Quran Apps in many lanuages:

Surah At-Tawba Ayahs #127 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا قَاتِلُوا الَّذِينَ يَلُونَكُمْ مِنَ الْكُفَّارِ وَلْيَجِدُوا فِيكُمْ غِلْظَةً ۚ وَاعْلَمُوا أَنَّ اللَّهَ مَعَ الْمُتَّقِينَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့၏ အနီးပတ်ဝန်းကျင်ရှိ ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သူတို့အား တိုက်ခိုက်ကြလေကုန်၊ ထို့ပြင် ၎င်းကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သူတို့သည်အသင်တို့၌ ပြင်းထန်မှုကို တွေ့ရှိကြစေရာ၏။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် သူတော်စင်တို့နှင့် အတူရှိတော်မူကြောင်း အသင်တို့သည် (ကောင်းစွာ) သိထားကြလေကုန်။
وَإِذَا مَا أُنْزِلَتْ سُورَةٌ فَمِنْهُمْ مَنْ يَقُولُ أَيُّكُمْ زَادَتْهُ هَٰذِهِ إِيمَانًا ۚ فَأَمَّا الَّذِينَ آمَنُوا فَزَادَتْهُمْ إِيمَانًا وَهُمْ يَسْتَبْشِرُونَ
စင်စစ်သော်ကား မည်သည့်အခါမျိုး၌မဆို (ကုရ်အာန်ကျမ်းတော်မြတ်၏)’စူရဟ်ကဏ္ဍ တစ်ခုခုသည် (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ချပေးသနားတော်မူခြင်း ခံခဲ့ရပါလျှင်၊ထို (မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်သော) သူတို့အနက်မှ အချို့က ဤ စူရဟ် ကဏ္ဍသည် အသင်တို့အနက် မည်သူ၏အီမာန်သက်ဝင်ယုံကြည်မှုကို တိုးတက်စေပါသနည်းဟု ပြောဆိုလေ၏။ စင်စစ်သော်ကား မည်သို့ပင်ဖြစ်စေ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ ထိုစူရဟ်ကဏ္ဍသည် ၎င်းတို့��အီမာန် သက်ဝင်ယုံကြည်မှုကို တိုးတက်စေခဲ့၏။ ထို့ပြင် ၎င်းတို့သည်ဝမ်းမြောက်ပျော်ရွှင်လျက် ရှိကြကုန်၏။
وَأَمَّا الَّذِينَ فِي قُلُوبِهِمْ مَرَضٌ فَزَادَتْهُمْ رِجْسًا إِلَىٰ رِجْسِهِمْ وَمَاتُوا وَهُمْ كَافِرُونَ
သို့ရာတွင် စိတ်နှလုံးများတွင် ရောဂါရှိသော သူတို့မှာကား ထိုစူရဟ်ကဏ္ဍသည် ၎င်းတို့၏ အညစ်အကြေးတွင်အညစ်အကြေးတခုခုကို(ထပ်လောင်း၍)တိုးစေခဲ့သည်။ ထို့ပြင်၎င်းတို့သည် ကာဖိရ်မယုံကြည်သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးခဲ့ကြရလေသည်။
أَوَلَا يَرَوْنَ أَنَّهُمْ يُفْتَنُونَ فِي كُلِّ عَامٍ مَرَّةً أَوْ مَرَّتَيْنِ ثُمَّ لَا يَتُوبُونَ وَلَا هُمْ يَذَّكَّرُونَ
၎င်းတို့သည် မိမိတို့မှာ တနှစ်လျှင်တစ်ကြိမ် သို့မဟုတ်နှစ်ကြိမ် စမ်းသပ်ခြင်းခံကြရသည်ကို မမြင်ကြလေသလော၊ သို့ပါလျက် ၎င်းတို့သည် ဝန်ချ တောင်းပန်ကြသည်လည်းမဟုတ်ပေ၊ သတိတရား ရရှိကြသည်လည်း မဟုတ်ချေတကား။
وَإِذَا مَا أُنْزِلَتْ سُورَةٌ نَظَرَ بَعْضُهُمْ إِلَىٰ بَعْضٍ هَلْ يَرَاكُمْ مِنْ أَحَدٍ ثُمَّ انْصَرَفُوا ۚ صَرَفَ اللَّهُ قُلُوبَهُمْ بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ
ထိုမှတစ်ပါး မည်သည့်အခါမျိုးမဆို စူရဟ်ကဏ္ဍတစ်ခုခုကို ချပေးသနားတော်မူခြင်းကို ခံခဲ့ရပါလျှင်၊ ၎င်းတို့အနက် တစ်ဦးကတစ်ဦးကိုကြည့်(၍)အသင်တို့အား (နဗီတမန်တော်နှင့်မုစ်လင်မ်တို့အနက်မှ) တစ်ဦးဦးသည် ကြည့်နေသလောဟုအရိပ်အယောင်ဖြင့်ပြောဆို)မေးမြန်းပြီးနောက်ပြန်လှည့်(၍ထွက်သွား) ခဲ့ကြလေသည်။ (စင်စစ် သော်ကား) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို လှည့်၍ထားတော်မူခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသိဉာဏ်ကို အသုံးမပြုသောသူများသာ ဖြစ်ကြသောကြောင့်ပင်။

Choose other languages: