Quran Apps in many lanuages:

Surah An-Nur Ayahs #20 Translated in Burmese

وَلَوْلَا إِذْ سَمِعْتُمُوهُ قُلْتُمْ مَا يَكُونُ لَنَا أَنْ نَتَكَلَّمَ بِهَٰذَا سُبْحَانَكَ هَٰذَا بُهْتَانٌ عَظِيمٌ
၎င်းပြင် အသင်တို့သည် ယင်းမုသားစွပ်စွဲချက်ကို ကြားခဲ့ကြသောအခါ "(အို-အလ္လာဟ်အရှင်မြတ်) အရှင်မြတ် သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ကျွန်ုပ်တို့သည် ဤသည်ကို (မိမိတို့နှုတ်ဖြင့်) ပြောဆိုကြရန် အလျှင်းမထိုက်။ ဤသည် ကြီးကျယ်လှစွာသော သွားပုပ်လေလွင့် မတရားပြောဆိုချက်မျှသာဖြစ်ပေသည်" ဟု အဘယ်ကြောင့် မပြောဆိုခဲ့ကြသနည်း။
يَعِظُكُمُ اللَّهُ أَنْ تَعُودُوا لِمِثْلِهِ أَبَدًا إِنْ كُنْتُمْ مُؤْمِنِينَ
အကယ်၍ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ ဖြစ်ကြပါလျှင် အသင်တို့သည် ယင်းကဲ့သို့သော အပြုအမူမျိုးကို နောက်ထပ်၍ မပြုရန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဆုံးမတော် မူလေသည်။
وَيُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ ۚ وَاللَّهُ عَلِيمٌ حَكِيمٌ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အမိန့်ပညတ်တော်များကို ရှင်းလင်းစွာ မိန့်ကြားတော်မူပေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
إِنَّ الَّذِينَ يُحِبُّونَ أَنْ تَشِيعَ الْفَاحِشَةُ فِي الَّذِينَ آمَنُوا لَهُمْ عَذَابٌ أَلِيمٌ فِي الدُّنْيَا وَالْآخِرَةِ ۚ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
ဧကန်စင်စစ် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သော သူတို့တွင် မဖွယ်မရာ ညစ်ညမ်းသောစကားပျံ့ပွားခြင်းကို နှစ်သက်လိုလားသောသူတို့၌ (ဤ) မျက်မှောက်လောကီဘဝတွင်လည်းကောင်း၊ တမလွန်ဘဝတွင်လည်းကောင်း၊ ပြင်းပြနာကျင်ဖွယ် ပြစ်ဒဏ်သည်ရှိပေမည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် သိရှိတော်မူ၏။ အသင်တို့မူကား မသိနားမလည်ကြချေ။
وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ وَأَنَّ اللَّهَ رَءُوفٌ رَحِيمٌ
စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် ထိုအရှင်မြတ်၏ကရုဏာတော်မရှိခဲ့မူ(အမှန်ပင် အသင်တို့၌ ပြစ်ဒဏ်ကို အဆောတလျင် သက်ရောက်စေတော်မူခဲ့ပေမည်)။ သို့ရာတွင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ သနားကြင် နာတော်မူထသောအရှင်၊ အလွန်တရာ ကရုဏာပြုတော်မူထသောအရှင် ဖြစ်တော်မူပေသည်။ (သို့ဖြစ်ပေရာ အသင်တို့အား တောင်းပန် ဝန်ချနိုင်ရန် အခြေအနေကို ဖန်တီး၍ ပေးသနားတော်မူခဲ့ပေသည်။)

Choose other languages: