Quran Apps in many lanuages:

Surah Al-Hashr Ayahs #16 Translated in Burmese

لَئِنْ أُخْرِجُوا لَا يَخْرُجُونَ مَعَهُمْ وَلَئِنْ قُوتِلُوا لَا يَنْصُرُونَهُمْ وَلَئِنْ نَصَرُوهُمْ لَيُوَلُّنَّ الْأَدْبَارَ ثُمَّ لَا يُنْصَرُونَ
(စင်စစ်မှာကား) အမှန်ပင် အကယ်၍ ထိုသူတို့သည် (‘မဒီနာ’မြို့တော်မှ) နှင်ထုတ်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့နှင့်အတူ ထွက်ကြမည် မဟုတ်ပေ။ထိုနည်းတူစွာ အမှန်ပင် အကယ်၍ ထိုသူတို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း ၎င်းတို့သည် ထိုသူတို့အား ကူညီကြမည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် ထိုသူတို့အား ကူညီခဲ့ငြားအံ့လည်း ဧကန်မုချ ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးကြမည်သာ။ ထို့နောက် ထိုသူတို့သည် အကူအညီရရှိကြမည် မဟုတ်တော့ပြီ။
لَأَنْتُمْ أَشَدُّ رَهْبَةً فِي صُدُورِهِمْ مِنَ اللَّهِ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ
အမှန်ပင် အသင်(မွတ်စ်လင်မ်)တို့သည် ၎င်းတို့၏စိတ်တွင်းဝယ် အလ္လာဟ်အရှင်မြတ်ထက်ပင် ကြောက်ရွံ့ စိုးရိမ်ဖွယ်ဖြစ်နေကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမှန်စင်စစ် ၎င်းတို့သည် နားမလည်သူများ ဖြစ်ကြသောကြောင့်ပင်။
لَا يُقَاتِلُونَكُمْ جَمِيعًا إِلَّا فِي قُرًى مُحَصَّنَةٍ أَوْ مِنْ وَرَاءِ جُدُرٍ ۚ بَأْسُهُمْ بَيْنَهُمْ شَدِيدٌ ۚ تَحْسَبُهُمْ جَمِيعًا وَقُلُوبُهُمْ شَتَّىٰ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَا يَعْقِلُونَ
၎င်းတို့သည် အသင်တို့အား တစ်စည်းတစ်လုံးတည်း တိုက်ခိုက်ကြမည် မဟုတ်ပေ။ သို့ရာတွင် လုံခြုံသောမြို့ရွာများတွင်လည်းကောင်း၊ တံတိုင်းများ၏ အကွယ်မှသော်လည်းကောင်း၊ တိုက်ခိုက်ကြပေမည်။ ၎င်းတို့ အချင်းချင်းတွင် ကြီးကျယ်သော ခိုက်ရန်ရှိနေ၏။ အသင်သည် ၎င်းတို့အား တစ်စည်းတစ်လုံးတည်းဟူ၍ ထင်မှတ်နေသော်လည်း အမှန်စင်စစ် ၎င်းတို့၏ စိတ်နှလုံးမှာမူကား တကွဲတပြားစီဖြစ်နေကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အသိဉာဏ်ကို အသုံးမပြုကြသောကြောင့်ပင်။
كَمَثَلِ الَّذِينَ مِنْ قَبْلِهِمْ قَرِيبًا ۖ ذَاقُوا وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
(၎င်းတို့၏ ဥပမာကား)၎င်းတို့နှင့် အချိန်ကာလ အနည်းငယ်အလျင် မိမိတို့၏ အပြုအမူများ၏ပြစ်ဒဏ်ကို မြည်းစမ်း သွားခဲ့ကြရသောသူတို့၏ ဥပမာကဲ့သို့ပင်။ ထိုမှတစ်ပါး ထိုသူတို့၌(တမလွန်ဘဝတွင်လည်း) နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိပေဦးမည်။
كَمَثَلِ الشَّيْطَانِ إِذْ قَالَ لِلْإِنْسَانِ اكْفُرْ فَلَمَّا كَفَرَ قَالَ إِنِّي بَرِيءٌ مِنْكَ إِنِّي أَخَافُ اللَّهَ رَبَّ الْعَالَمِينَ
(ထို့ပြင် ၎င်းတို့၏ ဥပမာကား)’ရှိုင်တွာန်’မိစ္ဆာကောင်၏ ဥပမာကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် ထို’ရှိုင်တွာန်’ မိစ္ဆာကောင်သည် လူသားအား အသင်သည် သွေဖည်ငြင်းပယ်လော့ဟု ပြောဆို(စေခိုင်း)လေ့ရှိ၏။ သို့ စေခိုင်းသည့်အလျောက် ထိုလူသားသည် သွေဖည် ငြင်းပယ်သောအခါ ယင်း ‘ရှိုင်တွာန်’မိစ္ဆာကောင်က ‘ဧကန်စင်စစ် ငါသည် အသင်နှင့် မည်သို့မျှ မပတ်သက်တော့ပြီ။ ဧကန်အမှန် ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်’ ဟု ပြောဆို (နောက်ဆုတ်)လေသည်။

Choose other languages: