Quran Apps in many lanuages:

Surah At-Tawba Ayahs #125 Translated in Burmese

وَلَا يُنْفِقُونَ نَفَقَةً صَغِيرَةً وَلَا كَبِيرَةً وَلَا يَقْطَعُونَ وَادِيًا إِلَّا كُتِبَ لَهُمْ لِيَجْزِيَهُمُ اللَّهُ أَحْسَنَ مَا كَانُوا يَعْمَلُونَ
၎င်းအပြင် ထိုသူတို့သည် အသေးအဖွဲ သုံးစွဲခြင်းကိုလည်းကောင်း၊ အကြီးအကျယ် သုံးစွဲခြင်းကို လည်းကောင်း၊သုံးစွဲကြသည်ရှိသော်၊ ထို့အတူ ထိုသူတို့သည် မည်သည့်တောင်ကြားအရပ် တစ်ရပ်ရပ်ကိုမဆို ဖြတ်ကျော်ကြသည်ရှိသော်၊ထိုသူတို့အဖို့ ရေးသားထားရှိပြီး ဖြစ်ခဲ့သည်သာတည်း။ (ယင်းကဲ့သို့ ရေးသား၍ထားရှိခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည်ထိုသူတို့အား ထိုသူတို့၏အပြုအမူများနှင့်စပ်လျဉ်း၍အကောင်းဆုံးသောအကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူခြင်းငှာ ဖြစ်ချေသည်။
وَمَا كَانَ الْمُؤْمِنُونَ لِيَنْفِرُوا كَافَّةً ۚ فَلَوْلَا نَفَرَ مِنْ كُلِّ فِرْقَةٍ مِنْهُمْ طَائِفَةٌ لِيَتَفَقَّهُوا فِي الدِّينِ وَلِيُنْذِرُوا قَوْمَهُمْ إِذَا رَجَعُوا إِلَيْهِمْ لَعَلَّهُمْ يَحْذَرُونَ
စင်စစ်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့သည် တစ်ယောက်မကျန် (စစ်တလင်းသို့) ထွက်ကြရန်(လည်း) မထိုက်ချေ။ သို့ဖြစ်ပေရာ ၎င်းတို့ အနက် အုပ်စုတိုင်းမှလူတစ်စုသည်သာလျှင် (စစ်တလင်းသို့)ထွက်ကြရပေမည်။ သို့မှသာလျှင် (ကျန်လူတို့မှာ) ဒီန်သာသနာ နှင့်စပ်လျဉ်း၍ (အသိပညာများကို) သင်ယူဆည်းပူးနိုင်ကြပေမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အမျိုးသားတို့အား (စစ်တလင်းမှ) မိမိတို့ထံပြန်လည် ရောက်ရှိလာခဲ့ကြသောအခါ(အလ္လာဟ်အရှင်မြတ်၏အမိန့်ပညတ်တော်များကို ဟောကြားခြင်းအားဖြင့်) သတိပေးနှိုးဆော်နိုင်ကြပေမည်။ သို့မှသာလျှင် ထိုအမျိုးသားတို့သည်(ပြစ်မှုဒုစရိုက်တို့မှ) ရှောင်ရှားတန်ကြရာ ကုန်သတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا قَاتِلُوا الَّذِينَ يَلُونَكُمْ مِنَ الْكُفَّارِ وَلْيَجِدُوا فِيكُمْ غِلْظَةً ۚ وَاعْلَمُوا أَنَّ اللَّهَ مَعَ الْمُتَّقِينَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့၏ အနီးပတ်ဝန်းကျင်ရှိ ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သူတို့အား တိုက်ခိုက်ကြလေကုန်၊ ထို့ပြင် ၎င်းကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သူတို့သည်အသင်တို့၌ ပြင်းထန်မှုကို တွေ့ရှိကြစေရာ၏။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် သူတော်စင်တို့နှင့် အတူရှိတော်မူကြောင်း အသင်တို့သည် (ကောင်းစွာ) သိထားကြလေကုန်။
وَإِذَا مَا أُنْزِلَتْ سُورَةٌ فَمِنْهُمْ مَنْ يَقُولُ أَيُّكُمْ زَادَتْهُ هَٰذِهِ إِيمَانًا ۚ فَأَمَّا الَّذِينَ آمَنُوا فَزَادَتْهُمْ إِيمَانًا وَهُمْ يَسْتَبْشِرُونَ
စင်စစ်သော်ကား မည်သည့်အခါမျိုး၌မဆို (ကုရ်အာန်ကျမ်းတော်မြတ်၏)’စူရဟ်ကဏ္ဍ တစ်ခုခုသည် (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ချပေးသနားတော်မူခြင်း ခံခဲ့ရပါလျှင်၊ထို (မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်သော) သူတို့အနက်မှ အချို့က ဤ စူရဟ် ကဏ္ဍသည် အသင်တို့အနက် မည်သူ၏အီမာန်သက်ဝင်ယုံကြည်မှုကို တိုးတက်စေပါသနည်းဟု ပြောဆိုလေ၏။ စင်စစ်သော်ကား မည်သို့ပင်ဖြစ်စေ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ ထိုစူရဟ်ကဏ္ဍသည် ၎င်းတို့��အီမာန် သက်ဝင်ယုံကြည်မှုကို တိုးတက်စေခဲ့၏။ ထို့ပြင် ၎င်းတို့သည်ဝမ်းမြောက်ပျော်ရွှင်လျက် ရှိကြကုန်၏။
وَأَمَّا الَّذِينَ فِي قُلُوبِهِمْ مَرَضٌ فَزَادَتْهُمْ رِجْسًا إِلَىٰ رِجْسِهِمْ وَمَاتُوا وَهُمْ كَافِرُونَ
သို့ရာတွင် စိတ်နှလုံးများတွင် ရောဂါရှိသော သူတို့မှာကား ထိုစူရဟ်ကဏ္ဍသည် ၎င်းတို့၏ အညစ်အကြေးတွင်အညစ်အကြေးတခုခုကို(ထပ်လောင်း၍)တိုးစေခဲ့သည်။ ထို့ပြင်၎င်းတို့သည် ကာဖိရ်မယုံကြည်သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးခဲ့ကြရလေသည်။

Choose other languages: