Quran Apps in many lanuages:

Surah Al-Baqara Ayahs #48 Translated in Burmese

أَتَأْمُرُونَ النَّاسَ بِالْبِرِّ وَتَنْسَوْنَ أَنْفُسَكُمْ وَأَنْتُمْ تَتْلُونَ الْكِتَابَ ۚ أَفَلَا تَعْقِلُونَ
(အို-အစ္စရာအီလီ မျိုးနွယ်ဝံသ အပေါင်းတို့) အသင် တို့သည် လူအများတို့ကို ကောင်းမှုတရား ပွားများရန် ဆုံးမ ဩဝါဒ ပေးကြ၍ မိမိတို့ကိုယ်ကို မေ့လျော့နေကြကုန်သလော။ အမှန်အားဖြင့် အသင်တို့သည် (ငါအရှင် ထုတ်ပြန်ပို့ချ ပေးသနားတော်မူသော) ကျမ်းဂန်များကို ရွတ်ဘတ် သရဇ္ဈာယ်လျက် ရှိကြကုန်၏။ သို့ပါလျက် အသင်တို့ နားမလည ်ကြပါသလော။
وَاسْتَعِينُوا بِالصَّبْرِ وَالصَّلَاةِ ۚ وَإِنَّهَا لَكَبِيرَةٌ إِلَّا عَلَى الْخَاشِعِينَ
အသင်တို့သည် ခန္တီတရားဖြင့် လည်းကောင်း၊ ဆွလာတ်ဝတ်ပြုခြင်းဖြင့် လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံတော်မှ) အကူအညီ အထောက်အပံ့ကို တောင်းယူကြကုန်။ ဧကန်မုချ ထို(ဆွလာတ်ဝတ်ပြုခြင်း)သည် ကျိုးနွံနှိမ့်ချခြင်းတရား ထားရှိ ကြကုန်သော သူတော်စင်များမှအပ (အခြားသူများအဘို့) အလွန်တရာမျှပင် ကြီးလေးသော တာဝန်တစ်ရပ်ဖြစ်ပေသတည်း။
الَّذِينَ يَظُنُّونَ أَنَّهُمْ مُلَاقُو رَبِّهِمْ وَأَنَّهُمْ إِلَيْهِ رَاجِعُونَ
(ခန္တီတရားထားရှိကုန်သော မုအ်မင် တို့သည်) မုချဧကန် မိမိတို့အား မွေးမြူတော်မူသော အရှင်ကို ဖူးတွေ့ကြရမည်သူများ ဖြစ်ကြကုန်၏ဟူ၍လည်းကောင်း၊ ထိုအရှင်၏အထံတော်သို့လည်း ပြန်လှည့်ကြမည့်သူများ ဖြစ်ကြသည် ဟူ၍လည်းကောင်း၊ အမှန်ယုံကြည်ကြကုန်သည်။
يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ
အို-အစ္စရာအီလ်၏မျိုးနွယ် အပေါင်းတို့၊ အသင်တို့အား ငါအရှင် ပေးသနားတောမူသော သုခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို လည်းကောင်း၊ ငါအရှင်သည် အသင်တို့အား (အထူးထူးသော ဂုဏ်ထူးဝိသေသများဖြင့်) စကြာဝဠာ အပေါင်းထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့သည်ကို လည်းကောင်း၊ အောက်မေ့ သတိရကြကုန်။
وَاتَّقُوا يَوْمًا لَا تَجْزِي نَفْسٌ عَنْ نَفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا شَفَاعَةٌ وَلَا يُؤْخَذُ مِنْهَا عَدْلٌ وَلَا هُمْ يُنْصَرُونَ
(အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့) အသင်တို့သည် သေပြီးနောက် ရှင်ပြန်ထရမည့် ကိယာမတ်နေ့(၏ဘေး) ကို (အထူးပင်) ကြောက်ရွံ့၍ မိမိတို့ကိုယ်ကို ကာကွယ်ကြကုန်၊ (အဘယ်ကြောင့်ဟူမူ) ထိုနေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ တစ်စုံတစ်ယောက်သောသူနှင့် ပတ်သက်၍ အနည်းငယ်မျှကိုပင် ဖြည့်စွမ်းပေးနိုင်မည်မဟုတ်။ အဘယ်သူ တစ်စုံတစ်ယောက်၏ အသနားခံပေးခြင်းကိုလည်း(ငါအရှင်သည်) သဘောတူလက်ခံတော် မူမည်မဟုတ်။ အဘယ်တစ်စုံတစ်ယောက်သော သူ၏ထံမှ ကိုယ်စားလဲ လှယ်ခြင်းကိုလည်း (ငါအရှင်သည်) လက်ခံတော်မူမည် မဟုတ်။ထို့ပြင်တဝ (ထိုနေ့တွင်) ယင်းသူတို့သည် (အခြားမည်သည့်) ကူညီယိုင်းပင်းမှုကိုမျှလည်း ခံကြရမည်မဟုတ်ပေ။

Choose other languages: