Quran Apps in many lanuages:

Surah Al-Baqara Ayahs #50 Translated in Burmese

الَّذِينَ يَظُنُّونَ أَنَّهُمْ مُلَاقُو رَبِّهِمْ وَأَنَّهُمْ إِلَيْهِ رَاجِعُونَ
(ခန္တီတရားထားရှိကုန်သော မုအ်မင် တို့သည်) မုချဧကန် မိမိတို့အား မွေးမြူတော်မူသော အရှင်ကို ဖူးတွေ့ကြရမည်သူများ ဖြစ်ကြကုန်၏ဟူ၍လည်းကောင်း၊ ထိုအရှင်၏အထံတော်သို့လည်း ပြန်လှည့်ကြမည့်သူများ ဖြစ်ကြသည် ဟူ၍လည်းကောင်း၊ အမှန်ယုံကြည်ကြကုန်သည်။
يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ
အို-အစ္စရာအီလ်၏မျိုးနွယ် အပေါင်းတို့၊ အသင်တို့အား ငါအရှင် ပေးသနားတောမူသော သုခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို လည်းကောင်း၊ ငါအရှင်သည် အသင်တို့အား (အထူးထူးသော ဂုဏ်ထူးဝိသေသများဖြင့်) စကြာဝဠာ အပေါင်းထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့သည်ကို လည်းကောင်း၊ အောက်မေ့ သတိရကြကုန်။
وَاتَّقُوا يَوْمًا لَا تَجْزِي نَفْسٌ عَنْ نَفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا شَفَاعَةٌ وَلَا يُؤْخَذُ مِنْهَا عَدْلٌ وَلَا هُمْ يُنْصَرُونَ
(အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့) အသင်တို့သည် သေပြီးနောက် ရှင်ပြန်ထရမည့် ကိယာမတ်နေ့(၏ဘေး) ကို (အထူးပင်) ကြောက်ရွံ့၍ မိမိတို့ကိုယ်ကို ကာကွယ်ကြကုန်၊ (အဘယ်ကြောင့်ဟူမူ) ထိုနေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ တစ်စုံတစ်ယောက်သောသူနှင့် ပတ်သက်၍ အနည်းငယ်မျှကိုပင် ဖြည့်စွမ်းပေးနိုင်မည်မဟုတ်။ အဘယ်သူ တစ်စုံတစ်ယောက်၏ အသနားခံပေးခြင်းကိုလည်း(ငါအရှင်သည်) သဘောတူလက်ခံတော် မူမည်မဟုတ်။ အဘယ်တစ်စုံတစ်ယောက်သော သူ၏ထံမှ ကိုယ်စားလဲ လှယ်ခြင်းကိုလည်း (ငါအရှင်သည်) လက်ခံတော်မူမည် မဟုတ်။ထို့ပြင်တဝ (ထိုနေ့တွင်) ယင်းသူတို့သည် (အခြားမည်သည့်) ကူညီယိုင်းပင်းမှုကိုမျှလည်း ခံကြရမည်မဟုတ်ပေ။
وَإِذْ نَجَّيْنَاكُمْ مِنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ يُذَبِّحُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُمْ بَلَاءٌ مِنْ رَبِّكُمْ عَظِيمٌ
(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်သတိရကြကုန်) တရံရောအခါ ငါအရှင်သည် အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံ တို့၏ ဘေးအန္တရာယ်မှကယ်မ၍ လွတ်မြောက် စေတော် မူခဲ့လေသည်၊ ထိုသူတို့သည် အသင်တို့အပေါ်ဝယ် အလွန်တရာ ရက်စက်ကြမ်းကြုတ် ဆိုးရွားလှစွာသော ဘေးဒုက္ခဆင်းရဲမှုများကို သက်ရောက်စေကြသည်၊ ထိုသူတို့သည် အသင်တို့၏ သမီးမိန်းကလေးများကို မသတ်ဘဲ ချန်လှပ်၍ သားယောက်ျားများကိုမူ (ရက်စက်စွာ) သတ်ဖြတ်လေ့ရှိကြ၏၊ ဤသည်ကား အသင်တို့ကို မွေးမြူတော်မူသော အသျှင်၏ထံတော်မှ ကြီးစွာသော စမ်းသပ်တော်မူခြင်း တစ်ရပ်ပင်တည်း။
وَإِذْ فَرَقْنَا بِكُمُ الْبَحْرَ فَأَنْجَيْنَاكُمْ وَأَغْرَقْنَا آلَ فِرْعَوْنَ وَأَنْتُمْ تَنْظُرُونَ
(အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန် ) တရံရောအခါ၊ ငါအရှင်သည်(အသင် တို့ကူးဖြတ် လျှောက်သွား နိုင်ကြရန်အလို့ငှာ) ပင်လယ်ကိုပင်ခွဲ၍ အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံတို့၏ဘေးမှ ကယ်တင်တော်မူခဲ့၏။ ထို့နောက် ဖိရ်အောင်န်၏အခြွေအရံများကို ငါအရှင်သည်(အသင့်တို့ မျက်မှောက်၌ပင်)နှစ်မြှုပ်တော်မူလိုက်သည်။ ထိုအချိန် အသင်တို့သည် မိမိတို့ကိုယ်တိုင် (ဤအချင်းအရာများကို) ကြည့်နေကြကုန်သည်။

Choose other languages: