Quran Apps in many lanuages:

Surah At-Tawba Ayahs #128 Translated in Burmese

وَإِذَا مَا أُنْزِلَتْ سُورَةٌ فَمِنْهُمْ مَنْ يَقُولُ أَيُّكُمْ زَادَتْهُ هَٰذِهِ إِيمَانًا ۚ فَأَمَّا الَّذِينَ آمَنُوا فَزَادَتْهُمْ إِيمَانًا وَهُمْ يَسْتَبْشِرُونَ
စင်စစ်သော်ကား မည်သည့်အခါမျိုး၌မဆို (ကုရ်အာန်ကျမ်းတော်မြတ်၏)’စူရဟ်ကဏ္ဍ တစ်ခုခုသည် (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ချပေးသနားတော်မူခြင်း ခံခဲ့ရပါလျှင်၊ထို (မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်သော) သူတို့အနက်မှ အချို့က ဤ စူရဟ် ကဏ္ဍသည် အသင်တို့အနက် မည်သူ၏အီမာန်သက်ဝင်ယုံကြည်မှုကို တိုးတက်စေပါသနည်းဟု ပြောဆိုလေ၏။ စင်စစ်သော်ကား မည်သို့ပင်ဖြစ်စေ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ ထိုစူရဟ်ကဏ္ဍသည် ၎င်းတို့��အီမာန် သက်ဝင်ယုံကြည်မှုကို တိုးတက်စေခဲ့၏။ ထို့ပြင် ၎င်းတို့သည်ဝမ်းမြောက်ပျော်ရွှင်လျက် ရှိကြကုန်၏။
وَأَمَّا الَّذِينَ فِي قُلُوبِهِمْ مَرَضٌ فَزَادَتْهُمْ رِجْسًا إِلَىٰ رِجْسِهِمْ وَمَاتُوا وَهُمْ كَافِرُونَ
သို့ရာတွင် စိတ်နှလုံးများတွင် ရောဂါရှိသော သူတို့မှာကား ထိုစူရဟ်ကဏ္ဍသည် ၎င်းတို့၏ အညစ်အကြေးတွင်အညစ်အကြေးတခုခုကို(ထပ်လောင်း၍)တိုးစေခဲ့သည်။ ထို့ပြင်၎င်းတို့သည် ကာဖိရ်မယုံကြည်သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးခဲ့ကြရလေသည်။
أَوَلَا يَرَوْنَ أَنَّهُمْ يُفْتَنُونَ فِي كُلِّ عَامٍ مَرَّةً أَوْ مَرَّتَيْنِ ثُمَّ لَا يَتُوبُونَ وَلَا هُمْ يَذَّكَّرُونَ
၎င်းတို့သည် မိမိတို့မှာ တနှစ်လျှင်တစ်ကြိမ် သို့မဟုတ်နှစ်ကြိမ် စမ်းသပ်ခြင်းခံကြရသည်ကို မမြင်ကြလေသလော၊ သို့ပါလျက် ၎င်းတို့သည် ဝန်ချ တောင်းပန်ကြသည်လည်းမဟုတ်ပေ၊ သတိတရား ရရှိကြသည်လည်း မဟုတ်ချေတကား။
وَإِذَا مَا أُنْزِلَتْ سُورَةٌ نَظَرَ بَعْضُهُمْ إِلَىٰ بَعْضٍ هَلْ يَرَاكُمْ مِنْ أَحَدٍ ثُمَّ انْصَرَفُوا ۚ صَرَفَ اللَّهُ قُلُوبَهُمْ بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ
ထိုမှတစ်ပါး မည်သည့်အခါမျိုးမဆို စူရဟ်ကဏ္ဍတစ်ခုခုကို ချပေးသနားတော်မူခြင်းကို ခံခဲ့ရပါလျှင်၊ ၎င်းတို့အနက် တစ်ဦးကတစ်ဦးကိုကြည့်(၍)အသင်တို့အား (နဗီတမန်တော်နှင့်မုစ်လင်မ်တို့အနက်မှ) တစ်ဦးဦးသည် ကြည့်နေသလောဟုအရိပ်အယောင်ဖြင့်ပြောဆို)မေးမြန်းပြီးနောက်ပြန်လှည့်(၍ထွက်သွား) ခဲ့ကြလေသည်။ (စင်စစ် သော်ကား) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို လှည့်၍ထားတော်မူခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အသိဉာဏ်ကို အသုံးမပြုသောသူများသာ ဖြစ်ကြသောကြောင့်ပင်။
لَقَدْ جَاءَكُمْ رَسُولٌ مِنْ أَنْفُسِكُمْ عَزِيزٌ عَلَيْهِ مَا عَنِتُّمْ حَرِيصٌ عَلَيْكُمْ بِالْمُؤْمِنِينَ رَءُوفٌ رَحِيمٌ
ဧကန်မလွဲ အသင်တို့အနက်မှပင် ရစူလ်တမန်တော်တစ်ပါးသည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ အသင်တို့တွေ့ကြုံရသော ဒုက္ခသည် ထိုရစူလ်တမန်တော်၏အပေါ်၌အလွန် ဝန်လေးလှသည်။ (၎င်းပြင် ထိုရစူလ်တမန်တော်သည်)အသင်တို့နှင့်ပတ်သက်၍ ကောင်းရာကောင်းကြောင်း များကိုသာ အာသာဆန္ဒ ပြင်းပြစွာ တပ်မက်သူဖြစ် ၏။ (ထိုမှတစ်ပါး)’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့နှင့်ပတ်သက်၍ အလွန်တရာနူးညံ့သိမ်မွေ့သူ၊ အလွန်တရာ သနားကြင်နာသူတဦး(လည်း)ဖြစ်ချေ သတည်း။

Choose other languages: