Quran Apps in many lanuages:

Surah Al-Isra Ayahs #44 Translated in Burmese

أَفَأَصْفَاكُمْ رَبُّكُمْ بِالْبَنِينَ وَاتَّخَذَ مِنَ الْمَلَائِكَةِ إِنَاثًا ۚ إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًا
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်သည် အသင်တို့အား ထူးခြားစွာ သား ယောက်ျားကလေးများကိုသာ ချီးမြှင့်တော်မူ၍ မိမိကိုယ်တော်တိုင်မှာမူကားမလာအိကဟ် ကောင်းကင် တမန်တို့အား သမီးမိန်းကလေးများအဖြစ် မွေးစားတော်မူထားပါသလော။ ဧကန်မလွဲ အသင်တို့သည် ကြီးကျယ်လွန်မင်းသောစကားကို ပြောဆိုကြကုန်သတည်း။
وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِيَذَّكَّرُوا وَمَا يَزِيدُهُمْ إِلَّا نُفُورًا
၎င်းပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် (လူခပ်သိမ်းတို့) တရားရအံ့သောငှာ(ကိုးကွယ်ရာအရှင် တဆူတည်းဖြစ်တော်မူကြောင်းကို) နည်းအမျိုးမျိုးဖြင့် ပြောင်းလဲမိန့်ကြား တော်မူခဲ့လေသည်။ သို့ရာတွင်ယင်းပြောင်းလဲမိန့်ကြားမှုသည် ၎င်း(မုရှ်ရစ်က်)တို့၌ စက်ဆုပ်မှုမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ မတိုးပွားစေချေ။
قُلْ لَوْ كَانَ مَعَهُ آلِهَةٌ كَمَا يَقُولُونَ إِذًا لَابْتَغَوْا إِلَىٰ ذِي الْعَرْشِ سَبِيلًا
(အို-နဗီတမန်တော်)အသင်သည်(ဤသို့)ပြောကြားပါလေ။ အကယ်၍သာ ယင်း(မုရှ်ရစ်က်)တို့ ပြောဆိုသည့်အတိုင်း ထို(အလ္လာဟ်)အရှင်မြတ်နှင့်အတူ အခြား ကိုးကွယ်ရာများလည်း ရှိကြပါလျှင် ဧကန်မလွဲ ၎င်းတို့သည် အရ်ရှ်ပလ္လင်တော်ကိုစိုးပိုင်တော်မူသောအရှင်မြတ်အထံတော်သို့(သွားရောက်တိုက်ခိုက်ရန်) နည်းလမ်းရှာဖွေခဲ့ကြပြီး ဖြစ်အံ့သတည်း။
سُبْحَانَهُ وَتَعَالَىٰ عَمَّا يَقُولُونَ عُلُوًّا كَبِيرًا
ထိုအရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော် မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် ယင်း(မုရှ်ရစ်က်)တို့ ပြောဆို(စွပ်စွဲ)ကြသည်တို့ထက်သာလွန်ထူးကဲ မြင့်မြတ်လှတော်မူပေသတည်း။
تُسَبِّحُ لَهُ السَّمَاوَاتُ السَّبْعُ وَالْأَرْضُ وَمَنْ فِيهِنَّ ۚ وَإِنْ مِنْ شَيْءٍ إِلَّا يُسَبِّحُ بِحَمْدِهِ وَلَٰكِنْ لَا تَفْقَهُونَ تَسْبِيحَهُمْ ۗ إِنَّهُ كَانَ حَلِيمًا غَفُورًا
မိုးခုနစ်ထပ်သည်လည်းကောင်း၊ ပထဝီမြေသည်လည်းကောင်း၊ ထိုမိုးများနှင့် ပထဝီမြေ၌ရှိသူတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း ပွားများသရဇ္ဈာယ်လျက်ရှိကြကုန်၏။ အမှန်စင်စစ်(သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့သည် ထိုအရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ စင်ကြယ်သန့်ရှင်းတော်မူကြောင်း ပွားများသရဇ္ဈာယ်လျက်ပင်ရှိကြကုန်သည်။ သို့ရာတွင် အသင် တို့မှာမူကား ၎င်းတို့၏ ပွားများသရဇ္ဈာယ်မှုကို နားမလည်ကြချေ။ဧကန်စင်စစ် ထိုအရှင်မြတ်သည် အလွန်တရာ သည်းခံတော်မူသောအရှင်၊ အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: