Quran Apps in many lanuages:

Surah Al-Anaam Ayahs #60 Translated in Burmese

قُلْ إِنِّي نُهِيتُ أَنْ أَعْبُدَ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ ۚ قُلْ لَا أَتَّبِعُ أَهْوَاءَكُمْ ۙ قَدْ ضَلَلْتُ إِذًا وَمَا أَنَا مِنَ الْمُهْتَدِينَ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့)ပြောကြားပါလေ၊ အလ္လာဟ်အရှင်မြတ်ကိုစွန့်ပယ်၍ အသင်တို့ ဟစ်ခေါ်တသကြကုန်သောသူတို့အား ကိုးကွယ်ဆည်းကပ်ခြင်းမှငါသည် တားမြစ်ခြင်းကို ခံရပြီးဖြစ်သည်။ အသင်သည် (ဤသို့လည်း) ပြောကြားပါလေ။ ငါသည် အသင်တို့၏ အချည်းနှီးသော အလိုဆန္ဒများကို အလျင်း လိုက်နာမည်မဟုတ်ပေ။သို့လိုက်နာ မိပါလျှင် ငါသည် လမ်းမှားသို့ ရောက်သွားပေမည်။၎င်းပြင် ငါသည် တရားလမ်းမှန်ကို ရရှိသောသူတို့တွင်လည်းအပါအဝင် ဖြစ်တော့မည်မဟုတ်ပေ။
قُلْ إِنِّي عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَكَذَّبْتُمْ بِهِ ۚ مَا عِنْدِي مَا تَسْتَعْجِلُونَ بِهِ ۚ إِنِ الْحُكْمُ إِلَّا لِلَّهِ ۖ يَقُصُّ الْحَقَّ ۖ وَهُوَ خَيْرُ الْفَاصِلِينَ
(အို-နဗီတမန်တော်) အသင်သည် (ဤကဲ့သို့)ပြောကြားပါလေ၊ မုချဧကန်ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင့်ထံတော်မှဖြစ် သော(ကြီးမားထင်ရှားသော)သက်သေသာဓကအပေါ်၌ တည်ရှိပေသည်။ သို့ရာတွင်အသင်တို့သည် ထို(သက်သေသာဓက)ကိုပင် မဟုတ်မမှန်ဟုငြင်းပယ်ခဲ့ကြလေသည်။ အသင်တို့ အလျင်စလို တောင်းဆိုကြသောအရာ(ပြစ်ဒဏ်)သည် ငါ့ထံ၌မရှိပေ။ အမိန့်အာဏာကိုကား အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်၏။ ထိုအရှင်မြတ်သည်သာလျှင် အမှန်ကို ထုတ်ဖော်မိန့်ကြားတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင် ဖြစ်တော်မူချေသည်။
قُلْ لَوْ أَنَّ عِنْدِي مَا تَسْتَعْجِلُونَ بِهِ لَقُضِيَ الْأَمْرُ بَيْنِي وَبَيْنَكُمْ ۗ وَاللَّهُ أَعْلَمُ بِالظَّالِمِينَ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ အကယ်၍ အသင်တို့ အလျင်စလို တောင်းဆိုနေကြသောအရာ(ပြစ်ဒဏ်)သည် ငါ့ထံ၌ရှိပါလျှင် ငါနှင့်အသင်တို့စပ်ကြားတွင်ဖြစ်ပေါ်နေသော ပြဿနာသည် ဖြေရှင်းပြီးဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့ကို ကောင်းစွာသိတော်မူသော အရှင်ဖြစ်တော်မူသည်။
وَعِنْدَهُ مَفَاتِحُ الْغَيْبِ لَا يَعْلَمُهَا إِلَّا هُوَ ۚ وَيَعْلَمُ مَا فِي الْبَرِّ وَالْبَحْرِ ۚ وَمَا تَسْقُطُ مِنْ وَرَقَةٍ إِلَّا يَعْلَمُهَا وَلَا حَبَّةٍ فِي ظُلُمَاتِ الْأَرْضِ وَلَا رَطْبٍ وَلَا يَابِسٍ إِلَّا فِي كِتَابٍ مُبِينٍ
၎င်းပြင် ထိုအရှင်မြတ်အထံတော်တွင် အကွယ်၌ရှိသောအရာများ၏ [သော့များသည်ရှိ၏]။ [(တနည်း) ဘဏ္ဍာတော်များသည်ရှိ၏။] ယင်း(သော့များ-ဘဏ္ဍာတော်များကို)ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ ၎င်းပြင် ထိုအရှင်မြတ်သည် သာလျှင် ပထဝီမြေ၌ ရှိရှိသမျှသော အရာတို့ကလည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌ ရှိရှိသမျှသော အရာတို့ကိုလည်းကောင်း သိရှိတော်မူ၏။ ထို့ပြင်တဝ သစ်ရွက်တစ်ရွက်ကြွေကျသည်ကိုပင် ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ၎င်းပြင် ပထဝီမြေ၏အမှောင်အထပ်ထပ်တွင် ကျနေသော (သစ်)စေ့ ဟူသရွေ့တို့သည်လည်းကောင်း၊ စိမ်းစိုသောအရာဝတ္ထု ဟူသရွေ့တို့သည်လည်းကောင်း၊ သွေ့ခြောက်သော အရာဝတ္ထုဟူသရွေ့တို့သည်လည်းကောင်း၊ ရှင်းလင်းထင်ရှားသော (မှတ်တမ်း) တော်စာအုပ်တွင်ရှိကုန်၏။
وَهُوَ الَّذِي يَتَوَفَّاكُمْ بِاللَّيْلِ وَيَعْلَمُ مَا جَرَحْتُمْ بِالنَّهَارِ ثُمَّ يَبْعَثُكُمْ فِيهِ لِيُقْضَىٰ أَجَلٌ مُسَمًّى ۖ ثُمَّ إِلَيْهِ مَرْجِعُكُمْ ثُمَّ يُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
၎င်းပြင် ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်သည် အသင်တို့အား ညဉ့်အချိန်၌အိပ်စက်စေတော်မူ၏။ ၎င်းပြင် အသင်တို့ နေ့၌ပြုမူသမျှတို့ကိုလည်း ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ထို့နောက်တဖန်ထိုအရှင်မြတ်သည် အသင်တို့အား ထိုနေ့၌ပြန်ထစေတော်မူ၏။(တနည်း) ယင်းအိပ်စက်ခြင်းမှ ပြန်နိုးစေတော်မူ၏။ သို့မှသာလျှင် သတ်မှတ်ပြဋ္ဌာန်းထားသော အသက်တမ်းသည် စေ့သွားပေမည်။ တဖန် အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်�ောက်ရှိကြကုန်အံ့။ ၎င်းနောက် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူသမျှတို့ကို ထုတ်ဖော်မိန့်ကြားတော်မူအံ့။(ရကူ)

Choose other languages: