Quran Apps in many lanuages:

Surah Al-Baqara Ayahs #149 Translated in Burmese

وَلَئِنْ أَتَيْتَ الَّذِينَ أُوتُوا الْكِتَابَ بِكُلِّ آيَةٍ مَا تَبِعُوا قِبْلَتَكَ ۚ وَمَا أَنْتَ بِتَابِعٍ قِبْلَتَهُمْ ۚ وَمَا بَعْضُهُمْ بِتَابِعٍ قِبْلَةَ بَعْضٍ ۚ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ مِنْ بَعْدِ مَا جَاءَكَ مِنَ الْعِلْمِ ۙ إِنَّكَ إِذًا لَمِنَ الظَّالِمِينَ
ထို့ပြင်တဝ (အို-နဗီတမန်တော်၊ အလ္လာဟ်အရှင် မြတ်အထံတော်မှ) ဓမ္မဒေသနာ ကျမ်းဂန်များ ရရှိသူ (ယဟူ ဒီနှင့် ခရစ်ယာန်) တို့ရှေ့ဝယ် အကယ်စင်စစ် အသင်သည် သက်သေသာဓက လက္ခဏာ ဟူသမျှကို ယူဆောင်တင်ပြပါသော်လည်း ယင်းသူတို့သည် အသင်၏ မျက်နှာမူရာ ကစ်ဗ်လဟ်ကို လိုက်နာကြလိမ့်မည် မဟုတ်ချေ။ အသင်သည်လည်း ယင်းသူတို့၏မျက်နှာမူရာအရပ်ကို လိုက်နာမည်မဟုတ်။ ယင်း (ယဟူဒီနှင့်ခရစ်ယာန်) တို့သည်လည်း အချင်းချင်း အချို့သည် အချို့၏ မျက်နှာမူရာအရပ်ကို လိုက်နာကြသည် မဟုတ်ပေ။ သို့ ဖြစ်၍ (ငါ အရှင်မြတ်၏အထံတော်မှ ကအ်ဗဟ်ကျောင်းတော် ဘက်သို့ မျက်နှာမူရန် အမိန့်တော်ကျရောက်၍ မှန်ကန်သော) အသိတရားများ အသင့်ထံရောက်ပြီးသည့်နောက် အသင်သည် ယင်းသူတို့၏ အလိုဆန္ဒများကို အကယ်စင်စစ် လိုက်လျောခဲ့ပါမူ အသင်သည် ပြစ်မှုကျူးလွန်သောသူများတွင် ဧကန်မုချ တစ်ဦးအပါအဝင် ဖြစ်ချေတော့အံ့။
الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ أَبْنَاءَهُمْ ۖ وَإِنَّ فَرِيقًا مِنْهُمْ لَيَكْتُمُونَ الْحَقَّ وَهُمْ يَعْلَمُونَ
အမှန်စင်စစ် [တောင်ရာတ်နှင့်အင်(န်)ဂျီလ်)] ကျမ်းများကို ငါအရှင်မြတ်ပေးသနားတော်မူသော(ယဟူဒီ နှင့်ခရစ်ယာန်တို့၏ပညာရှိသုခမိန်)တို့သည် မိမိတို့၏ သားမြေး တို့ကို သိဘိသကဲ့သို့ပင် ထို[နဗီတမန်တော်မုဟမ္မဒ်(ဆွ)] ကို လည်း သိကြလေသည်။ သို့ရာတွင် ဧကန်မုချ ယင်းသူတို့ အနက်မှ လူတစ်စုသည် အမှန်ကို (အမှန်ဟူ၍) သိရှိပါလျက် နှင့်ပင် ထိမ်ချန်ထားရှိကြလေသတည်း။
الْحَقُّ مِنْ رَبِّكَ ۖ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
(အို-နဗီတမန်တော်) ဤ (ကစ်ဗ်လဟ် ပြောင်း လွှဲခြင်းနှင့် စပ်လျဉ်းသော) အမိန့်တော်သည် အသင့်ကို မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ ကျရောက်သည့် မှန်ကန်သော အမိန့်တော်ပင် ဖြစ်ချေသည်။ သို့ဖြစ် လေရာ အသင်သည် ဒွိဟ မကင်းသောသူတို့တွင် အပါအဝင် မဖြစ်ပါလေနှင့်။
وَلِكُلٍّ وِجْهَةٌ هُوَ مُوَلِّيهَا ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ أَيْنَ مَا تَكُونُوا يَأْتِ بِكُمُ اللَّهُ جَمِيعًا ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ထိုမှတပါး လူမျိုးအသီးသီးတို့၌ (မျက်နှာမူရာ) အရပ်တခုကျစီရှိ၏။ ထို(လူမျိုးအသီးသီး) တို့သည် (ဝတ်ပြုရာ ၌မိမိတို့ဘာသာတရားနှင့်အညီ) ထိုမျက်နှာမူရာဘက်သို့ မျက်နှာမူလေ့ရှိကြကုန်၏။ သို့ဖြစ်လေရာ အသင်တို့သည် ကုသိုလ်ကောင်းမှု ဆည်းပူးရာ၌ သူ့ထက်ငါသာအောင် (လုံ့လဝီရိယစိုက်ထုတ်ကာ)အဆောတလျင်ပြုလုပ်ကြကုန်လော့။ အသင်တို့သည် မည်သည့်နေရာ၌မဆို ရှိကြအံ့၊ အလ္လာဟ် အရှင်မြတ်သည် အသင်တို့ အားလုံးတို့ကို (တဌာနတည်း၌) စုရုံးတော်မူအံ့။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ် သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ လေသတည်း။
وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۖ وَإِنَّهُ لَلْحَقُّ مِنْ رَبِّكَ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
ထို့ပြင်တဝ (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး) ထွက်အံ့၊ (ဝါ) မည်သည့် နေရာ၌မဆိုရှိနေအံ့၊ ဆွလာတ်ဝတ်ပြု ရာ၌ မိမိမျက်နှာကို (ထိုဌာနမှ) မတ်စ်ဂျိဒေ့ဟရာမ် ကျောင်းတော်ဘက်သို့သာ လျှင်လှည့်ပါလေ။ စင်စစ် သော်ကား မုချဧကန် ဤအမိန့်တော် သည် အသင့် အား မွေးမြူတော်မူသော အရှင်မြတ်၏အထံ တော်မှ လုံးဝမှန်ကန်သော အမိန့်တော်ပင်ဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ် ကျင့်မူကြကုန် သော ကိ�္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အရှင် မဟုတ်ပေ။

Choose other languages: