Quran Apps in many lanuages:

Surah Hud Ayahs #49 Translated in Burmese

وَنَادَىٰ نُوحٌ رَبَّهُ فَقَالَ رَبِّ إِنَّ ابْنِي مِنْ أَهْلِي وَإِنَّ وَعْدَكَ الْحَقُّ وَأَنْتَ أَحْكَمُ الْحَاكِمِينَ
ထို့ပြင် (နဗီတမန်တော်) နူဟ်သည် မိမိ အရှင်မြတ်အား ဟစ်ခေါ်၍(ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ် ဧကန်အမှန် ကျွန်တော်တော်မျိုး၏သားသည် ကျွန်တော်မျိုး၏ အိမ်သားတို့အနက်မှဖြစ်ပါသည်။ ၎င်းပြင် အရှင်မြတ်၏ပဋိညာဉ်တော်သည်လည်းလုံးဝမှန်ကန်ပါ၏။ စင်စစ်သော်ကား အရှင်မြတ်သည်စီရင်ဆုံး ဖြတ်သူတို့တွင် သမာသမတ်အဖြစ်ဆုံးသောအရှင် မြတ်ပင်ဖြစ်တော်မူပါသတည်း။
قَالَ يَا نُوحُ إِنَّهُ لَيْسَ مِنْ أَهْلِكَ ۖ إِنَّهُ عَمَلٌ غَيْرُ صَالِحٍ ۖ فَلَا تَسْأَلْنِ مَا لَيْسَ لَكَ بِهِ عِلْمٌ ۖ إِنِّي أَعِظُكَ أَنْ تَكُونَ مِنَ الْجَاهِلِينَ
ထိုအရှင်မြတ်သည် (ဤသို့)ပြန်ကြားတော်မူခဲ့လေသည်။ အို-နူဟ်၊ ဧကန်စင်စစ် ယင်းသားသည် အသင်၏အိမ်သားတို့အနက်မှမဟုတ်ပေ။ ဧကန်မလွဲ ၎င်းသည်မကောင်းမှုကို ပြုမူကျင့်ဆောင်သောသူပင်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် မိမိမသိသောအရာကို ငါအရှင်မြတ်အထံတော်တွင် လျှောက်ထားခြင်းမပြုပါလေနှင့်။ မုချစင်စစ် ငါအရှင်မြတ်သည် အသင့်အား(အနာဂတ်တွင်)အသင်သည် မသိသူတို့နှင့် အပါအဝင်မဖြစ်ရန် ဆုံးမတော်မူသည်။
قَالَ رَبِّ إِنِّي أَعُوذُ بِكَ أَنْ أَسْأَلَكَ مَا لَيْسَ لِي بِهِ عِلْمٌ ۖ وَإِلَّا تَغْفِرْ لِي وَتَرْحَمْنِي أَكُنْ مِنَ الْخَاسِرِينَ
ထို(နဗီတမန်တော်နူဟ်)သည် (ဤသို့)လျှောက်ထားပန်ကြားလေတော့၏။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိမသိသောအရာကို အရှင်မြတ်အထံတော်၌ နောက်နောင်မလျှောက်ထားမိရန် အရှင်မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ (တစ်နည်း) အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏။ စင်စစ်မူကား အကယ်၍သာ အရှင်မြတ်သည် (ကျွန်တော်မျိုး လွဲချော်၍ ပြုမိခဲ့သောအပြစ်မှ)ကျွန်တော်မျိုးအား ချမ်းသာပေးတော်မမူခဲ့ပါလျှင် ၎င်းပြင်အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဝန်ချတောင်းပန်ချက်ကိုလက်ခံတော်မူခြင်းအားဖြင့်) ကျွန်တော်မျိုးအား သနားကရုဏာပြုတော်မမူခဲ့ပါလျှင် ကျွန်တော်မျိုးသည် ဆုံးရှုံးသူတို့တွင် အပါအဝင် ဖြစ်သွားရပါတော့မည်။
قِيلَ يَا نُوحُ اهْبِطْ بِسَلَامٍ مِنَّا وَبَرَكَاتٍ عَلَيْكَ وَعَلَىٰ أُمَمٍ مِمَّنْ مَعَكَ ۚ وَأُمَمٌ سَنُمَتِّعُهُمْ ثُمَّ يَمَسُّهُمْ مِنَّا عَذَابٌ أَلِيمٌ
(ထို့နောက် နဗီတမန်တော်နူဟ်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဤသို့)မိန့်ကြားတော် မူခြင်းခံခဲ့ရလေသည်မှာ အို-နူဟ်အသင်သည် မိမိအပေါ်၌လည်းကောင်း၊အသင်နှင့်အတူရှိသော လူများအပေါ်၌လည်းကောင်း၊ ငါအရှင်မြတ်အထံတော်မှ ငြိမ်းချမ်းမှုနှင့် ကျက်သရေမင်္ဂလာများကို ယူဆောင်၍ (ဂျူဒီတောင်ပေါ်မှ) ဆင်းသက်ပါလေ။ ထိုမှတစ်ပါး အကြင်လူများလည်း ရှိကြပေဦးမည်။ ငါအရှင်မြတ်သည် ၎င်းတို့အား(ကာလအနည်းငယ်မျှအထိ)ပျော်မွေ့စေတော်မူပေမည်။ ထု့ိနောက် ၎င်းတို့၌ ငါအရှင်မြတ်အထံတော်မှပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ဆိုက်ရောက်မည်ဖြစ်ပေသတည်း။
تِلْكَ مِنْ أَنْبَاءِ الْغَيْبِ نُوحِيهَا إِلَيْكَ ۖ مَا كُنْتَ تَعْلَمُهَا أَنْتَ وَلَا قَوْمُكَ مِنْ قَبْلِ هَٰذَا ۖ فَاصْبِرْ ۖ إِنَّ الْعَاقِبَةَ لِلْمُتَّقِينَ
ဤ(အဖြစ်အပျက်အကြောင်း)တို့ကား အကွယ်၌ရှိသော သတင်းများအနက်မှပင်ဖြစ်၏။ ငါအရှင်မြတ်သည်ထိုသတင်းများကို အသင့်ထံသို့ ထုတ်ပြန်တော်မူ၏။ ဤသို့မထုတ်ပြန်မီ ထိုသတင်းများကို အသင်လည်းမသိခဲ့ချေ။အသင် ၏အမျိုးသား များလည်း သိခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် (သာသနာပြုရာ၌လည်းကောင်း၊ မိမိအမျိုး သားများ၏ဒုက္ခပေးမှုများအပေါ်၌လည်းကောင်း)သည်းခံပါလေ။ ဧကန်မလွဲ နောက်ဆုံးတွင် အကျိုးခံစားမှုသည်ကား (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်ကြကုန် သောသူတော်စင်တို့အဖို့သာလျှင်ဖြစ်ချေသတည်း။

Choose other languages: