Quran Apps in many lanuages:

Surah Al-Anaam Ayahs #30 Translated in Burmese

وَهُمْ يَنْهَوْنَ عَنْهُ وَيَنْأَوْنَ عَنْهُ ۖ وَإِنْ يُهْلِكُونَ إِلَّا أَنْفُسَهُمْ وَمَا يَشْعُرُونَ
၎င်းပြင် ယင်းသူတို့သည်(သူတစ်ပါးတို့ကိုလည်း)ထိုကုရ်အာန်ကျမ်းတော်မြတ်(ကိုနားဆင်ခြင်း)မှ တားမြစ်ကြကုန်၏။ မိမိတို့ကိုယ်တိုင်လည်း ယင်း ကုရ်အာန်ကျမ်းမြတ်(ကိုနားဆင်ခြင်း) မှ (ဝေးစွာ) ကြဉ်ရှောင်ကြကုန်၏။ စင်စစ်သော်ကား ထိုသူတို့သည် မိမိတို့ကိုယ်သာ ပျက်စီးကုန်၏။ သို့ရာတွင် ၎င်းတို့သည် (ဤမျှပင်) မသိတတ်ကြချေ။
وَلَوْ تَرَىٰ إِذْ وُقِفُوا عَلَى النَّارِ فَقَالُوا يَا لَيْتَنَا نُرَدُّ وَلَا نُكَذِّبَ بِآيَاتِ رَبِّنَا وَنَكُونَ مِنَ الْمُؤْمِنِينَ
ထို့ပြင်တဝ၊ (အို-နဗီတမန်တော်) အကြင်အခါဝယ်၊ ၎င်းတို့သည် ငရဲဘုံ(အဝ)တွင် ရပ်စေခြင်းကိုခံရ၍ဪ ငါတို့သည် (လူ့ပြည်လောကသို့) ပြန်လွှတ်ခြင်းကိုခံရကြသော် ကောင်းလေစွတကား။ (အကယ်၍သာ ပြန်သွားရလျှင်) ငါတို့သည် မိမိတို့ အရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းမပြုကြဘဲ၊ ငါတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်ပေမည် ဟု ပြောဆိုကြလတ္တံ့။ အကယ်၍ အသင်သည် ထိုအဖြစ်ကိုကြည့်ရပါသော် (အလွန်ကြောက်မက်ဖွယ် ကောင်းသောမြင်ကွင်းကို တွေ့မြင်ရပေအံ့)။
بَلْ بَدَا لَهُمْ مَا كَانُوا يُخْفُونَ مِنْ قَبْلُ ۖ وَلَوْ رُدُّوا لَعَادُوا لِمَا نُهُوا عَنْهُ وَإِنَّهُمْ لَكَاذِبُونَ
(သို့ရာတွင် ၎င်းတို့သည် အကယ်စင်စစ် မှန်ကန်သော ရည်ရွယ်ချက်နှင့် ဤသို့ ပြောဆိုကြသည်) အလျင်းမဟုတ်ပေ။ စင်စစ်မှာကား ထိုသူတို့သည် ယခင်မူလက မိမိတို့ထိမ်ချန် လျှို့ဝှက်ထား ရှိသမျှတို့(၏အကျိုးအပြစ်များ)သည်ပေါ်လာသည်(ဖြစ်၍ ထိုအပြစ်များမှ လွတ်မြောက်ရုံကာမျှပြောဆိုခြင်းသာဖြစ်ချေသည်။) ၎င်းတို့သည် အကယ်၍သာ(လူ့ပြည်လောကသို့) ပြန်လွှတ်ခြင်းခံကြရပါလျှင်၊ မုချဧကန်ထိုသူတို့သည် မိမိတို့�ားမြစ်ခြင်းခံကြရသော အမှုကိစ္စများကိုထပ်မံ၍ပင် ပြုကြလတ္တံ့။ ထိုသူတို့သည် ဧကန်စင်စစ် မုသားပြောဆိုသူများသာ ဖြစ်ကြကုန် သတည်း။တနည်း။(ထိုမုရှ်ရစ်က်တို့က ထိုကဲ့သို့ ပြောဆိုခြင်း မှာစိတ်စေတနာဖြူစင်စွာဖြင့် ပြောဆိုခြင်း)မဟုတ်၊ သို့ရာတွင်အလျင်က(လူ့လောကတွင်) ၎င်းတို့ထိမ်ချန် လျှို့ဝှက်ခဲ့ကြသောအရာသည် အထင်အရှား ပေါ်လွင်လာချေပြီ(ဖြစ်၍ ယင်းကဲ့သို့ ပြောဆိုကြခြင်းသာဖြစ်သည်)။ အကယ်တန္တု ၎င်းတို့သည်(လူ့လောကသို့) ပြန်လွှတ်ခြင်းခံရပါလျှင် ၎င်းတို့အား တားမြစ်ထားသော အရာများကို မုချပြန်လည် ကျူးလွန်ကြမည် ပင်ဖြစ်သည်။ အမှန်မှာ ထိုသူများသည် မုသား ပြောဆိုသောသူများဖြစ်ကြပေသည်။
وَقَالُوا إِنْ هِيَ إِلَّا حَيَاتُنَا الدُّنْيَا وَمَا نَحْنُ بِمَبْعُوثِينَ
၎င်းပြင် ထိုသူတို့က အသက်ရှင်ခြင်းကားပစ္စက္ခမျက်မှောက်လောကီဘဝ၌ ငါတို့၏ရှင်ခြင်းသာ ဖြစ်သည်။ အမှန်သော်ကား ငါတို့သည် ရှင်ပြန်ထစေခြင်း ခံကြရမည်မဟုတ်ချေ ဟုပြောဆိုကြသည်။
وَلَوْ تَرَىٰ إِذْ وُقِفُوا عَلَىٰ رَبِّهِمْ ۚ قَالَ أَلَيْسَ هَٰذَا بِالْحَقِّ ۚ قَالُوا بَلَىٰ وَرَبِّنَا ۚ قَالَ فَذُوقُوا الْعَذَابَ بِمَا كُنْتُمْ تَكْفُرُونَ
(အို-နဗီတမန်တော်) အကယ်၍ အသင်ကြည့်သော်(ကြောက်မက်ဖွယ်အဖြစ်ကိုတွေ့မြင်ရမည်)အကြင် အခါဝယ် ၎င်းတို့သည် မိမိတို့၏အရှင်မြတ်၏ ရှေ့တော် မှောက်ဝယ်ရပ်တန့်စေခြင်းကို ခံကြရလတ္တံ့။ ယင်းအခါဝယ် ထိုအရှင်မြတ်သည် (၎င်းတို့အား) ဤ (ကိယာမတ် ရှင်ပြန်ထ မည့်နေ့)သည်အမှန်ပင်မဟုတ်ပါလောဟု မေးမြန်းတော်မူအံ့။ ထိုအခါ၎င်းတို့က ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသော အရှင်မြတ်၏ ကစမ် အဟုတ်အမှန် ဖြစ်ပါသည် ဟု ဖြေကြားလတ္တံ့။ ထိုအခါ အရှင်မြတ်က သို့ဖြစ်လျှင် အသင်တို့ သည်မယုံမကြည် ငြင်းပယ်လေ့ရှိခဲ့ကြသည့်အတွက် ပြစ်ဒဏ်ကိုမြည်းစမ်းကြလေကုန်ဟု မိန့်ကြားတော် မူမည်ဖြစ်သည်။(ရကူ)

Choose other languages: