Quran Apps in many lanuages:

Surah Al-Baqara Ayah #105 Translated in Burmese

مَا يَوَدُّ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَلَا الْمُشْرِكِينَ أَنْ يُنَزَّلَ عَلَيْكُمْ مِنْ خَيْرٍ مِنْ رَبِّكُمْ ۗ وَاللَّهُ يَخْتَصُّ بِرَحْمَتِهِ مَنْ يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
အထက်ကျော်ကာလများက ကျမ်းရခဲ့ပြီးဖြစ်သော လူတို့အနက်မှ သော်လည်းကောင်း၊ တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်နှင့် တွဲဘက်ယှဉ်တွဲ၍ အခြားအရာများကိုပါ ကိုးကွယ်ကြသော သူများအနက်မှသော်လည်းကောင်း၊(အလ္လာဟ်အရှင်မြတ်ကို) မယုံမကြည် သွေဖည်ငြင်းဆန်သော သူတို့သည် အသင်တို့အား ပြုစုပျိုးထောင် မွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ အသင်တို့အထံဝယ် မည်သည့်ကောင်းကျိုးချမ်းသာ (ကြီးပွားရာကြီးပွားကြောင်းနှင့် အမိန့်ဗျာဒိတ်တော်များ) ပို့ချပေးသနားတော်မူခြင်းကို(လုံးဝ) မနှစ်သက်ကြချေ။ သို့ရာတွင် (ယင်းသူတို့၏ မနာလိုဝန်တို ဣဿာမစ္ဆရိယစိတ်စေတနာ ထားခြင်းသည် အချည်းနှီးပင်တည်း)။အဘယ်ကြောင့်ဟူမူ အလ္လာဟ် အရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများကို (သာလျှင်) မိမိကရုဏာ တော်မြတ် (သက်ရောက်စေတော်မူရန်) သီးသန့် ခြားနားရွေးကောက်တော်မူလေသည်။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် မြင့်မြတ်သော ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်တည်း။

Choose other languages: