Quran Apps in many lanuages:

Surah Al-Anaam Ayahs #58 Translated in Burmese

وَإِذَا جَاءَكَ الَّذِينَ يُؤْمِنُونَ بِآيَاتِنَا فَقُلْ سَلَامٌ عَلَيْكُمْ ۖ كَتَبَ رَبُّكُمْ عَلَىٰ نَفْسِهِ الرَّحْمَةَ ۖ أَنَّهُ مَنْ عَمِلَ مِنْكُمْ سُوءًا بِجَهَالَةٍ ثُمَّ تَابَ مِنْ بَعْدِهِ وَأَصْلَحَ فَأَنَّهُ غَفُورٌ رَحِيمٌ
ထို့ပြင်တဝ (အို-နဗီတမန်တော်) အသင့်ထံသို့ငါအရှင်မြတ်၏ သက်သေသာဓက လက္ခဏာတော်များကို ယုံကြည်သောသူတို့ လာရောက်ကြသောအခါ အသင်သည် (၎င်းတို့အား ဤသို့ပြောဆိုပါလေ)၊ အသင်တို့အပေါ်ဝယ် ချမ်းမြေ့သာယာခြင်း သည် သက်ရောက်ပါစေသား၊အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအပေါ်၌ ကရုဏာတရားကို သတ်မှတ်ပြဋ္ဌာန်း၍ ထားရှိတော်မူလေသည်။စင်စစ်ဧကန် အသင်တို့အနက် မည်သူမဆို နားမလည်၍မကောင်းမှု ဒုစရိုက်ကိုပြုမိခဲ့၏။ ထို့နောက် ထိုသူသည် ဝန်ချတောင်းပန်၍ မိမိကိုယ်ကို မိမိပြုပြင်ခဲ့၏။ သို့ဖြစ်လျှင် မုချစင်စစ် �ိုအရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနား ကြင်နာတော်မူထသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
وَكَذَٰلِكَ نُفَصِّلُ الْآيَاتِ وَلِتَسْتَبِينَ سَبِيلُ الْمُجْرِمِينَ
၎င်းပြင်၊ ဤနည်းအတိုင်းပင် အပြစ်ထိုက်သင့်သောသူတို့၏လမ်းစဉ်သည် ထင်ရှားသွားရန်အလို့ငှာ ငါအရှင်မြတ်သည် သက်သေလက္ခဏာတော်များကို ထင်ရှားစွာထုတ်ဖော်မိန့်ကြားတော်မူလေသတည်း။တနည်း၎င်းပြင် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အာယသ် သက်သေလက္ခဏာတော်များကို ထင်ရှားစွာဖော်ပြတော်မူသည်။ (သို့မှသာလျှင် မုအ်မင်န်တို့၏ လမ်းစဉ်သည်လည်း ထင်ရှားသွားပေမည်)။ ၎င်းပြင် အပြစ်ထိုက်သင့်သူတို့၏ လမ်းစဉ်လည်း ထင်ရှားသွားပေမည်။
قُلْ إِنِّي نُهِيتُ أَنْ أَعْبُدَ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ ۚ قُلْ لَا أَتَّبِعُ أَهْوَاءَكُمْ ۙ قَدْ ضَلَلْتُ إِذًا وَمَا أَنَا مِنَ الْمُهْتَدِينَ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့)ပြောကြားပါလေ၊ အလ္လာဟ်အရှင်မြတ်ကိုစွန့်ပယ်၍ အသင်တို့ ဟစ်ခေါ်တသကြကုန်သောသူတို့အား ကိုးကွယ်ဆည်းကပ်ခြင်းမှငါသည် တားမြစ်ခြင်းကို ခံရပြီးဖြစ်သည်။ အသင်သည် (ဤသို့လည်း) ပြောကြားပါလေ။ ငါသည် အသင်တို့၏ အချည်းနှီးသော အလိုဆန္ဒများကို အလျင်း လိုက်နာမည်မဟုတ်ပေ။သို့လိုက်နာ မိပါလျှင် ငါသည် လမ်းမှားသို့ ရောက်သွားပေမည်။၎င်းပြင် ငါသည် တရားလမ်းမှန်ကို ရရှိသောသူတို့တွင်လည်းအပါအဝင် ဖြစ်တော့မည်မဟုတ်ပေ။
قُلْ إِنِّي عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَكَذَّبْتُمْ بِهِ ۚ مَا عِنْدِي مَا تَسْتَعْجِلُونَ بِهِ ۚ إِنِ الْحُكْمُ إِلَّا لِلَّهِ ۖ يَقُصُّ الْحَقَّ ۖ وَهُوَ خَيْرُ الْفَاصِلِينَ
(အို-နဗီတမန်တော်) အသင်သည် (ဤကဲ့သို့)ပြောကြားပါလေ၊ မုချဧကန်ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင့်ထံတော်မှဖြစ် သော(ကြီးမားထင်ရှားသော)သက်သေသာဓကအပေါ်၌ တည်ရှိပေသည်။ သို့ရာတွင်အသင်တို့သည် ထို(သက်သေသာဓက)ကိုပင် မဟုတ်မမှန်ဟုငြင်းပယ်ခဲ့ကြလေသည်။ အသင်တို့ အလျင်စလို တောင်းဆိုကြသောအရာ(ပြစ်ဒဏ်)သည် ငါ့ထံ၌မရှိပေ။ အမိန့်အာဏာကိုကား အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်၏။ ထိုအရှင်မြတ်သည်သာလျှင် အမှန်ကို ထုတ်ဖော်မိန့်ကြားတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင် ဖြစ်တော်မူချေသည်။
قُلْ لَوْ أَنَّ عِنْدِي مَا تَسْتَعْجِلُونَ بِهِ لَقُضِيَ الْأَمْرُ بَيْنِي وَبَيْنَكُمْ ۗ وَاللَّهُ أَعْلَمُ بِالظَّالِمِينَ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ အကယ်၍ အသင်တို့ အလျင်စလို တောင်းဆိုနေကြသောအရာ(ပြစ်ဒဏ်)သည် ငါ့ထံ၌ရှိပါလျှင် ငါနှင့်အသင်တို့စပ်ကြားတွင်ဖြစ်ပေါ်နေသော ပြဿနာသည် ဖြေရှင်းပြီးဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့ကို ကောင်းစွာသိတော်မူသော အရှင်ဖြစ်တော်မူသည်။

Choose other languages: