Quran Apps in many lanuages:

Surah Al-Baqara Ayahs #47 Translated in Burmese

وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَارْكَعُوا مَعَ الرَّاكِعِينَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် ဆွလာတ် ဝတ်ပြုကြကုန်၊ တရား ဝင်ဒါနကြေးဖြစ်သော ဇကာတ်ကိုလည်း ပေးဆောင်ကြကုန်၊ ထို့ပြင်တဝ ကိုင်းညွှတ်ရိုကျိုးသော သူများနှင့်အတူ (ညီညာဖျဖျ) ကိုင်းညွှတ်ရိုကျိုးကြကုန်။
أَتَأْمُرُونَ النَّاسَ بِالْبِرِّ وَتَنْسَوْنَ أَنْفُسَكُمْ وَأَنْتُمْ تَتْلُونَ الْكِتَابَ ۚ أَفَلَا تَعْقِلُونَ
(အို-အစ္စရာအီလီ မျိုးနွယ်ဝံသ အပေါင်းတို့) အသင် တို့သည် လူအများတို့ကို ကောင်းမှုတရား ပွားများရန် ဆုံးမ ဩဝါဒ ပေးကြ၍ မိမိတို့ကိုယ်ကို မေ့လျော့နေကြကုန်သလော။ အမှန်အားဖြင့် အသင်တို့သည် (ငါအရှင် ထုတ်ပြန်ပို့ချ ပေးသနားတော်မူသော) ကျမ်းဂန်များကို ရွတ်ဘတ် သရဇ္ဈာယ်လျက် ရှိကြကုန်၏။ သို့ပါလျက် အသင်တို့ နားမလည ်ကြပါသလော။
وَاسْتَعِينُوا بِالصَّبْرِ وَالصَّلَاةِ ۚ وَإِنَّهَا لَكَبِيرَةٌ إِلَّا عَلَى الْخَاشِعِينَ
အသင်တို့သည် ခန္တီတရားဖြင့် လည်းကောင်း၊ ဆွလာတ်ဝတ်ပြုခြင်းဖြင့် လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံတော်မှ) အကူအညီ အထောက်အပံ့ကို တောင်းယူကြကုန်။ ဧကန်မုချ ထို(ဆွလာတ်ဝတ်ပြုခြင်း)သည် ကျိုးနွံနှိမ့်ချခြင်းတရား ထားရှိ ကြကုန်သော သူတော်စင်များမှအပ (အခြားသူများအဘို့) အလွန်တရာမျှပင် ကြီးလေးသော တာဝန်တစ်ရပ်ဖြစ်ပေသတည်း။
الَّذِينَ يَظُنُّونَ أَنَّهُمْ مُلَاقُو رَبِّهِمْ وَأَنَّهُمْ إِلَيْهِ رَاجِعُونَ
(ခန္တီတရားထားရှိကုန်သော မုအ်မင် တို့သည်) မုချဧကန် မိမိတို့အား မွေးမြူတော်မူသော အရှင်ကို ဖူးတွေ့ကြရမည်သူများ ဖြစ်ကြကုန်၏ဟူ၍လည်းကောင်း၊ ထိုအရှင်၏အထံတော်သို့လည်း ပြန်လှည့်ကြမည့်သူများ ဖြစ်ကြသည် ဟူ၍လည်းကောင်း၊ အမှန်ယုံကြည်ကြကုန်သည်။
يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ
အို-အစ္စရာအီလ်၏မျိုးနွယ် အပေါင်းတို့၊ အသင်တို့အား ငါအရှင် ပေးသနားတောမူသော သုခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို လည်းကောင်း၊ ငါအရှင်သည် အသင်တို့အား (အထူးထူးသော ဂုဏ်ထူးဝိသေသများဖြင့်) စကြာဝဠာ အပေါင်းထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့သည်ကို လည်းကောင်း၊ အောက်မေ့ သတိရကြကုန်။

Choose other languages: