Quran Apps in many lanuages:

Surah Al-Baqara Ayahs #111 Translated in Burmese

أَلَمْ تَعْلَمْ أَنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۗ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ
(ထိုမှတပါးတုံ၊ အို-နဗီတမန်တော်) ကောင်းကင်ဘုံများနှင့် ပထဝီမြေကို (ငါ)အလ္လာဟ် အရှင် မြတ်သာလျှင် စိုးပိုင်တော်မူကြောင်း အသင် မသိလေသလော၊ ထို့ပြင်တဝ(အို-လူသားတို့) အသင်တို့အဘို့အရာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ ကြည့်ရှုစောင့်ရှောက်မည့်သူ ဟူ၍လည်းကောင်း၊ ကူညီ မစမည့်သူ ဟူ၍လည်းကောင်း၊ မရှိချေ။
أَمْ تُرِيدُونَ أَنْ تَسْأَلُوا رَسُولَكُمْ كَمَا سُئِلَ مُوسَىٰ مِنْ قَبْلُ ۗ وَمَنْ يَتَبَدَّلِ الْكُفْرَ بِالْإِيمَانِ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ
(အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့) ရှေးအထက်ကျော်ကာလ၌ (အသင်တို့၏ ဘိုးဘေးများက) နဗီတမန်တော်မူစာ (အလိုင်ဟစ္စလာမ်) အား (မလျော်ကန်သောအချက်များကို) တောင်းဆို မေးမြန်းကြသကဲ့သို့ အသင်တို့ကလည်း မိမိတို့ခေတ်၌ ပွင့်တော်မူသော နဗီတမန်တော်(မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အား ထိုကဲ့သို့ပင် တောင်းဆို မေးမြန်းရန် အလိုဆန္ဒ ရှိကြပါသလော။ မည်သူမဆို ယုံကြည်ခြင်းသဒ္ဓါတရားကို စွန့်ပယ်၍ မိစ္ဆာအယူကို လဲလှယ်(လက်ခံ) နာယူပါမူ၊ ထိုသူသည် မချွတ်ဧကန် ဖြောင့်မတ် မှန်ကန်သော လမ်းမှ တိမ်းပါး လွဲချော်သွားချေပြီ။
وَدَّ كَثِيرٌ مِنْ أَهْلِ الْكِتَابِ لَوْ يَرُدُّونَكُمْ مِنْ بَعْدِ إِيمَانِكُمْ كُفَّارًا حَسَدًا مِنْ عِنْدِ أَنْفُسِهِمْ مِنْ بَعْدِ مَا تَبَيَّنَ لَهُمُ الْحَقُّ ۖ فَاعْفُوا وَاصْفَحُوا حَتَّىٰ يَأْتِيَ اللَّهُ بِأَمْرِهِ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
စင်စစ်မှာမူကား ကျမ်းဂန် ရရှိကြကုန်သော(ယဟူဒီဘာသာဝင်များ) အနက်မ ှမြောက်မြားစွာသော သူတို့သည်၊ ထင်ရှားခဲ့ပြီး အမှန်သည် ယင်းသူတို့အဘို့ နောက်သော်မှပင် မိမိတို့စိတ်တွင်း၌ ထားရှိကြကုန်သော မနာလို ဝန်တို ငြူစူခြင်း သဘောများကြောင့် အသင်တို့အား ‘မုစ်လင်မ်’ဘဝမှတဖန် ကာဖိရ်ဘဝသို့ ပြန်လည် ပို့ဆောင်လိုကြသည်။ သို့ဖြစ်ငြားသော် လည်း၊ အလ္လာဟ် အရှင်မြတ်အထံတော်မှ အမိန့်တော် ကျရောက်လာသည့်တိုင်အောင် အသင်တို့သည်၊ ခန္တီ တရားကို အမြဲထား၍ ယင်းသူတို့အား လျစ်လျူရှုကာ ခွင့်လွှတ်နေကြကုန်။ ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည် အရာခပ်သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင် နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်တည်း။
وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ۚ وَمَا تُقَدِّمُوا لِأَنْفُسِكُمْ مِنْ خَيْرٍ تَجِدُوهُ عِنْدَ اللَّهِ ۗ إِنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
ထိုမှတပါး အသင်တို့သည် ဆွလာတ် ဝတ်ပြုခြင်းကို အမြဲတစေ ဆောက်တည်ကြလေကုန်၊ ၎င်းပြင်အသင်တို့သည် ဇကာတ် တရားဝင်ဒါန ကြေးများကို ပေးဆောင်ကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် မည်သည် ကောင်းမှုကုသိုလ်ကိုမဆို မိမိတို့အဘို့အရာ ရှေ့သို့ တင်ကြိုပို့ထားနှင့်ကြပါမူ အလ္လာဟ်အရှင်မြတ် အထံတော်မှ ယင်းကောင်းမှု(၏ ကုသိုလ်အကျိုး) ကို အသင်တို့ရရှိကြအံ့၊ မုချအမှန် အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုမူကြ ကုန်သောအရာခပ်သိမ်းတို့ကို အကြွင်းမရှိ သိမြင်တော်မူသောအရှင် ဖြစ်တော်မူ၏။
وَقَالُوا لَنْ يَدْخُلَ الْجَنَّةَ إِلَّا مَنْ كَانَ هُودًا أَوْ نَصَارَىٰ ۗ تِلْكَ أَمَانِيُّهُمْ ۗ قُلْ هَاتُوا بُرْهَانَكُمْ إِنْ كُنْتُمْ صَادِقِينَ
ထို့ပြင်တဝ ယင်းသူတို့က ပြောဆိုကြသည်မှာ၊ ဂျန္နတ် အမတသုခဘုံတွင်းသို့ ယဟူဒီဘာသာဝင် သို့မဟုတ်ခရစ် ယာန်ဘာသာဝင်တို့မှအပ (အခြား) မည်သူတစ်ဦးတစ်ယောက်မျှ မည်သည့်အခါမျှ ဝင်ရောက်နိုင်�ည် မဟုတ်ချေ။ ထိုပြောဆိုချက်များသည်ကား ယင်းသူတို့၏ (စိတ်ကူးအလျောက် အချည်းနှီးသော) တပ်မက်မောခြင်း မျှသာဖြစ်သည်။ အို-နဗီ တမန်တော်မုဟမ္မဒ်(ဆွ) အသင်သည် ယင်းသူတို့အား ဟယ်-အချင်းတို့၊ အကယ်စင်စစ် အသင်တို့သည်၊(ဤအကြောင်းများနှင့် စပ်လျဉ်း၍) ဟုတ်မှန်ရာကို ပြောဆိုကြသူများသာ ဖြစ်ကြလျှင် မိမိတို့၏ အခိုင်လုံ ဆုံးသော သက်သေခံသာဓက အထောက်အထားများ ဆောင်ယူ(တင်ပြ) ကြကုန်လော့ဟု ပြောဆိုပါလေ။

Choose other languages: