Quran Apps in many lanuages:

Surah Al-Hashr Ayahs #14 Translated in Burmese

وَالَّذِينَ جَاءُوا مِنْ بَعْدِهِمْ يَقُولُونَ رَبَّنَا اغْفِرْ لَنَا وَلِإِخْوَانِنَا الَّذِينَ سَبَقُونَا بِالْإِيمَانِ وَلَا تَجْعَلْ فِي قُلُوبِنَا غِلًّا لِلَّذِينَ آمَنُوا رَبَّنَا إِنَّكَ رَءُوفٌ رَحِيمٌ
ထိုမှတစ်ပါး ၎င်းတို့နောက် လာကြသောသူတို့နှင့်လည်း သက်ဆိုင်၏။ ထိုသူတို့သည်(ဤသို့) ပန်ကြားကြကုန်၏။ ‘အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်းကောင်း၊ ‘အီမာန်’ သက်ဝင်ယုံကြည်မှုတွင် ကျွန်တော်မျိုးထက် ဦးခဲ့ကြသော ကျွန်တော်မျိုးတို့၏ နောင်တော်တို့အားလည်းကောင်း၊ ခွင့်လွှတ် ချမ်းသာပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏စိတ်တွင်းဝယ် ‘မုအ်မင်န်’သက်ဝင်ယုံကြည် သူတို့နှင့်ပတ်သက်၍ ရန်ငြိုး တစ်စုံတစ်ရာမျှကိုပင် ဖြစ်ပေါ်စေတော်မမူပါနှင့်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ မလွဲဧကန် အရှင်မြတ်သည် လွန်စွာသိမ်မွေ့တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပါသတည်း။
أَلَمْ تَرَ إِلَى الَّذِينَ نَافَقُوا يَقُولُونَ لِإِخْوَانِهِمُ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ لَئِنْ أُخْرِجْتُمْ لَنَخْرُجَنَّ مَعَكُمْ وَلَا نُطِيعُ فِيكُمْ أَحَدًا أَبَدًا وَإِنْ قُوتِلْتُمْ لَنَنْصُرَنَّكُمْ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ
(အို-နဗီတမန်တော်၊) အသင်သည် အယောင်ဆောင်ခဲ့ကြသောသူတို့၏ အခြေအနေကို သုံးသပ်ဆင်ခြင် တွေ့မြင်ခဲ့လေပြီ မဟုတ်ပါလော။ ထိုသူတို့သည် မိမိတို့၏ ညီအစ်ကိုများဖြစ်ကြသော ရှေးကျမ်းဂန်ရရှိသူတို့အနက် သွေဖည်ငြင်းပယ်ခဲ့ကြသော သူတို့အား(ဤသို့) ပြောဆိုလျက်ရှိခဲ့ကြ၏။ အမှန်ပင် အကယ်၍သာ အသင်တို့သည်(မဒီနာမြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင် ဧကန်မလွဲ ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်အတူ ထွက်ကြမည်။ စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့် ပတ်သက်၍ မည်သည့်အခါမျှပင် မည်သူတစ်ဦးတစ်ယောက်(၏ ပြောဆိုချက်)ကိုမျှ လိုက်နာကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ အသင်တို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း မုချစင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား ကူညီကြမည်။ အမှန်စင်စစ်သော်ကား ၎င်းတို့မှာ အမှန်ပင် မုသာဝါဒီများဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်သည် သက်သေခံတော်မူ၏။
لَئِنْ أُخْرِجُوا لَا يَخْرُجُونَ مَعَهُمْ وَلَئِنْ قُوتِلُوا لَا يَنْصُرُونَهُمْ وَلَئِنْ نَصَرُوهُمْ لَيُوَلُّنَّ الْأَدْبَارَ ثُمَّ لَا يُنْصَرُونَ
(စင်စစ်မှာကား) အမှန်ပင် အကယ်၍ ထိုသူတို့သည် (‘မဒီနာ’မြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့နှင့်အတူ ထွက်ကြမည် မဟုတ်ပေ။ထိုနည်းတူစွာ အမှန်ပင် အကယ်၍ ထိုသူတို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့အား ကူညီကြမည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် ထိုသူတို့အား ကူညီခဲ့ငြားအံ့လည်း ဧကန်မုချ ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးကြမည်သာ။ ထို့နောက် ထိုသူတို့သည် အကူအညီရရှိကြမည် မဟုတ်တော့ပြီ။
لَأَنْتُمْ أَشَدُّ رَهْبَةً فِي صُدُورِهِمْ مِنَ اللَّهِ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ
အမှန်ပင် အသင်(မွတ်စ်လင်မ်)တို့သည် ၎င်းတို့၏စိတ်တွင်းဝယ် အလ္လာဟ်အရှင်မြတ်ထက်ပင် ကြောက်ရွံ့ စိုးရိမ်ဖွယ်ဖြစ်နေကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမှန်စင်စစ် ၎င်းတို့သည် နားမလည်သူများ ဖြစ်ကြသောကြောင့်ပင်။
لَا يُقَاتِلُونَكُمْ جَمِيعًا إِلَّا فِي قُرًى مُحَصَّنَةٍ أَوْ مِنْ وَرَاءِ جُدُرٍ ۚ بَأْسُهُمْ بَيْنَهُمْ شَدِيدٌ ۚ تَحْسَبُهُمْ جَمِيعًا وَقُلُوبُهُمْ شَتَّىٰ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَا يَعْقِلُونَ
၎င်းတို့သည် အသင်တို့အား တစ်စည်းတစ်လုံးတည်း တိုက်ခိုက်ကြမည် မဟုတ်ပေ။ သို့ရာတွင် လုံခြုံသောမြို့ရွာများတွင်လည်းကောင်း၊ တံတိုင်းများ၏ အကွယ်မှသော်လည်းကောင်း၊ တိုက်ခိုက်ကြပေမည်။ ၎င်းတို့ အချင်းချင်းတွင် ကြီးကျယ်သော ခိုက်ရန်ရှိနေ၏။ အသင်သည် ၎င်းတို့အား တစ်စည်းတစ်လုံးတည်းဟူ၍ ထင်မှတ်နေသော်လည်း အမှန်စင်စစ် ၎င်းတို့၏ စိတ်နှလုံးမှာမူကား တကွဲတပြားစီဖြစ်နေကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အသိဉာဏ်ကို အသုံးမပြုကြသောကြောင့်ပင်။

Choose other languages: