Quran Apps in many lanuages:

Surah Al-Baqara Ayahs #52 Translated in Burmese

وَاتَّقُوا يَوْمًا لَا تَجْزِي نَفْسٌ عَنْ نَفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا شَفَاعَةٌ وَلَا يُؤْخَذُ مِنْهَا عَدْلٌ وَلَا هُمْ يُنْصَرُونَ
(အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့) အသင်တို့သည် သေပြီးနောက် ရှင်ပြန်ထရမည့် ကိယာမတ်နေ့(၏ဘေး) ကို (အထူးပင်) ကြောက်ရွံ့၍ မိမိတို့ကိုယ်ကို ကာကွယ်ကြကုန်၊ (အဘယ်ကြောင့်ဟူမူ) ထိုနေ့တွင် မည်သူတစ်ဦးတစ်ယောက်မျှ တစ်စုံတစ်ယောက်သောသူနှင့် ပတ်သက်၍ အနည်းငယ်မျှကိုပင် ဖြည့်စွမ်းပေးနိုင်မည်မဟုတ်။ အဘယ်သူ တစ်စုံတစ်ယောက်၏ အသနားခံပေးခြင်းကိုလည်း(ငါအရှင်သည်) သဘောတူလက်ခံတော် မူမည်မဟုတ်။ အဘယ်တစ်စုံတစ်ယောက်သော သူ၏ထံမှ ကိုယ်စားလဲ လှယ်ခြင်းကိုလည်း (ငါအရှင်သည်) လက်ခံတော်မူမည် မဟုတ်။ထို့ပြင်တဝ (ထိုနေ့တွင်) ယင်းသူတို့သည် (အခြားမည်သည့်) ကူညီယိုင်းပင်းမှုကိုမျှလည်း ခံကြရမည်မဟုတ်ပေ။
وَإِذْ نَجَّيْنَاكُمْ مِنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ يُذَبِّحُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُمْ بَلَاءٌ مِنْ رَبِّكُمْ عَظِيمٌ
(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်သတိရကြကုန်) တရံရောအခါ ငါအရှင်သည် အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံ တို့၏ ဘေးအန္တရာယ်မှကယ်မ၍ လွတ်မြောက် စေတော် မူခဲ့လေသည်၊ ထိုသူတို့သည် အသင်တို့အပေါ်ဝယ် အလွန်တရာ ရက်စက်ကြမ်းကြုတ် ဆိုးရွားလှစွာသော ဘေးဒုက္ခဆင်းရဲမှုများကို သက်ရောက်စေကြသည်၊ ထိုသူတို့သည် အသင်တို့၏ သမီးမိန်းကလေးများကို မသတ်ဘဲ ချန်လှပ်၍ သားယောက်ျားများကိုမူ (ရက်စက်စွာ) သတ်ဖြတ်လေ့ရှိကြ၏၊ ဤသည်ကား အသင်တို့ကို မွေးမြူတော်မူသော အသျှင်၏ထံတော်မှ ကြီးစွာသော စမ်းသပ်တော်မူခြင်း တစ်ရပ်ပင်တည်း။
وَإِذْ فَرَقْنَا بِكُمُ الْبَحْرَ فَأَنْجَيْنَاكُمْ وَأَغْرَقْنَا آلَ فِرْعَوْنَ وَأَنْتُمْ تَنْظُرُونَ
(အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန် ) တရံရောအခါ၊ ငါအရှင်သည်(အသင် တို့ကူးဖြတ် လျှောက်သွား နိုင်ကြရန်အလို့ငှာ) ပင်လယ်ကိုပင်ခွဲ၍ အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံတို့၏ဘေးမှ ကယ်တင်တော်မူခဲ့၏။ ထို့နောက် ဖိရ်အောင်န်၏အခြွေအရံများကို ငါအရှင်သည်(အသင့်တို့ မျက်မှောက်၌ပင်)နှစ်မြှုပ်တော်မူလိုက်သည်။ ထိုအချိန် အသင်တို့သည် မိမိတို့ကိုယ်တိုင် (ဤအချင်းအရာများကို) ကြည့်နေကြကုန်သည်။
وَإِذْ وَاعَدْنَا مُوسَىٰ أَرْبَعِينَ لَيْلَةً ثُمَّ اتَّخَذْتُمُ الْعِجْلَ مِنْ بَعْدِهِ وَأَنْتُمْ ظَالِمُونَ
(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့သတိရကြကုန်) တနေ့သောအခါ ငါအရှင်သည် နဗီတမန်တော်မူစာအားရက်ပေါင်းလေးဆယ် (ကုန်လွန်ပြီးနောက် တောင်ရာတ် ကျမ်းဂန်�ို ထုတ်ပြန်ပို့ချ ပေးသနားတော်မူမည်ဟု ) ပဋိညာဉ် ထားတော်မူသည်။(ထိုပဋိညာဉ်တော်အရ နဗီတမန်တော် မူစာသည် ထိုကျမ်းဂန်ကို ဦးထိပ် ရွက်ပန်ဆင်ရန် သိနတောင်၌ ရက်ပေါင်းလေးဆယ် သီတင်းသုံးနေခိုက်) သူ၏ နောက်ကွယ်ရာ၌ အသင်တို့သည် နွားငယ်ကို (ဘုရားအဖြစ်) ပြုလုပ် ကိုးကွယ်ကြကုန်သည်၊ အမှန်စင်စစ် အသင်တို့သည် ကျူးလွန်သူများ ဖြစ်ကြကုန်သည်။
ثُمَّ عَفَوْنَا عَنْكُمْ مِنْ بَعْدِ ذَٰلِكَ لَعَلَّكُمْ تَشْكُرُونَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည်၊ ထိုသို့နွားကို ကိုးကွယ်ကြပြီးသည့် နောက်သော်မှပင် ငါအရှင်သည် အသင်တို့အား ချမ်းသာခွင့် ပေးသနားတော် မူခဲ့လေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတင်ကြပေမည်။

Choose other languages: