Quran Apps in many lanuages:

Surah Al-Anbiya Ayahs #103 Translated in Burmese

لَوْ كَانَ هَٰؤُلَاءِ آلِهَةً مَا وَرَدُوهَا ۖ وَكُلٌّ فِيهَا خَالِدُونَ
အကယ်၍သာ ဤသည်တို့သည် ကိုးကွယ်ရာများဖြစ်ကြပါလျှင် ယင်းဂျဟန္နမ် ငရဲဘုံတွင်းသို့ ဆိုက်ရောက်ကြမည်မဟုတ်ပေ။ သို့ရာတွင် (ယခုသော်ကား)၄င်းတို့အားလုံးပင် ယင်းဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝရ နေထိုင်ကြရမည့်သူများဖြစ်ကြချေပြီ။
لَهُمْ فِيهَا زَفِيرٌ وَهُمْ فِيهَا لَا يَسْمَعُونَ
၎င်းတို့၌ ယင်းဂျဟန္နမ်ငရဲဘုံတွင် ညိုးညံညည်းတွားခြင်းသာလျှင် ရှိပေမည်။ ထို့အပြင် ၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲဘုံ၌(မည်သည့်စကား မည်သည့်အသံကိုမျှ)ကြားကြလိမ့်မည် မဟုတ်ချေ။
إِنَّ الَّذِينَ سَبَقَتْ لَهُمْ مِنَّا الْحُسْنَىٰ أُولَٰئِكَ عَنْهَا مُبْعَدُونَ
ဧကန်မလွဲ အကြင်သူတို့သည် ငါအရှင်မြတ်အထံတော်မှ မူလကပင် ထိုသူတို့အဖို့ ကောင်းကျိုးပြဌာန်းပြီးဖြစ်၏။ ထိုသူတို့သည် ယင်းဂျဟန္နမ်ငရဲဘုံမှ ဝေးစေခြင်းကိုခံကြရမည့်သူများပင် ဖြစ်ကြပေမည်။
لَا يَسْمَعُونَ حَسِيسَهَا ۖ وَهُمْ فِي مَا اشْتَهَتْ أَنْفُسُهُمْ خَالِدُونَ
၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲဘုံ၏ လေသံကိုသဲ့သဲ့မျှပင် ကြားကြရလိမ့်မည်မဟုတ်ပေ။ စင်စစ် ၎င်းတို့သည် မိမိစိတ်ကြိုက် စည်းစိမ်များတွင် ထာဝစဉ်မွေ့လျော်ခံစားသူများပင် ဖြစ်ကြပေမည်။
لَا يَحْزُنُهُمُ الْفَزَعُ الْأَكْبَرُ وَتَتَلَقَّاهُمُ الْمَلَائِكَةُ هَٰذَا يَوْمُكُمُ الَّذِي كُنْتُمْ تُوعَدُونَ
၎င်းတို့သည် ထိုအကြီးဆုံးသော ထိတ်လန့်ဖွယ်(ဖြစ်သောကိယာမသ်နေ့သည်)ပင်လျှင် စိတ်ဒုက္ခရောက်စေမည်မဟုတ်။ ၎င်းအပြင်(ထိုနေ့တွင်) မလာအိကဟ်ကောင်းကင်တမန်များက ၎င်းတို့အား "ဤနေ့သည်ကား အသင်တို့အားချိန်းချက်ထားသောနေ့ ဖြစ်သည်" ဟူ၍ပင် ကြိုဆိုဧည့်ခံကြအံ့သတည်း။

Choose other languages: