Quran Apps in many lanuages:

Surah Hud Ayahs #53 Translated in Burmese

تِلْكَ مِنْ أَنْبَاءِ الْغَيْبِ نُوحِيهَا إِلَيْكَ ۖ مَا كُنْتَ تَعْلَمُهَا أَنْتَ وَلَا قَوْمُكَ مِنْ قَبْلِ هَٰذَا ۖ فَاصْبِرْ ۖ إِنَّ الْعَاقِبَةَ لِلْمُتَّقِينَ
ဤ(အဖြစ်အပျက်အကြောင်း)တို့ကား အကွယ်၌ရှိသော သတင်းများအနက်မှပင်ဖြစ်၏။ ငါအရှင်မြတ်သည်ထိုသတင်းများကို အသင့်ထံသို့ ထုတ်ပြန်တော်မူ၏။ ဤသို့မထုတ်ပြန်မီ ထိုသတင်းများကို အသင်လည်းမသိခဲ့ချေ။အသင် ၏အမျိုးသား များလည်း သိခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် (သာသနာပြုရာ၌လည်းကောင်း၊ မိမိအမျိုး သားများ၏ဒုက္ခပေးမှုများအပေါ်၌လည်းကောင်း)သည်းခံပါလေ။ ဧကန်မလွဲ နောက်ဆုံးတွင် အကျိုးခံစားမှုသည်ကား (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်ကြကုန် သောသူတော်စင်တို့အဖို့သာလျှင်ဖြစ်ချေသတည်း။
وَإِلَىٰ عَادٍ أَخَاهُمْ هُودًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ إِنْ أَنْتُمْ إِلَّا مُفْتَرُونَ
ထို့ပြင် (ငါအရှင်မြတ်သည်) အာဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဟူဒ်အား (စေလွှတ်တော်မူခဲ့လေသည်။) ထို(နဗီတမန်တော်)ဟူဒ်သည် (မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဆုံးမခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ အသင်တို့အဖို့ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိချေ။ (စင်စစ်သော်ကား)အသင်တို့သည် လီဆယ်ဖန်တီးသူများသာလျှင် ဖြစ်ကြကုန်သတည်း။
يَا قَوْمِ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ أَجْرِيَ إِلَّا عَلَى الَّذِي فَطَرَنِي ۚ أَفَلَا تَعْقِلُونَ
အို-ငါ၏အမျိုးသားတို့ ငါသည် အသင်တို့ထံဤ(တရားဓမ္မဟောကြားခြင်း)နှင့်စပ်လျဉ်း၍ မည့်သည့် အကျိုးဆုလာဘ်ကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်မှာမူကား ငါ့အားဖန်ဆင်းတော်မူသော အရှင်မြတ်ပေါ်၌သာ တာဝန်ရှိပေသည်။ သို့ပါလျက် အသင်တို့သည် (ဤမျှထင်ရှားလှသော အကြောင်းကိုပင်) နားမလည်ကြပါသလော။
وَيَا قَوْمِ اسْتَغْفِرُوا رَبَّكُمْ ثُمَّ تُوبُوا إِلَيْهِ يُرْسِلِ السَّمَاءَ عَلَيْكُمْ مِدْرَارًا وَيَزِدْكُمْ قُوَّةً إِلَىٰ قُوَّتِكُمْ وَلَا تَتَوَلَّوْا مُجْرِمِينَ
၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် (ထိုအရှင်မြတ်အထံတော်၌ဝန်ချတောင်းပန်ကြလေကုန်။) (တစ်နည်း) ထိုအရှင်မြတ်အထံတော်သို့လှည့်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ မိုးကို ဖြိုင်ဖြိုင် ရွာသွန်းစေတော်မူအံ့။ အသင်တို့၏အားအင်၌ အသစ်ထပ်ဖြည့်တော်မူ၍ အသင်တို့ကို အားအင်တိုးတက်စေတော်မူအံ့။ ၎င်းပြင် အသင်တို့သည် ပြစ်မှုကျူးလွန်သူများအဖြစ် မျက်နှာလွှဲ၍ မသွားကြကုန်လင့်။
قَالُوا يَا هُودُ مَا جِئْتَنَا بِبَيِّنَةٍ وَمَا نَحْنُ بِتَارِكِي آلِهَتِنَا عَنْ قَوْلِكَ وَمَا نَحْنُ لَكَ بِمُؤْمِنِينَ
၎င်း(အမျိုးသား)တို့က (နဗီတမန်တော်ဟူဒ်အား ဤသို့)ပြောဆိုခဲ့ကြလေသည်။ အို-ဟူဒ်၊ အသင်သည်(မိမိပြောဆိုချက်နှင့်စပ်လျဉ်း၍) ကျွန်ုပ်တို့ထံ ထင်ရှားသောသက်သေသာဓက တစ်စုံတစ်ရာကိုမျှ ယူဆောင်ခဲ့သည်မရှိချေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်ပြောဆိုချက်ကြောင့် မိမိတို့၏ကိုးကွယ်ရာများကို စွန့်လွှတ်ကြမည့်သူများလည်း မဟုတ်ကြချေ။ထိုမှတစ်ပါး ကျွန်ုပ်တို့သည် အသင့်၏အပေါ်၌ ယုံကြည်ကြမည့်သူများလည်း မဟုတ်ကြပေ။

Choose other languages: