Quran Apps in many lanuages:

Surah Al-Anaam Ayahs #136 Translated in Burmese

وَلِكُلٍّ دَرَجَاتٌ مِمَّا عَمِلُوا ۚ وَمَا رَبُّكَ بِغَافِلٍ عَمَّا يَعْمَلُونَ
စင်စစ်မူကား (ဂျင်န် နှင့် လူသတ္တဝါ) အသီးသီးတို့၌၊ ၎င်းတို့၏ အပြုအမူများနှင့် လျော်ညီ စွာ အဆင့်အတန်းများသည် ရှိကြ၏။ အမှန်သော်ကား အသင့်အား မွေးမြူတော်မူသောအရှင်မြတ်သည် ၎င်းတို့၏အပြုအမူတို့ကို သတိမမူလျစ်လျူရှု တော်မူသောအရှင် မဟုတ်ချေ။
وَرَبُّكَ الْغَنِيُّ ذُو الرَّحْمَةِ ۚ إِنْ يَشَأْ يُذْهِبْكُمْ وَيَسْتَخْلِفْ مِنْ بَعْدِكُمْ مَا يَشَاءُ كَمَا أَنْشَأَكُمْ مِنْ ذُرِّيَّةِ قَوْمٍ آخَرِينَ
စင်စစ်သော်ကား၊ အသင့်အား မွေးမြူတော်မူသောအရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူပေသတည်း။အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင်အသင်တို့(အားလုံး)ကို ရုပ်သိမ်းတော်မူ၍ အသင်တို့မရှိသည့်နောက် အသင်တို့အား အခြားလူမျိုးတို့၏ သားသမီးများ(အဆက်အနွယ်)မှ ပေါက်ဖွားရှင်သန်တော်မူသကဲ့သို့ပင့် မိမိအလိုရှိတော် မူသောသူတို့အား အသင်တို့နေရာ၌ ဆက်ခံစေတော်မူအံ့။
إِنَّ مَا تُوعَدُونَ لَآتٍ ۖ وَمَا أَنْتُمْ بِمُعْجِزِينَ
ဧကန်စင်စစ် အသင်တို့အား ကတိထားရှိပြီးဖြစ်သော [ကိယာမတ် (ခေါ်)ရှင်ပြန်ထရမည့်နေ့နှင့် ပြစ်ဒဏ်တို့သည်] မလွဲဧကန် ဆိုက်ရောက်မည်သာဖြစ်၏။ ၎င်းပြင်အသင်တို့သည်(မိမိတို့၏ပရိယာယ်ဖြင့် အလ္လာဟ်အရှင်မြတ်အား ထိုသို့)မစွမ်းဆောင်နိုင်ရန် တားဆီးနိုင်ကြသူများလည်းမဟုတ်ကြပေ။
قُلْ يَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ فَسَوْفَ تَعْلَمُونَ مَنْ تَكُونُ لَهُ عَاقِبَةُ الدَّارِ ۗ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
(အို-နဗီတမန်တော်) အသင်တို့သည် (ထိုကာဖိရ်တို့အားဤသို့)ပြောကြားပါလေ အို-ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့နည်းအတိုင်းသာ ပြုလုပ်ကြလေကုန်။ ငါသည်လည်း (မိမိနည်းလမ်းအတိုင်းပင်) ပြုလုပ်လျက်ရှိချေပြီ။ နောက်ဆုံး စိတ်�ျမ်းသာမှုသည် မည်သူတို့အဖို့ဖြစ်သည်ကို မကြာမြင့်မီ အသင်တို့သိရှိ ကြရလတ္တံ့။ ဧကန်မုချမတရားပြုကျင့်သော သူတို့သည် အလျင်းအောင်မြင်ကြလိမ့်မည်မဟုတ်ချေ။
وَجَعَلُوا لِلَّهِ مِمَّا ذَرَأَ مِنَ الْحَرْثِ وَالْأَنْعَامِ نَصِيبًا فَقَالُوا هَٰذَا لِلَّهِ بِزَعْمِهِمْ وَهَٰذَا لِشُرَكَائِنَا ۖ فَمَا كَانَ لِشُرَكَائِهِمْ فَلَا يَصِلُ إِلَى اللَّهِ ۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَائِهِمْ ۗ سَاءَ مَا يَحْكُمُونَ
၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အဖို့ ထိုအရှင်မြတ်ဖန်ဆင်း ပေါက်ရောက်စေ တော်မူသောလယ်ယာများအနက်မှလည်းကောင်း၊ ခြေလေးချောင်း သတ္တဝါများအနက်မှလည်းကောင်း၊ ဝေစုဝေပုံကို သတ်မှတ်၍ ထားရှိကြလေသည်။ တဖန် ထိုသူတို့က မိမိတို့၏ ထင်မြင်ယူဆချက်အရ ဤ(ဝေစုဝေပုံ)သည် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤ(ဝေစုဝေပုံ)သည် ငါတို့၏ကိုးကွယ်ရာများအဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ပြောဆိုကြလေသည်။တဖန် ၎င်းတို့၏ ကိုးကွယ်ရာများအဖို့ ဖြစ်သော (အစုအပုံ)သည် အလ္လာဟ်အရှင်မြတ် အတွက်ဖြစ်သော အစုအပုံများသို့ရောက်ရှိသည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အဖို့ဖြစ်သော (အစုအပုံ)မူကား ၎င်းတို့၏ ကိုးကွယ်ရာ များအဖို့ဖြစ်သော ဝေစုဝေပုံသို့ ရောက်လေ၏။ ထိုသူတို့၏ အဆုံးအဖြတ်သည် ဆိုးယုတ်လှပေ တကား။

Choose other languages: