Quran Apps in many lanuages:

Surah Al-Ahqaf Ayahs #14 Translated in Burmese

قُلْ أَرَأَيْتُمْ إِنْ كَانَ مِنْ عِنْدِ اللَّهِ وَكَفَرْتُمْ بِهِ وَشَهِدَ شَاهِدٌ مِنْ بَنِي إِسْرَائِيلَ عَلَىٰ مِثْلِهِ فَآمَنَ وَاسْتَكْبَرْتُمْ ۖ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
(အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ငါ့အား ပြောပြကြလေကုန်။ အကယ်၍ ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ် အထံတော်မှ (ထုတ်ပြန်သော) ကျမ်းဂန်ဖြစ်အံ့။သို့ရာတွင် အသင်တို့သည် ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ငြင်းပယ်လျက်ရှိအံ့။ (သို့ဖြစ်လျှင် အသင်တို့၏ အခြေအနေသည် မည်သို့ဖြစ်အံ့နည်း။) အမှန်စင်စစ်သော်ကား ယင်း ကုရ်အာန်ကျမ်းတော် ကဲ့သို့သောကျမ်းဂန်(တောင်ရာတ်)ကို အီစ်ရာအီလီအမျိုးသားတို့အနက် သက်သေတစ်ဦးသည် သက်သေခံခဲ့ပြီးနောက် သက်ဝင်ယုံကြည် ခဲ့ပြီးဖြစ်၏။ သို့ပါလျက် အသင်တို့မှာမူကား (သက်ဝင်ယုံကြည်ကြသည်မရှိ)မောက်မာ၍သာ နေခဲ့ကြကုန်၏။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။
وَقَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا لَوْ كَانَ خَيْرًا مَا سَبَقُونَا إِلَيْهِ ۚ وَإِذْ لَمْ يَهْتَدُوا بِهِ فَسَيَقُولُونَ هَٰذَا إِفْكٌ قَدِيمٌ
စင်စစ်သော်ကား သွေဖည်ငြင်းပယ်သောသူတို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သောသူတို့နှင့် ပတ်သက်၍(ဤသို့)ပြောဆိုကြကုန်၏။ အကယ်၍ ထိုကုရ်အာန်သည်ကောင်းမြတ်သော အရာတစ်စုံတစ်ခုဖြစ်ခဲ့မူ ထို ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့မှာ ငါတို့ထက်ဦးစွာ ယင်းကုရ်အာန်ကို သက်ဝင်ယုံကြည် နိုင်ကြမည်မဟုတ်ပေ။ တစ်ဖန် ၎င်းတို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ဖြင့် တရားလမ်းမှန်ကို မရခဲ့ကြသောအခါ ၎င်းတို့က ဤသည် ရှေးဟောင်းမုသားပင် ဖြစ်သည်ဟူ၍ ပြောဆိုကြကုန်၏။
وَمِنْ قَبْلِهِ كِتَابُ مُوسَىٰ إِمَامًا وَرَحْمَةً ۚ وَهَٰذَا كِتَابٌ مُصَدِّقٌ لِسَانًا عَرَبِيًّا لِيُنْذِرَ الَّذِينَ ظَلَمُوا وَبُشْرَىٰ لِلْمُحْسِنِينَ
အမှန်စင်စစ်မှာမူကား ဤကုရ်အာန်ကျမ်းတော်မြတ်အလျင် မူစာ၏ကျမ်းဂန် (တောင်ရာတ်)သည် ရှေ့ဆောင်လမ်းပြအဖြစ်လည်းကောင်း၊ ကရုဏာအဖြစ် လည်းကောင်း၊ရှိခဲ့၏။ ထို့ပြင် ဤကျမ်းဂန်မှာ(ယင်းတောင်ရာတ်ကျမ်းကို)ထောက်ခံသော ကျမ်းဂန်ဖြစ်၏။ မတရားကျူးလွန်သော (မက္ကာမြို့သား)တို့အား သတိပေးနှိုးဆော်ရန် အရဗီဘာသာစကားဖြင့် ထုတ်ပြန်ထား၏။ ၎င်းပြင် ကောင်းမှုပြုသူတို့အဖို့ သတင်းကောင်းလည်းဖြစ်၏။
إِنَّ الَّذِينَ قَالُوا رَبُّنَا اللَّهُ ثُمَّ اسْتَقَامُوا فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ဧကန်မလွဲ ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောကြပြီးနောက် (ယင်းယုံကြည်ချက်ပေါ်ဝယ်)ကြံ့ခိုင်စွာ တည်ရှိကြကုန်သောသူတို့၌ မည်သည့်စိုးရိမ်မှုလည်း ရှိလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပူပင်သောက ဖြစ်ကြရမည်လည်း မဟုတ်ပေ။
أُولَٰئِكَ أَصْحَابُ الْجَنَّةِ خَالِدِينَ فِيهَا جَزَاءً بِمَا كَانُوا يَعْمَلُونَ
ထိုသူတို့မှာ ‘ဂျန္နတ်’သုခဘုံသားများပင် ဖြစ်ကြကုန်၏။ ယင်းသုခဘုံ၌ အမြဲထာဝစဉ် နေထိုင်ကြရပေမည်။(ဤသည်) ၎င်းတို့ ကျင့်မူခဲ့ကြသော အကျင့်အမူတို့၏ အစားပေးခြင်းပင် ဖြစ်ပေသတည်း။

Choose other languages: