Quran Apps in many lanuages:

Surah Al-Anaam Ayahs #133 Translated in Burmese

وَكَذَٰلِكَ نُوَلِّي بَعْضَ الظَّالِمِينَ بَعْضًا بِمَا كَانُوا يَكْسِبُونَ
၎င်းအပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းင် ကျူးကျော်စော်ကားသူများအနက် အချို့ကို အချို့အပေါ်၌၎င်းတို့၏အပြုအမူတို့ကြောင့် ကြီးစို� စေတော်မူအံ့။(တစ်နည်း။)၎င်းပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင်အချို့မတရားသောသူတို့အား အချို့ မတရားသောသူတို့နှင့်နီးကပ်စေတော်မူအံ့။ (အချို့ မတရားသောသူတို့၏အနီး၌ထားရှိတော်မူအံ့၊)
يَا مَعْشَرَ الْجِنِّ وَالْإِنْسِ أَلَمْ يَأْتِكُمْ رُسُلٌ مِنْكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي وَيُنْذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا شَهِدْنَا عَلَىٰ أَنْفُسِنَا ۖ وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا وَشَهِدُوا عَلَىٰ أَنْفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ
အို-ဂျင်(န်)နှင့်လူသတ္တဝါ အပေါင်းတို့၊ အသင်တို့ထံ အသင်တို့အနက်မှပင် ရစူလ်တမန်တော်များသည်ရောက်ရှိလာကြကာ အသင်တို့အား ငါအုရှင်မြတ်၏ အမိန့်တော်များကို ကြားနာစေခြင်းကိုလည်းကောင်း၊ အသင်တို့အားဤနေ့နှင့် ကြုံကြိုက်ကြရမည့်အကြောင်း သတိပေးနှိုးဆော်ခြင်းကိုလည်းကောင်း၊ ပြုလုပ်လေ့ရှိခဲ့ကြသည် ဟုတ်ပါလော။] (ထိုအခါ) ယင်း ဂျင်(န်)နှင့်လူသားတို့က ကျွန်တော်မျိုးတို့သည်မိမိတို့နှင့်ဆန့်ကျင်၍ပင် သက်သေခံကြပါပြီဟု လျှောက်ထားကြလတ္တံ့။ ၎င်းတို့အား ပစ္စုပ္ပန်မျက်မှောက်ဘဝ၏ အသက်ရှင်ခြင်းသည် လှည့်ဖြား၍ ထားရှိခဲ့လေသည်။ (သို့ဖြစ်ပေရာ၊၎င်းတို့သည် လောကီစည်းစိမ်တို့၌ နစ်မွန်း လျက်ရှိနေခဲ့ကြလေပြီ။) ၎င်းပြင် ထိုသူများသည် (ထိုရှင်ပြန်ထမည့်နေ့တွင်)မိမိတို့ကိုယ်နှင့်ဆန့်ကျင်၍ မိမိတို့ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူများပင်ဖြစ်ခဲ့ကြပါသည်ဟု သက်သေခံကြကုန်အံ့။
ذَٰلِكَ أَنْ لَمْ يَكُنْ رَبُّكَ مُهْلِكَ الْقُرَىٰ بِظُلْمٍ وَأَهْلُهَا غَافِلُونَ
ယင်းကဲ့သို့ ရစူလ်တမန်တော်များကို စေလွှတ်ခြင်း၏အကြောင်းမှာ အသင့်အား မွေးမြူတော် မူသောအရှင်မြတ်သည် မြို့ရွာတို့ကို ၎င်းမြို့ရွာများ၌နေထိုင်သောသူများသတိမမူ အမှတ်မဲ့ရှိနေခိုက် မတရားသဖြင့် (တစ်နည်း)မတရားမှုကြောင့် ဖျက်ဆီးလိုတော် မမူသောကြောင့်ပင်ဖြစ်ချေသတည်း။
وَلِكُلٍّ دَرَجَاتٌ مِمَّا عَمِلُوا ۚ وَمَا رَبُّكَ بِغَافِلٍ عَمَّا يَعْمَلُونَ
စင်စစ်မူကား (ဂျင်န် နှင့် လူသတ္တဝါ) အသီးသီးတို့၌၊ ၎င်းတို့၏ အပြုအမူများနှင့် လျော်ညီ စွာ အဆင့်အတန်းများသည် ရှိကြ၏။ အမှန်သော်ကား အသင့်အား မွေးမြူတော်မူသောအရှင်မြတ်သည် ၎င်းတို့၏အပြုအမူတို့ကို သတိမမူလျစ်လျူရှု တော်မူသောအရှင် မဟုတ်ချေ။
وَرَبُّكَ الْغَنِيُّ ذُو الرَّحْمَةِ ۚ إِنْ يَشَأْ يُذْهِبْكُمْ وَيَسْتَخْلِفْ مِنْ بَعْدِكُمْ مَا يَشَاءُ كَمَا أَنْشَأَكُمْ مِنْ ذُرِّيَّةِ قَوْمٍ آخَرِينَ
စင်စစ်သော်ကား၊ အသင့်အား မွေးမြူတော်မူသောအရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူပေသတည်း။အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင်အသင်တို့(အားလုံး)ကို ရုပ်သိမ်းတော်မူ၍ အသင်တို့မရှိသည့်နောက် အသင်တို့အား အခြားလူမျိုးတို့၏ သားသမီးများ(အဆက်အနွယ်)မှ ပေါက်ဖွားရှင်သန်တော်မူသကဲ့သို့ပင့် မိမိအလိုရှိတော် မူသောသူတို့အား အသင်တို့နေရာ၌ ဆက်ခံစေတော်မူအံ့။

Choose other languages: