Quran Apps in many lanuages:

Surah Al-Maeda Ayah #60 Translated in Burmese

قُلْ هَلْ أُنَبِّئُكُمْ بِشَرٍّ مِنْ ذَٰلِكَ مَثُوبَةً عِنْدَ اللَّهِ ۚ مَنْ لَعَنَهُ اللَّهُ وَغَضِبَ عَلَيْهِ وَجَعَلَ مِنْهُمُ الْقِرَدَةَ وَالْخَنَازِيرَ وَعَبَدَ الطَّاغُوتَ ۚ أُولَٰئِكَ شَرٌّ مَكَانًا وَأَضَلُّ عَنْ سَوَاءِ السَّبِيلِ
အသင်သည် ‘ကိတာဗီ’ ရှေးအထက် ကျမ်းဂန်ရရှိသောသူတို့အား (ဤသို့) ပြောကြားပါလေ။ ငါသ�် အလ္လာဟ်အရှင်မြတ်အထံတော်၌ အကျိုးအားဖြင့် ထို့ထက်ဆိုးရွားသောအဖြစ်အပျက်ကို အသင်တို့အား ထုတ်ဖော်ပြောဆိုရမည်လော။ (၎င်းအဖြစ်အပျက်မှာကား) အကြင်သူတို့ (၏ အဖြစ်အပျက်) ပင်တည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေစေတော်မူခဲ့၏။ ၎င်းပြင် ယင်းသူတို့အပေါ်၌ အမျက်တော်လည်း ပွားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အနက်မှ မျောက်တိရစ္ဆာန်များနှင့် ဝက်တိရစ္ဆာန်များလည်း ဖြစ်စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့သည် ‘ရှိုင်တွာန်’ မိစ္ဆာကောင်ကိုလည်း ဆည်းကပ်ကိုးကွယ်ခဲ့ကြ၏။ ထိုသူတို့သည် (လားရာ) နေရာဌာနအားဖြင့်လည်း အဆိုးရွားဆုံးသောသူများပင် ဖြစ်ကြ၏။ ၎င်းပြင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းတော်မှလည်း အလွန် ဝေးကွာလျက်ရှိသောသူများပင် ဖြစ်ကြ၏။

Choose other languages: