Quran Apps in many lanuages:

Surah Ar-Rad Ayahs #22 Translated in Burmese

لِلَّذِينَ اسْتَجَابُوا لِرَبِّهِمُ الْحُسْنَىٰ ۚ وَالَّذِينَ لَمْ يَسْتَجِيبُوا لَهُ لَوْ أَنَّ لَهُمْ مَا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لَافْتَدَوْا بِهِ ۚ أُولَٰئِكَ لَهُمْ سُوءُ الْحِسَابِ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمِهَادُ
မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကို လက်ခံနာယူကြကုန် သောသူတို့အဖို့အကောင်းမြတ်ဆုံးသောအကျိုးသည်ရှိပေသည်။ သို့ရာတွင်ထိုအရှင်မြတ်၏ အမိန့်တော်ကို လက်ခံနာယူခြင်းမပြုခဲ့ကြသောသူတို့မူကား အကယ်၍ ဧကန်စင်စစ် ၎င်းတို့၌ ကမ္ဘာမြေဝယ်ရှိသမျှသော အရာဝတ္ထုအလုံးစုံတို့အပြင် ယင်းနှင့်အတူထိုမျှလောက် နောက်ထပ်ရှိပါလျှင်လည်း အမှန်ပင် ၎င်းတို့သည် ထိုအလုံးစုံတို့ကို လျော်ကြေးအဖြစ် ပေးကြမည်သာတည်း။ ဤသူများပင် ၎င်းတို့၌ အလွန်ပြင်းထန်ပူ ဆွေးဖွယ်ဖြစ်သော စစ်ဆေးမှုသည်ရှိချေမည်။ ထို့ပြင် ၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲဘုံပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ယင်းနေရာထိုင်ခင်းသည် အလွန်ပင် ဆိုးရွားလှပေသည်တကား။
أَفَمَنْ يَعْلَمُ أَنَّمَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ الْحَقُّ كَمَنْ هُوَ أَعْمَىٰ ۚ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ
အကြင်သူသည် စက္ခုအလင်းမရရှိသော မျက်ကန်းကဲ့သို့ဖြစ်နိုင်ပါမည်လော။ ထိုသူသည် အသင်၏ထံသို့အသင့်အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်အထံတော်မှ ကျရောက်လာသောအရာသည် အမှန်တရားပင် ဖြစ်သည်ဟုကောင်းစွာ ယုံကြည်လေသည်။ (စင်စစ်မှာမူကား) နိသမ္မဉာဏ်ရှင်တို့ သည်သာသာလျှင် တရားကျကြကုန်သတည်း။
الَّذِينَ يُوفُونَ بِعَهْدِ اللَّهِ وَلَا يَنْقُضُونَ الْمِيثَاقَ
(ထိုပညာရှင်များကား) အကြင်သူများတည်း၊ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ခံဝန်ချက်ကို ကျေပြွန်စွာဆောင်ရွက်ကြပေသည်။ ထို့ပြင် (ယင်း)ပဋိညာဉ်ခံဝန်ချက်ကို မဖောက်ဖျက်ကြပေ။ မချိုးဖောက်ကြပေ။
وَالَّذِينَ يَصِلُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيَخْشَوْنَ رَبَّهُمْ وَيَخَافُونَ سُوءَ الْحِسَابِ
၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကဆက်စပ်၍ထားရှိရန် အမိန့်ပေးတော်မူသည့် အဆက်အသွယ်များကို ဆက်စပ်၍ ထားရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည်မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် အလွန်ပူဆွေးဖွယ်ဖြစ်သော စစ်ဆေးမှုကိုလည်း စိုးရိမ်ကြောင့်ကြကြကုန်သတည်း။
وَالَّذِينَ صَبَرُوا ابْتِغَاءَ وَجْهِ رَبِّهِمْ وَأَقَامُوا الصَّلَاةَ وَأَنْفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ أُولَٰئِكَ لَهُمْ عُقْبَى الدَّارِ
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေဆည်းပူးရာ၌ တည်တံ့ကြံ့ခိုင်စွာ ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ထိုနည်းတူစွာယင်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့်ဥစ္စာပစ္စည်းများအနက်မှ လျှို့ဝှက်စွာတစ်ဖုံ၊ ထင်ရှားစွာတစ်မျိုးလှူဒါန်းသုံးစွဲကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်မကောင်းမှုကို ကောင်းမှုဖြင့်လွှဲဖယ်ကြကုန်၏။ ဤကဲ့သို့သောသူတို့အဖို့ နောင်တမလွန်ဘဝ၏ကောင်းကျိုးသည်ရှိပေသတည်း။

Choose other languages: