Quran Apps in many lanuages:

Surah Al-Maeda Ayahs #65 Translated in Burmese

وَإِذَا جَاءُوكُمْ قَالُوا آمَنَّا وَقَدْ دَخَلُوا بِالْكُفْرِ وَهُمْ قَدْ خَرَجُوا بِهِ ۚ وَاللَّهُ أَعْلَمُ بِمَا كَانُوا يَكْتُمُونَ
၄င်းပြင် ထို (မုနာဖစ်က်) တို့သည် အသင်တို့ထံ လာကြလေသောအခါ “ကျွန်ုပ်တို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပါပြီ” ဟု (လိမ်လည်) ပြောဆိုကြကုန်၏။ စင်စစ်တမူကား ၎င်းတို့သည် ‘ကွဖ်ရ်’ သွေဖည်ငြင်းပယ်မှုကိုယူဆောင်၍ ဝင်ရောက်လာကြပြီး ထို ‘ကွဖ်ရ်’ သွေဖည်ငြင်းပယ်မှုကိုပင် ယူဆောင်၍ ပြန်ထွက်သွားကြလေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား ၎င်းတို့ ထိမ်ချန်လျှို့ဝှက်ထားရှိကြလေသော အရာများကို အသိဆုံးပင်ဖြစ်တော်မူပေသတည်း။
وَتَرَىٰ كَثِيرًا مِنْهُمْ يُسَارِعُونَ فِي الْإِثْمِ وَالْعُدْوَانِ وَأَكْلِهِمُ السُّحْتَ ۚ لَبِئْسَ مَا كَانُوا يَعْمَلُونَ
ထို့ပြင်တဝ အသင်သည် ထို (ယဟူဒီ) တို့အနက် မြောက်မြားစွာသောသူတို့ကို ပြစ်မှုဒုစရိုက် ပြုခြင်း၌လည်းကောင်း၊ မတော်မတရား ကျူးကျော်စော်ကားခြင်း၌လည်းကောင်း၊ မတရားသဖြင့် ရရှိသောပစ္စည်းကို စားသုံးခြင်း၌လည်းကောင်း သူ့ထက်ငါသာအောင် ပြေးလွှား (သက်ဆင်း) ကြသည်ကို တွေ့မြင်လတ္တံ့။ စင်စစ်ဧကန် ၎င်းတို့၏အပြုအမူတို့သည် ယုတ်ညံ့သိမ်ဖျင်းလှပေတကား။
لَوْلَا يَنْهَاهُمُ الرَّبَّانِيُّونَ وَالْأَحْبَارُ عَنْ قَوْلِهِمُ الْإِثْمَ وَأَكْلِهِمُ السُّحْتَ ۚ لَبِئْسَ مَا كَانُوا يَصْنَعُونَ
(၎င်းတို့၏) ဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်တို့သည် ထိုသူတို့အား အပြစ်ရှိသော (မုသား) စကားကို ပြောဆိုခြင်းမှလည်းကောင်း၊ မတရားသဖြင့်ရရှိသောပစ္စည်းကို စားသုံးခြင်းမှလည်းကောင်း၊ အဘယ်ကြောင့် မတားမြစ်ကြသနည်း။ ထိုသူတို့ပြုလေ့ရှိသော အပြုအမူများသည် မုချဧကန် ဆိုးရွားလှပေ၏တကား။
وَقَالَتِ الْيَهُودُ يَدُ اللَّهِ مَغْلُولَةٌ ۚ غُلَّتْ أَيْدِيهِمْ وَلُعِنُوا بِمَا قَالُوا ۘ بَلْ يَدَاهُ مَبْسُوطَتَانِ يُنْفِقُ كَيْفَ يَشَاءُ ۚ وَلَيَزِيدَنَّ كَثِيرًا مِنْهُمْ مَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ طُغْيَانًا وَكُفْرًا ۚ وَأَلْقَيْنَا بَيْنَهُمُ الْعَدَاوَةَ وَالْبَغْضَاءَ إِلَىٰ يَوْمِ الْقِيَامَةِ ۚ كُلَّمَا أَوْقَدُوا نَارًا لِلْحَرْبِ أَطْفَأَهَا اللَّهُ ۚ وَيَسْعَوْنَ فِي الْأَرْضِ فَسَادًا ۚ وَاللَّهُ لَا يُحِبُّ الْمُفْسِدِينَ
၎င်းပြင် ယဟူဒီတို့က “အလ္လာဟ်အရှင်မြတ်၏လက်သည် ဆုပ်ထားပြီးဖြစ်သည်” ဟု ပြောဆိုကြကုန်သည်။ ၎င်းတို့၏လက်များသည်သာလျှင် ဆုပ်ထားပြီးဖြစ်ကြ၏။ စင်စစ် ထိုသူတို့သည် မိမိတို့၏ ထိုပြောဆိုမှုကြောင့် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်မှ ကင်းဝေးကြရလေပြီ။ (အလ္လာဟ်အရှင်မြတ်၏လက်တော်များသည်) အလျင်း (ဆုပ်ထားပြီး) မဟုတ်ပေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်၏ လက်တော်နှစ်ဘက်စလုံးပင် ဖြန့်လျက်ရှိကုန်၏။ ထိုအရှင်မြတ်သည် မိမိအလိုတော်အတိုင်း သုံးစွဲလျက်ရှိတော်မူ၏။ ၎င်းပြင် အသင်၏အရှင်မြတ်အထံတော်မှ အသင့်ထံသို့ ကျရောက်လာသောအရာ (ကုရ်အာန်ကျမ်းတော်မြတ်) သည် ထိုသူတို့အနက် များစွာသောသူတို့အား ကျူးလွန်မှုနှင့် သွေဖည်ငြင်းပယ်မှုကို မုချ တိုးပွားစေအံ့။ ထို့ပြင်တဝ ငါအရှင်မြတ်သည် ၎င်းတို့၏စပ်ကြားဝယ် ရန်ငြိုးထားခြင်းနှင့် မုန်းတီးမှုကို “ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တိုင်အောင် ဖန်တီးတော်မူခဲ့လေသည်။ ၎င်းတို့သည် စစ်မီးကို မွှေးတိုင်းမွှေးတိုင်း အလ္လာဟ်အရှင်မြတ်သည် ထိုမီးကို ငြိမ်းအေးစေတော်မူခဲ့၏။ ထိုမ�တစ်ပါး ယင်းသူတို့သည် ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းကို ကြိုးစားအားထုတ်ကြကုန်သည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့အား (အလျင်း) ချစ်ကြည်မြတ်နိုးတော်မူသည် မဟုတ်ပေ။
وَلَوْ أَنَّ أَهْلَ الْكِتَابِ آمَنُوا وَاتَّقَوْا لَكَفَّرْنَا عَنْهُمْ سَيِّئَاتِهِمْ وَلَأَدْخَلْنَاهُمْ جَنَّاتِ النَّعِيمِ
၎င်းပြင် အကယ်၍ ရှေးအထက်ကျမ်းဂန်ရရှိသူ ကိတာဗီများသည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြပါမူ မုချဧကန် ငါအရှင်မြတ်သည် ၎င်းတို့၏ပြစ်မှုများကို (ခွင့်လွှတ်) တော်မူ၍ ၎င်းတို့အား ချမ်းသာသုခနှင့်ပြည့်စုံသော ဥယျာဉ်များသို့လည်း ဝင်ရောက်စေတော်မူအံ့။

Choose other languages: