Quran Apps in many lanuages:

Surah Ar-Rad Ayahs #19 Translated in Burmese

وَلِلَّهِ يَسْجُدُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَظِلَالُهُمْ بِالْغُدُوِّ وَالْآصَالِ ۩
ထို့ပြင် မိုးကောင်းကင်၌ရှိသည်တို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့သည်လည်းကောင်း၊ မိမိစေတနာအလျောက်ဖြစ်စေ၊ စေတနာမရှိဘဲ မလွဲမရှောင်သာ၍ဖြစ်စေ၊ ထိုအရှင်မြတ်၏ရှေ့တော် မှောက်၌သာလျှင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက်ရှိကုန်၏။ ထိုမှတစ်ပါး ယင်းတို့၏အရိပ်ဆာယာတို့မှာလည်း နံနက်ယံများ၌လည်းကောင်း၊ညနေခင်းများ၌ လည်းကောင်း၊(ထိုနည်းအတိုင်းပင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက် ရှိကုန်သတည်း)။
قُلْ مَنْ رَبُّ السَّمَاوَاتِ وَالْأَرْضِ قُلِ اللَّهُ ۚ قُلْ أَفَاتَّخَذْتُمْ مِنْ دُونِهِ أَوْلِيَاءَ لَا يَمْلِكُونَ لِأَنْفُسِهِمْ نَفْعًا وَلَا ضَرًّا ۚ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ أَمْ هَلْ تَسْتَوِي الظُّلُمَاتُ وَالنُّورُ ۗ أَمْ جَعَلُوا لِلَّهِ شُرَكَاءَ خَلَقُوا كَخَلْقِهِ فَتَشَابَهَ الْخَلْقُ عَلَيْهِمْ ۚ قُلِ اللَّهُ خَالِقُ كُلِّ شَيْءٍ وَهُوَ الْوَاحِدُ الْقَهَّارُ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို(မေးမြန်း)ပါလေ။ (ဟယ်-အချင်းတို့) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အဘယ်အရှင်နည်း။အသင်သည်ပင်လျှင် (ဤသို့) ပြောဆိုဖြေကြားပါလေ။အလ္လာဟ်အရှင်မြတ်ပင် အသင်သည်(၎င်းတို့အား ဤသည်ကိုလည်း) ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)၊ သို့ပါလျက် အသင်တို့သည် ထိုအရှင်မြတ်အား စွန့်၍ မိမိတို့ကိုယ်နှင့်ပတ်သက်၍ပင် အကျိုးကျေးဇူးဖြစ် ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ အစိုးမရသောအရာများကိုပင် အရာရာကို စီမံခန့်ခွဲ၍ပေးသူများ ပြုလုပ်ခဲ့ကြလေပြီလော။ အသင်သည်(၎င်းတို့အား ဤသည်တို့ကိုလည်း)ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)စက္ခုအလင်းမရသောသူနှင့်စက္ခုအလင်းရသူသည် တူနိုင်ပါမည်လော။ သို့တည်းမဟုတ် အမှောင်နှင့်အလင်းရောင်သည် တူနိုင်ပါမည်လော။သို့တည်းမဟုတ် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ အကြင်တွဲဖက်များကို ပြုလုပ်၍ထားခဲ့ကြသလော။ ထိုတွဲဖက်တို့သည်ထိုအရှင်မြတ်ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ဖန်ဆင်းခဲ့ကြသည်ဖြစ်သလော။ သို့ဖြစ်ပေရာ ဖန်ဆင်းသောအရာသည် ၎င်းတို့အပေါ်၌ ဆင်တူယိုးမှားဖြစ်ခဲ့သည် ဖြစ်သလော။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်သာလျှင်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်လျှင် တစ်ဆူတည်းသောအရှင်၊ နှိမ်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
أَنْزَلَ مِنَ السَّمَاءِ مَاءً فَسَالَتْ أَوْدِيَةٌ بِقَدَرِهَا فَاحْتَمَلَ السَّيْلُ زَبَدًا رَابِيًا ۚ وَمِمَّا يُوقِدُونَ عَلَيْهِ فِي النَّارِ ابْتِغَاءَ حِلْيَةٍ أَوْ مَتَاعٍ زَبَدٌ مِثْلُهُ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْحَقَّ وَالْبَاطِلَ ۚ فَأَمَّا الزَّبَدُ فَيَذْهَبُ جُفَاءً ۖ وَأَمَّا مَا يَنْفَعُ النَّاسَ فَيَمْكُثُ فِي الْأَرْضِ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ الْأَمْثَالَ
ထိုအရှင်မြတ်သည် မိုးကောင်းကင်မှာ(မိုး)ရေကိုရွာသွန်းစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ ချောင်း၊ လျိုး၊ ရိုးများသည် မိမိတို့၏အဝင်အဆံ့နှင့်လျှော်ညီစွာ စီးတွေ၍လာခဲ့ကြလေသည်။ တစ်ဖန် ပြင်းစွာစီးသော ထိုရေစီးသည် တက်၍နေသောရေမြှုပ်ကို အထက်သို့ ချီဆောင်၍လာခဲ့လေသည်။ ထိုနည်းတူ စွာ လူတို့သည် လက်ဝတ်လက်စားသော်လည်းကောင်း၊(အခြား) အသုံးအဆောင် ကိရိယာပစ္စည်းသော်လည်း ကောင်း၊ပြုလုပ်အံ့သောငှာ(ဖိုထဲ၌)မီးချကြကုန် သောဓာတ်သတ္တုများတွင်လည်း ယင်းကဲ့သို့ပင် အမြှုပ်အချေးသည် ရှိပေသည်။အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမှန်နှင့်အမှားကို ပုံခိုင်းတော်မူလေသည်။ သို့ဖြစ်ပေရာ အညစ်အကြေးသည်အသုံးမကျ သောအရာအဖြစ် အချည်းနှီးဖြစ်သွားလေတော့သည်။ သို့ရာတွင် လူတို့အဖို့ အသုံးဝင်သောအရာမှာမူကားကမ္ဘာမြေဝယ်ကျန်ရှိ၍နေလေသည်။ အလ္လာဟ်အရှင်မြတ်သည်ဤနည်းအတိုင်းပင် ဥပမာ ပုံဆောင် ချက်များကို ခိုင်းနှိုင်းတော်မူချေသတည်း။
لِلَّذِينَ اسْتَجَابُوا لِرَبِّهِمُ الْحُسْنَىٰ ۚ وَالَّذِينَ لَمْ يَسْتَجِيبُوا لَهُ لَوْ أَنَّ لَهُمْ مَا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لَافْتَدَوْا بِهِ ۚ أُولَٰئِكَ لَهُمْ سُوءُ الْحِسَابِ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمِهَادُ
မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို လက်ခံနာယူကြကုန် သောသူတို့အဖို့အကောင်းမြတ်ဆုံးသောအကျိုးသည်ရှိပေသည်။ သို့ရာတွင်ထိုအရှင်မြတ်၏ အမိန့်တော်ကို လက်ခံနာယူခြင်းမပြုခဲ့ကြသောသူတို့မူကား အကယ်၍ ဧကန်စင်စစ် ၎င်းတို့၌ ကမ္ဘာမြေဝယ်ရှိသမျှသော အရာဝတ္ထုအလုံးစုံတို့အပြင် ယင်းနှင့်အတူထိုမျှလောက် နောက်ထပ်ရှိပါလျှင်လည်း အမှန်ပင် ၎င်းတို့သည် ထိုအလုံးစုံတို့ကို လျော်ကြေးအဖြစ် ပေးကြမည်သာတည်း။ ဤသူများပင် ၎င်းတို့၌ အလွန်ပြင်းထန်ပူ ဆွေးဖွယ်ဖြစ်သော စစ်ဆေးမှုသည်ရှိချေမည်။ ထို့ပြင် ၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲဘုံပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ယင်းနေရာထိုင်ခင်းသည် အလွန်ပင် ဆိုးရွားလှပေသည်တကား။
أَفَمَنْ يَعْلَمُ أَنَّمَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ الْحَقُّ كَمَنْ هُوَ أَعْمَىٰ ۚ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ
အကြင်သူသည် စက္ခုအလင်းမရရှိသော မျက်ကန်းကဲ့သို့ဖြစ်နိုင်ပါမည်လော။ ထိုသူသည် အသင်၏ထံသို့အသင့်အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်အထံတော်မှ ကျရောက်လာသောအရာသည် အမှန်တရားပင် ဖြစ်သည်ဟုကောင်းစွာ ယုံကြည်လေသည်။ (စင်စစ်မှာမူကား) နိသမ္မဉာဏ်ရှင်တို့ သည်သာသာလျှင် တရားကျကြကုန်သတည်း။

Choose other languages: