Quran Apps in many lanuages:

Surah Hud Ayahs #48 Translated in Burmese

وَقِيلَ يَا أَرْضُ ابْلَعِي مَاءَكِ وَيَا سَمَاءُ أَقْلِعِي وَغِيضَ الْمَاءُ وَقُضِيَ الْأَمْرُ وَاسْتَوَتْ عَلَى الْجُودِيِّ ۖ وَقِيلَ بُعْدًا لِلْقَوْمِ الظَّالِمِينَ
ထို့နောက် (အလ္လာဟ်အရှင်မြတ်အထံတော်မှဤသို့)အမိန့်တော် ထုတ်ပြန်တော်မူလိုက်လေသည်။ အိုပထဝီမြေ၊အသင်သည် မိမိရေများကို စုပ်ယူ မျိုချလေလော့။၎င်းပြင် အို-မိုးကောင်ကင် အသင်သည် (မိုးရွာသွန်းခြင်းကို)ရပ်ဆိုင်းလေလော့။ ထိုရောအခါဝယ် ရေသည် လျော့ပါး၍သွားခဲ့လေသည်။ ထို့ပြင် အရေးကိစ္စသည်လည်း ပြီးမြောက်သွားခဲ့ရလေသည်။ ၎င်းပြင် ထိုသင်္ဘောသည်လည်း ဂျူဒီတောင်ပေါ်၌ ရပ်နား၍သွားခဲ့လေသည်။ ထိုမှတစ်ပါး (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက်ကလူ ပြုမူကုန် သောသူတို့သည်(ကရုဏာတော်(ကရုဏာတော်မှ) ကင်းဝေခဲ့ကြချေပြီးတကားဟု မိန့်ကြားတော်မူခြင်းခံခဲ့ရလေသတည်း။
وَنَادَىٰ نُوحٌ رَبَّهُ فَقَالَ رَبِّ إِنَّ ابْنِي مِنْ أَهْلِي وَإِنَّ وَعْدَكَ الْحَقُّ وَأَنْتَ أَحْكَمُ الْحَاكِمِينَ
ထို့ပြင် (နဗီတမန်တော်) နူဟ်သည် မိမိ အရှင်မြတ်အား ဟစ်ခေါ်၍(ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ် ဧကန်အမှန် ကျွန်တော်တော်မျိုး၏သားသည် ကျွန်တော်မျိုး၏ အိမ်သားတို့အနက်မှဖြစ်ပါသည်။ ၎င်းပြင် အရှင်မြတ်၏ပဋိညာဉ်တော်သည်လည်းလုံးဝမှန်ကန်ပါ၏။ စင်စစ်သော်ကား အရှင်မြတ်သည်စီရင်ဆုံး ဖြတ်သူတို့တွင် သမာသမတ်အဖြစ်ဆုံးသောအရှင် မြတ်ပင်ဖြစ်တော်မူပါသတည်း။
قَالَ يَا نُوحُ إِنَّهُ لَيْسَ مِنْ أَهْلِكَ ۖ إِنَّهُ عَمَلٌ غَيْرُ صَالِحٍ ۖ فَلَا تَسْأَلْنِ مَا لَيْسَ لَكَ بِهِ عِلْمٌ ۖ إِنِّي أَعِظُكَ أَنْ تَكُونَ مِنَ الْجَاهِلِينَ
ထိုအရှင်မြတ်သည် (ဤသို့)ပြန်ကြားတော်မူခဲ့လေသည်။ အို-နူဟ်၊ ဧကန်စင်စစ် ယင်းသားသည် အသင်၏အိမ်သားတို့အနက်မှမဟုတ်ပေ။ ဧကန်မလွဲ ၎င်းသည်မကောင်းမှုကို ပြုမူကျင့်ဆောင်သောသူပင်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် မိမိမသိသောအရာကို ငါအရှင်မြတ်အထံတော်တွင် လျှောက်ထားခြင်းမပြုပါလေနှင့်။ မုချစင်စစ် ငါအရှင်မြတ်သည် အသင့်အား(အနာဂတ်တွင်)အသင်သည် မသိသူတို့နှင့် အပါအဝင်မဖြစ်ရန် ဆုံးမတော်မူသည်။
قَالَ رَبِّ إِنِّي أَعُوذُ بِكَ أَنْ أَسْأَلَكَ مَا لَيْسَ لِي بِهِ عِلْمٌ ۖ وَإِلَّا تَغْفِرْ لِي وَتَرْحَمْنِي أَكُنْ مِنَ الْخَاسِرِينَ
ထို(နဗီတမန်တော်နူဟ်)သည် (ဤသို့)လျှောက်ထားပန်ကြားလေတော့၏။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိမသိသောအရာကို အရှင်မြတ်အထံတော်၌ နောက်နောင်မလျှောက်ထားမိရန် အရှင်မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ (တစ်နည်း) အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏။ စင်စစ်မူကား အကယ်၍သာ အရှင်မြတ်သည် (ကျွန်တော်မျိုး လွဲချော်၍ ပြုမိခဲ့သောအပြစ်မှ)ကျွန်တော်မျိုးအား ချမ်းသာပေးတော်မမူခဲ့ပါလျှင် ၎င်းပြင်အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဝန်ချတောင်းပန်ချက်ကိုလက်ခံတော်မူခြင်းအားဖြင့်) ကျွန်တော်မျိုးအား သနားကရုဏာပြုတော်မမူခဲ့ပါလျှင် ကျွန်တော်မျိုးသည် ဆုံးရှုံးသူတို့တွင် အပါအဝင် ဖြစ်သွားရပါတော့မည်။
قِيلَ يَا نُوحُ اهْبِطْ بِسَلَامٍ مِنَّا وَبَرَكَاتٍ عَلَيْكَ وَعَلَىٰ أُمَمٍ مِمَّنْ مَعَكَ ۚ وَأُمَمٌ سَنُمَتِّعُهُمْ ثُمَّ يَمَسُّهُمْ مِنَّا عَذَابٌ أَلِيمٌ
(ထို့နောက် နဗီတမန်တော်နူဟ်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဤသို့)မိန့်ကြားတော် မူခြင်းခံခဲ့ရလေသည်မှာ အို-နူဟ်အသင်သည် မိမိအပေါ်၌လည်းကောင်း၊အသင်နှင့်အတူရှိသော လူများအပေါ်၌လည်းကောင်း၊ ငါအရှင်မြတ်အထံတော်မှ ငြိမ်းချမ်းမှုနှင့် ကျက်သရေမင်္ဂလာများကို ယူဆောင်၍ (ဂျူဒီတောင်ပေါ်မှ) ဆင်းသက်ပါလေ။ ထိုမှတစ်ပါး အကြင်လူများလည်း ရှိကြပေဦးမည်။ ငါအရှင်မြတ်သည် ၎င်းတို့အား(ကာလအနည်းငယ်မျှအထိ)ပျော်မွေ့စေတော်မူပေမည်။ ထု့ိနောက် ၎င်းတို့၌ ငါအရှင်မြတ်အထံတော်မှပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ဆိုက်ရောက်မည်ဖြစ်ပေသတည်း။

Choose other languages: