Quran Apps in many lanuages:

Surah Al-Baqara Ayahs #152 Translated in Burmese

وَلِكُلٍّ وِجْهَةٌ هُوَ مُوَلِّيهَا ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ أَيْنَ مَا تَكُونُوا يَأْتِ بِكُمُ اللَّهُ جَمِيعًا ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ထိုမှတပါး လူမျိုးအသီးသီးတို့၌ (မျက်နှာမူရာ) အရပ်တခုကျစီရှိ၏။ ထို(လူမျိုးအသီးသီး) တို့သည် (ဝတ်ပြုရာ ၌မိမိတို့ဘာသာတရားနှင့်အညီ) ထိုမျက်နှာမူရာဘက်သို့ မျက်နှာမူလေ့ရှိကြကုန်၏။ သို့ဖြစ်လေရာ အသင်တို့သည် ကုသိုလ်ကောင်းမှု ဆည်းပူးရာ၌ သူ့ထက်ငါသာအောင် (လုံ့လဝီရိယစိုက်ထုတ်ကာ)အဆောတလျင်ပြုလုပ်ကြကုန်လော့။ အသင်တို့သည် မည်သည့်နေရာ၌မဆို ရှိကြအံ့၊ အလ္လာဟ် အရှင်မြတ်သည် အသင်တို့ အားလုံးတို့ကို (တဌာနတည်း၌) စုရုံးတော်မူအံ့။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ် သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ လေသတည်း။
وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۖ وَإِنَّهُ لَلْحَقُّ مِنْ رَبِّكَ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
ထို့ပြင်တဝ (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး) ထွက်အံ့၊ (ဝါ) မည်သည့် နေရာ၌မဆိုရှိနေအံ့၊ ဆွလာတ်ဝတ်ပြု ရာ၌ မိမိမျက်နှာကို (ထိုဌာနမှ) မတ်စ်ဂျိဒေ့ဟရာမ် ကျောင်းတော်ဘက်သို့သာ လျှင်လှည့်ပါလေ။ စင်စစ် သော်ကား မုချဧကန် ဤအမိန့်တော် သည် အသင့် အား မွေးမြူတော်မူသော အရှင်မြတ်၏အထံ တော်မှ လုံးဝမှန်ကန်သော အမိန့်တော်ပင်ဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ် ကျင့်မူကြကုန် သော ကိ�္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အရှင် မဟုတ်ပေ။
وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنْتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ لِئَلَّا يَكُونَ لِلنَّاسِ عَلَيْكُمْ حُجَّةٌ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ فَلَا تَخْشَوْهُمْ وَاخْشَوْنِي وَلِأُتِمَّ نِعْمَتِي عَلَيْكُمْ وَلَعَلَّكُمْ تَهْتَدُونَ
တဖန် (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး)ထွက်အံ့။ သို့(ခရီး) ထွက်ရာ နေရာဌာနမှ (ဆွလာတ်ဝတ်ပြုရာ၌) ကအ်ဗဟ် ကျောင်းတော် ဘက်သို့သာလျှင် မျက်နှာမူပါလေ။ တဖန်ပြကတေ့ ထိုနည်း အတိုင်း (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည်လည်း မည်သည့် နေရာဌာန၌မဆို ရှိကြသည် ဖြစ်အံ့။ ဆွလာတ် ဝတ်ပြုရာ၌) ထို (ကအ်ဗဟ်ကျောင်းတော်) ဖက်သို့ သာလျှင် မျက်နှာမူကြကုန်လော့။ ဤအမိန့်တော် ထုတ်ပြန်တော်မူ ခြင်းကား အသင်တို့အား အတိုက်အခံ ပြုကြကုန်သော လူခပ်သိမ်းတို့ အဖို့ အသင်တို့နှင့် ဆန့်ကျင်၍ လျှောက်လဲချက် မရှိရန်အလို့ငှာ ဖြစ်သည်။ သို့ရာတွင် ယင်းသူတို့ အနက်မှ မတော်မတရားပြုမူသော သူတို့ကား (ဇွတ်မှိတ်၍ ဆင်ခြေလဲ ကြဦးမည် ဖြစ်သော်လည်း ၎င်းတို့၏ဆင်ခြေလဲခြင်းမှာ ဂရုပြုဘွယ်မဟုတ်ချေ။) သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ အား အလျင်း မကြောက်ရွံ့ကြပဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် ငါအရှင်မြတ်သည် အသင်တို့အပေါ် မိမိကျေးဇူးတော်များကို ပြည့်စုံ စေတော်မူအံ့။ ထို့ပြင်တဝ အသင်တို့သည် ဥဇုမဂ္ဂတည်းဟူသော ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ရရှိသူများလည်း ဖြစ်ကြအံ့။
كَمَا أَرْسَلْنَا فِيكُمْ رَسُولًا مِنْكُمْ يَتْلُو عَلَيْكُمْ آيَاتِنَا وَيُزَكِّيكُمْ وَيُعَلِّمُكُمُ الْكِتَابَ وَالْحِكْمَةَ وَيُعَلِّمُكُمْ مَا لَمْ تَكُونُوا تَعْلَمُونَ
(ငါအရှင်မြတ်သည် ကအ်ဗဟ် ကျောင်း တော်ကို ကစ်ဗ်လဟ်အဖြစ် သတ်မှတ်၍ ပေးတော် မူခြင်းမှာ) ငါ အရှင်မြတ်သည် အသင်တို့ထံဝယ် အသင်တို့အနက်မှ ရစူလ် တမန်တော်တပါး စေလွှတ် တော်မူသကဲ့သို့ပင်ဖြစ်သည်၊ ထိုရစူလ်တမန်တော်သည် ငါအရှင်မြတ် (ပို့ချတော်မူသော) ဒေသနာများကို အသင်တို့ရှေ့ဝယ် ရွတ်ဘတ် သရဇ္ဈာယ်သည်။ ထို့ပြင်တဝ အသင်တို့(၏ စိတ်နှလုံးများ)ကို (အကုသိုလ် ဒုစရိုက်များမှ) သန့်စင်အောင်ပြုပေးသည်။ ထိုမျှမက အသင်တို့အား ကျမ်းဂန်နှင့် အသိ အလိမ္မာ အမြော်အမြင် တရားများကိုလည်း သင် ကြားပြသသည်၊ ထိုမှတပါး အသင်တို့ မသိ နားမလည်ခဲ့ကြသော အကြောင်းအရာအရပ်ရပ် တို့ကို လည်း သင်ကြားပြသသည်။
فَاذْكُرُونِي أَذْكُرْكُمْ وَاشْكُرُوا لِي وَلَا تَكْفُرُونِ
သို့ဖြစ်လေရာ အသင်တို့သည် ငါအရှင်မြတ်ကို (ခဝပ်ကိုးကွယ်ခြင်းအားဖြင့် လည်းကောင်း၊ ငါအရှင်မြတ်၏ အမိန့် တော်များကို ရိုသေစွာ လိုက်နာခြင်းအား ဖြင့်လည်းကောင်း) အောက်မေ့တသ သတိရကြကုန်လော့၊ ငါအရှင် မြတ်သည်လည်း အသင်တို့အား (ကူညီ စောင့်ရှောက်တော်မူ ခြင်းအားဖြင့်) သတိရတော်မူအံ့။ ထိုမှတစ်ပါး အသင်တို့သည် ငါအရှင်မြတ်၏ကျေးဇူးတော်ကို သိကြကုန်လော့။ အသင်တို့သည် ငါ အရှင်မြတ်အား ကျေးဇူးမကန်းကြကုန်လင့်။

Choose other languages: