(ယောက်ျား)သည် ယင်းကြင်ရာအား ဖုံးလွှမ်းသည့် အခါယင်းသည် ပေါ့ပါးသောကိုယ်ဝန်ကိုထမ်း၍ ထိုကိုယ်ဝန်နှင့်တကွ (လွယ်ကူစွာ) သွားလာခြင်းကို ပြုလေသည်။ တစ်ဖန်ထိုကိုယ်ဝန်သည် ရင့်လေး၍လာသောအခါ 4င်းတို့(ဇနီးမောင်နှံ)နှစ်ဦးသည် မိမိတို့အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်တွင် အကယ်၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကောင်းမွန်သော(သားသမီးကို) ချီးမြှင့်ပေးသနားတော်မူပါလျှင် ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏) ကျေးဇူးတော်ကို မုချသိတတ်ကြ ပါမည်ဟု ပတ္ထနာပြုကြကုန်၏။
فَلَمَّا آتَاهُمَا صَالِحًا جَعَلَا لَهُ شُرَكَاءَ فِيمَا آتَاهُمَا ۚ فَتَعَالَى اللَّهُ عَمَّا يُشْرِكُونَ
သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့ နှစ်ဦးအား(သားသမီးကို) ကောင်းမွန်ပြည့်စုံစွာ ချီးမြှင့်ပေးသနားတော်မူသောအခါ ၎င်းတို့နှစ်ဦးလုံးသည် ထိုအရှင်မြတ်က ၎င်းတို့အားချီးမြှင့်တော် မူသောအရာနှင့်စပ်လျဉ်း၍ (အခြားအရာများ)ကိုထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြကုန်၏။ စင်စစ်တမူကားအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ထက် အလွန် မင့်မြတ်လှတော်မူပေသတည်း။
أَيُشْرِكُونَ مَا لَا يَخْلُقُ شَيْئًا وَهُمْ يُخْلَقُونَ
၎င်းတို့သည် အကြင် သို့သောအရာများကို(အလ္လာဟ်အရှင်မြတ်နှင့်)ယှဉ်တွဲကိုးကွယ်ကြသလော။ ထိုအရာများသည် တစ်စုံတစ်ရာကိုမျှ ဖန်ဆင်းနိုင်ကြသည်မရှိသည့်ပြင်မိမိတို့ကိုယ်တိုင်ပင် ဖန်ဆင်းခြင်း ခံကြရပေသည်။
وَلَا يَسْتَطِيعُونَ لَهُمْ نَصْرًا وَلَا أَنْفُسَهُمْ يَنْصُرُونَ
ထိုမှတစ်ပါး ယင်းတို့သည် ထိုသူတို့အား မည်သည့်အကူအညီမျှ မပေးနိုင်ကြသည်သာမက မိမိတို့ ကိုယ်တိုင်လည်း(လုံးဝ) ကူညီရိုင်းပင်း နိုင်ကြသည် မဟုတ်ပေ။

Choose other languages: