Quran Apps in many lanuages:

Surah An-Nur Ayahs #21 Translated in Burmese

يَعِظُكُمُ اللَّهُ أَنْ تَعُودُوا لِمِثْلِهِ أَبَدًا إِنْ كُنْتُمْ مُؤْمِنِينَ
အကယ်၍ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ ဖြစ်ကြပါလျှင် အသင်တို့သည် ယင်းကဲ့သို့သော အပြုအမူမျိုးကို နောက်ထပ်၍ မပြုရန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဆုံးမတော် မူလေသည်။
وَيُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ ۚ وَاللَّهُ عَلِيمٌ حَكِيمٌ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အမိန့်ပညတ်တော်များကို ရှင်းလင်းစွာ မိန့်ကြားတော်မူပေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
إِنَّ الَّذِينَ يُحِبُّونَ أَنْ تَشِيعَ الْفَاحِشَةُ فِي الَّذِينَ آمَنُوا لَهُمْ عَذَابٌ أَلِيمٌ فِي الدُّنْيَا وَالْآخِرَةِ ۚ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
ဧကန်စင်စစ် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သော သူတို့တွင် မဖွယ်မရာ ညစ်ညမ်းသောစကားပျံ့ပွားခြင်းကို နှစ်သက်လိုလားသောသူတို့၌ (ဤ) မျက်မှောက်လောကီဘဝတွင်လည်းကောင်း၊ တမလွန်ဘဝတွင်လည်းကောင်း၊ ပြင်းပြနာကျင်ဖွယ် ပြစ်ဒဏ်သည်ရှိပေမည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် သိရှိတော်မူ၏။ အသင်တို့မူကား မသိနားမလည်ကြချေ။
وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ وَأَنَّ اللَّهَ رَءُوفٌ رَحِيمٌ
စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် ထိုအရှင်မြတ်၏ကရုဏာတော်မရှိခဲ့မူ(အမှန်ပင် အသင်တို့၌ ပြစ်ဒဏ်ကို အဆောတလျင် သက်ရောက်စေတော်မူခဲ့ပေမည်)။ သို့ရာတွင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ သနားကြင် နာတော်မူထသောအရှင်၊ အလွန်တရာ ကရုဏာပြုတော်မူထသောအရှင် ဖြစ်တော်မူပေသည်။ (သို့ဖြစ်ပေရာ အသင်တို့အား တောင်းပန် ဝန်ချနိုင်ရန် အခြေအနေကို ဖန်တီး၍ ပေးသနားတော်မူခဲ့ပေသည်။)
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ وَمَنْ يَتَّبِعْ خُطُوَاتِ الشَّيْطَانِ فَإِنَّهُ يَأْمُرُ بِالْفَحْشَاءِ وَالْمُنْكَرِ ۚ وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ مَا زَكَىٰ مِنْكُمْ مِنْ أَحَدٍ أَبَدًا وَلَٰكِنَّ اللَّهَ يُزَكِّي مَنْ يَشَاءُ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကို မလိုက်ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကိုလိုက်ပါလျှင် ဧကန်မလွဲ ထိုရှိုင်တွာန်မိစ္ဆာကောင်သည်(ထိုသူအား)ရှက်ဖွယ်ကိစ္စနှင့် မကောင်းမှုဒုစရိုက် ကိုသာလုပ်ရန် ညွှန်ကြားပေမည်။ စင်စစ် အကယ်၍သာ အသင်တို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့်ကရုဏာတော် မရှိခဲ့လျှင် အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့်အခါမျှပင်(ဝန်ချတောင်းပန်၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား(ဝန်ချတောင်းပန်ခွင့်ပြုတော်မူ၍) စင်ကြယ်သန့်ရှင်းလွတ်ကင်းစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

Choose other languages: