Quran Apps in many lanuages:

Surah Al-Anbiya Ayahs #102 Translated in Burmese

إِنَّكُمْ وَمَا تَعْبُدُونَ مِنْ دُونِ اللَّهِ حَصَبُ جَهَنَّمَ أَنْتُمْ لَهَا وَارِدُونَ
ဧကန်စင်စစ် အသင်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့ ကိုးကွယ်ကြ သည်များသည်လည်းကောင်း၊ ဂျဟန္နမ်ငရဲဘုံ၏ လောင်စာများပင် ဖြစ်ကြကုန်၏။ အသင်တို့အားလုံး ပင် ယင်းဂျဟန္နမ်ငရဲဘုံတွင်းသို့ ဆိုက်ရောက်ရမည့် သူများသာ ဖြစ်ကြကုန်၏။
لَوْ كَانَ هَٰؤُلَاءِ آلِهَةً مَا وَرَدُوهَا ۖ وَكُلٌّ فِيهَا خَالِدُونَ
အကယ်၍သာ ဤသည်တို့သည် ကိုးကွယ်ရာများဖြစ်ကြပါလျှင် ယင်းဂျဟန္နမ် ငရဲဘုံတွင်းသို့ ဆိုက်ရောက်ကြမည်မဟုတ်ပေ။ သို့ရာတွင် (ယခုသော်ကား)၄င်းတို့အားလုံးပင် ယင်းဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝရ နေထိုင်ကြရမည့်သူများဖြစ်ကြချေပြီ။
لَهُمْ فِيهَا زَفِيرٌ وَهُمْ فِيهَا لَا يَسْمَعُونَ
၎င်းတို့၌ ယင်းဂျဟန္နမ်ငရဲဘုံတွင် ညိုးညံညည်းတွားခြင်းသာလျှင် ရှိပေမည်။ ထို့အပြင် ၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲဘုံ၌(မည်သည့်စကား မည်သည့်အသံကိုမျှ)ကြားကြလိမ့်မည် မဟုတ်ချေ။
إِنَّ الَّذِينَ سَبَقَتْ لَهُمْ مِنَّا الْحُسْنَىٰ أُولَٰئِكَ عَنْهَا مُبْعَدُونَ
ဧကန်မလွဲ အကြင်သူတို့သည် ငါအရှင်မြတ်အထံတော်မှ မူလကပင် ထိုသူတို့အဖို့ ကောင်းကျိုးပြဌာန်းပြီးဖြစ်၏။ ထိုသူတို့သည် ယင်းဂျဟန္နမ်ငရဲဘုံမှ ဝေးစေခြင်းကိုခံကြရမည့်သူများပင် ဖြစ်ကြပေမည်။
لَا يَسْمَعُونَ حَسِيسَهَا ۖ وَهُمْ فِي مَا اشْتَهَتْ أَنْفُسُهُمْ خَالِدُونَ
၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲဘုံ၏ လေသံကိုသဲ့သဲ့မျှပင် ကြားကြရလိမ့်မည်မဟုတ်ပေ။ စင်စစ် ၎င်းတို့သည် မိမိစိတ်ကြိုက် စည်းစိမ်များတွင် ထာဝစဉ်မွေ့လျော်ခံစားသူများပင် ဖြစ်ကြပေမည်။

Choose other languages: