Quran Apps in many lanuages:

Surah Al-Anbiya Ayahs #101 Translated in Burmese

وَاقْتَرَبَ الْوَعْدُ الْحَقُّ فَإِذَا هِيَ شَاخِصَةٌ أَبْصَارُ الَّذِينَ كَفَرُوا يَا وَيْلَنَا قَدْ كُنَّا فِي غَفْلَةٍ مِنْ هَٰذَا بَلْ كُنَّا ظَالِمِينَ
၎င်းပြင် မှန်ကန်စွာ ချိန်းချက်ထားသောအချိန်ကာလ(ကိယာမတ်နေ့)သည် နီးကပ်၍ လာခဲ့သောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏မျက်လုံးများကား ပြူးကျယ်လျက် ရှိကြပေမည်။ (ထိုအခါ ၎င်းတို့သည်) ဪ-ဖြစ်မှဖြစ်ရလေခြင်း၊ မချွတ်ဧကန် ကျွန်ုပ်တို့သည် ဤ(ကိယာ မတ်နေ့)ကိုဂရုမထား မေ့လျော့၍သာ နေခဲ့ကြလေသည်။ စင်စစ်မှာကား ကျွန်ုပ်တို့သည်သာလျှင် အပြစ်ကျူးလွန်သူများ ဖြစ်ကြသည်ဟု ညည်းညူမြည်တမ်း ကြပေမည်။
إِنَّكُمْ وَمَا تَعْبُدُونَ مِنْ دُونِ اللَّهِ حَصَبُ جَهَنَّمَ أَنْتُمْ لَهَا وَارِدُونَ
ဧကန်စင်စစ် အသင်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့ ကိုးကွယ်ကြ သည်များသည်လည်းကောင်း၊ ဂျဟန္နမ်ငရဲဘုံ၏ လောင်စာများပင် ဖြစ်ကြကုန်၏။ အသင်တို့အားလုံး ပင် ယင်းဂျဟန္နမ်ငရဲဘုံတွင်းသို့ ဆိုက်ရောက်ရမည့် သူများသာ ဖြစ်ကြကုန်၏။
لَوْ كَانَ هَٰؤُلَاءِ آلِهَةً مَا وَرَدُوهَا ۖ وَكُلٌّ فِيهَا خَالِدُونَ
အကယ်၍သာ ဤသည်တို့သည် ကိုးကွယ်ရာများဖြစ်ကြပါလျှင် ယင်းဂျဟန္နမ် ငရဲဘုံတွင်းသို့ ဆိုက်ရောက်ကြမည်မဟုတ်ပေ။ သို့ရာတွင် (ယခုသော်ကား)၄င်းတို့အားလုံးပင် ယင်းဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝရ နေထိုင်ကြရမည့်သူများဖြစ်ကြချေပြီ။
لَهُمْ فِيهَا زَفِيرٌ وَهُمْ فِيهَا لَا يَسْمَعُونَ
၎င်းတို့၌ ယင်းဂျဟန္နမ်ငရဲဘုံတွင် ညိုးညံညည်းတွားခြင်းသာလျှင် ရှိပေမည်။ ထို့အပြင် ၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲဘုံ၌(မည်သည့်စကား မည်သည့်အသံကိုမျှ)ကြားကြလိမ့်မည် မဟုတ်ချေ။
إِنَّ الَّذِينَ سَبَقَتْ لَهُمْ مِنَّا الْحُسْنَىٰ أُولَٰئِكَ عَنْهَا مُبْعَدُونَ
ဧကန်မလွဲ အကြင်သူတို့သည် ငါအရှင်မြတ်အထံတော်မှ မူလကပင် ထိုသူတို့အဖို့ ကောင်းကျိုးပြဌာန်းပြီးဖြစ်၏။ ထိုသူတို့သည် ယင်းဂျဟန္နမ်ငရဲဘုံမှ ဝေးစေခြင်းကိုခံကြရမည့်သူများပင် ဖြစ်ကြပေမည်။

Choose other languages: