Quran Apps in many lanuages:

Surah Hud Ayahs #51 Translated in Burmese

قَالَ رَبِّ إِنِّي أَعُوذُ بِكَ أَنْ أَسْأَلَكَ مَا لَيْسَ لِي بِهِ عِلْمٌ ۖ وَإِلَّا تَغْفِرْ لِي وَتَرْحَمْنِي أَكُنْ مِنَ الْخَاسِرِينَ
ထို(နဗီတမန်တော်နူဟ်)သည် (ဤသို့)လျှောက်ထားပန်ကြားလေတော့၏။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိမသိသောအရာကို အရှင်မြတ်အထံတော်၌ နောက်နောင်မလျှောက်ထားမိရန် အရှင်မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ (တစ်နည်း) အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏။ စင်စစ်မူကား အကယ်၍သာ အရှင်မြတ်သည် (ကျွန်တော်မျိုး လွဲချော်၍ ပြုမိခဲ့သောအပြစ်မှ)ကျွန်တော်မျိုးအား ချမ်းသာပေးတော်မမူခဲ့ပါလျှင် ၎င်းပြင်အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဝန်ချတောင်းပန်ချက်ကိုလက်ခံတော်မူခြင်းအားဖြင့်) ကျွန်တော်မျိုးအား သနားကရုဏာပြုတော်မမူခဲ့ပါလျှင် ကျွန်တော်မျိုးသည် ဆုံးရှုံးသူတို့တွင် အပါအဝင် ဖြစ်သွားရပါတော့မည်။
قِيلَ يَا نُوحُ اهْبِطْ بِسَلَامٍ مِنَّا وَبَرَكَاتٍ عَلَيْكَ وَعَلَىٰ أُمَمٍ مِمَّنْ مَعَكَ ۚ وَأُمَمٌ سَنُمَتِّعُهُمْ ثُمَّ يَمَسُّهُمْ مِنَّا عَذَابٌ أَلِيمٌ
(ထို့နောက် နဗီတမန်တော်နူဟ်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဤသို့)မိန့်ကြားတော် မူခြင်းခံခဲ့ရလေသည်မှာ အို-နူဟ်အသင်သည် မိမိအပေါ်၌လည်းကောင်း၊အသင်နှင့်အတူရှိသော လူများအပေါ်၌လည်းကောင်း၊ ငါအရှင်မြတ်အထံတော်မှ ငြိမ်းချမ်းမှုနှင့် ကျက်သရေမင်္ဂလာများကို ယူဆောင်၍ (ဂျူဒီတောင်ပေါ်မှ) ဆင်းသက်ပါလေ။ ထိုမှတစ်ပါး အကြင်လူများလည်း ရှိကြပေဦးမည်။ ငါအရှင်မြတ်သည် ၎င်းတို့အား(ကာလအနည်းငယ်မျှအထိ)ပျော်မွေ့စေတော်မူပေမည်။ ထု့ိနောက် ၎င်းတို့၌ ငါအရှင်မြတ်အထံတော်မှပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ဆိုက်ရောက်မည်ဖြစ်ပေသတည်း။
تِلْكَ مِنْ أَنْبَاءِ الْغَيْبِ نُوحِيهَا إِلَيْكَ ۖ مَا كُنْتَ تَعْلَمُهَا أَنْتَ وَلَا قَوْمُكَ مِنْ قَبْلِ هَٰذَا ۖ فَاصْبِرْ ۖ إِنَّ الْعَاقِبَةَ لِلْمُتَّقِينَ
ဤ(အဖြစ်အပျက်အကြောင်း)တို့ကား အကွယ်၌ရှိသော သတင်းများအနက်မှပင်ဖြစ်၏။ ငါအရှင်မြတ်သည်ထိုသတင်းများကို အသင့်ထံသို့ ထုတ်ပြန်တော်မူ၏။ ဤသို့မထုတ်ပြန်မီ ထိုသတင်းများကို အသင်လည်းမသိခဲ့ချေ။အသင် ၏အမျိုးသား များလည်း သိခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် (သာသနာပြုရာ၌လည်းကောင်း၊ မိမိအမျိုး သားများ၏ဒုက္ခပေးမှုများအပေါ်၌လည်းကောင်း)သည်းခံပါလေ။ ဧကန်မလွဲ နောက်ဆုံးတွင် အကျိုးခံစားမှုသည်ကား (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်ကြကုန် သောသူတော်စင်တို့အဖို့သာလျှင်ဖြစ်ချေသတည်း။
وَإِلَىٰ عَادٍ أَخَاهُمْ هُودًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ إِنْ أَنْتُمْ إِلَّا مُفْتَرُونَ
ထို့ပြင် (ငါအရှင်မြတ်သည်) အာဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဟူဒ်အား (စေလွှတ်တော်မူခဲ့လေသည်။) ထို(နဗီတမန်တော်)ဟူဒ်သည် (မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဆုံးမခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ အသင်တို့အဖို့ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိချေ။ (စင်စစ်သော်ကား)အသင်တို့သည် လီဆယ်ဖန်တီးသူများသာလျှင် ဖြစ်ကြကုန်သတည်း။
يَا قَوْمِ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ أَجْرِيَ إِلَّا عَلَى الَّذِي فَطَرَنِي ۚ أَفَلَا تَعْقِلُونَ
အို-ငါ၏အမျိုးသားတို့ ငါသည် အသင်တို့ထံဤ(တရားဓမ္မဟောကြားခြင်း)နှင့်စပ်လျဉ်း၍ မည့်သည့် အကျိုးဆုလာဘ်ကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်မှာမူကား ငါ့အားဖန်ဆင်းတော်မူသော အရှင်မြတ်ပေါ်၌သာ တာဝန်ရှိပေသည်။ သို့ပါလျက် အသင်တို့သည် (ဤမျှထင်ရှားလှသော အကြောင်းကိုပင်) နားမလည်ကြပါသလော။

Choose other languages: