Quran Apps in many lanuages:

Surah Al-Isra Ayahs #43 Translated in Burmese

ذَٰلِكَ مِمَّا أَوْحَىٰ إِلَيْكَ رَبُّكَ مِنَ الْحِكْمَةِ ۗ وَلَا تَجْعَلْ مَعَ اللَّهِ إِلَٰهًا آخَرَ فَتُلْقَىٰ فِي جَهَنَّمَ مَلُومًا مَدْحُورًا
ဤသည်တို့ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်ပညာများအနက်မှ အသင့်ထံသို့ ထုတ်ပြန်တော်မူသော အမိန့်ပညတ်တော် များပင်ဖြစ်ကုန်၏။ သို့ဖြစ်ရာ အသင်သည် အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲ၍အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ (တွဲဖက်ကိုးကွယ်ခြင်းကို)မပြုလေနှင့်။ သို့ပြုခဲ့သော် အသင်သည် ဂျဟန္နမ်ငရဲဘုံ၌ ပြစ်တင် ရှုတ်ချခြင်းခံရလျက်၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရလျက် ပစ်ချခြင်းခံရအံ့သတည်း။
أَفَأَصْفَاكُمْ رَبُّكُمْ بِالْبَنِينَ وَاتَّخَذَ مِنَ الْمَلَائِكَةِ إِنَاثًا ۚ إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًا
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်သည် အသင်တို့အား ထူးခြားစွာ သား ယောက်ျားကလေးများကိုသာ ချီးမြှင့်တော်မူ၍ မိမိကိုယ်တော်တိုင်မှာမူကားမလာအိကဟ် ကောင်းကင် တမန်တို့အား သမီးမိန်းကလေးများအဖြစ် မွေးစားတော်မူထားပါသလော။ ဧကန်မလွဲ အသင်တို့သည် ကြီးကျယ်လွန်မင်းသောစကားကို ပြောဆိုကြကုန်သတည်း။
وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِيَذَّكَّرُوا وَمَا يَزِيدُهُمْ إِلَّا نُفُورًا
၎င်းပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် (လူခပ်သိမ်းတို့) တရားရအံ့သောငှာ(ကိုးကွယ်ရာအရှင် တဆူတည်းဖြစ်တော်မူကြောင်းကို) နည်းအမျိုးမျိုးဖြင့် ပြောင်းလဲမိန့်ကြား တော်မူခဲ့လေသည်။ သို့ရာတွင်ယင်းပြောင်းလဲမိန့်ကြားမှုသည် ၎င်း(မုရှ်ရစ်က်)တို့၌ စက်ဆုပ်မှုမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ မတိုးပွားစေချေ။
قُلْ لَوْ كَانَ مَعَهُ آلِهَةٌ كَمَا يَقُولُونَ إِذًا لَابْتَغَوْا إِلَىٰ ذِي الْعَرْشِ سَبِيلًا
(အို-နဗီတမန်တော်)အသင်သည်(ဤသို့)ပြောကြားပါလေ။ အကယ်၍သာ ယင်း(မုရှ်ရစ်က်)တို့ ပြောဆိုသည့်အတိုင်း ထို(အလ္လာဟ်)အရှင်မြတ်နှင့်အတူ အခြား ကိုးကွယ်ရာများလည်း ရှိကြပါလျှင် ဧကန်မလွဲ ၎င်းတို့သည် အရ်ရှ်ပလ္လင်တော်ကိုစိုးပိုင်တော်မူသောအရှင်မြတ်အထံတော်သို့(သွားရောက်တိုက်ခိုက်ရန်) နည်းလမ်းရှာဖွေခဲ့ကြပြီး ဖြစ်အံ့သတည်း။
سُبْحَانَهُ وَتَعَالَىٰ عَمَّا يَقُولُونَ عُلُوًّا كَبِيرًا
ထိုအရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော် မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် ယင်း(မုရှ်ရစ်က်)တို့ ပြောဆို(စွပ်စွဲ)ကြသည်တို့ထက်သာလွန်ထူးကဲ မြင့်မြတ်လှတော်မူပေသတည်း။

Choose other languages: